ဆာလံ 103:11-13
ဆာလံ 103:11-13 Judson Bible (JBMLE)
မြေကြီးပေါ်တွင် ကောင်းကင်အမြင့်ရှိသည် အတိုင်း၊ ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့၌ ကရုဏာတော်သည် အားကြီးပေ၏။ အရှေ့မျက်နှာစွန်းသည် အနောက်မျက်နှာစွန်းနှင့် ဝေးသည်အတိုင်း၊ ငါတို့အပြစ်များကို ငါတို့နှင့် ဝေးစေတော်မူ၏။ အဘသည် သားတို့ကို သနားစုံမက်သည်နည်းတူ၊ ထာဝရဘုရားသည် ကြောက်ရွံ့သောသူတို့ကို သနားစုံမက်တော်မူ၏။
ဆာလံ 103:11-13 Common Language Bible (BCL)
ကမ္ဘာမြေပြင်အထက်ရှိမိုးကောင်းကင်သည် မြင့်မားသည်နှင့်အမျှ ကိုယ်တော်ကိုကြောက်ရွံ့သူတို့အတွက်ထားရှိသော မေတ္တာတော်သည်ကြီးမားတော်မူ၏။ အရှေ့မျက်နှာစွန်းသည်အနောက်မျက်နှာ စွန်းနှင့် ဝေးကွာသကဲ့သို့ ကိုယ်တော်သည်ငါတို့အားငါတို့အပြစ်များနှင့် ဝေးကွာစေတော်မူ၏။ ဖခင်သည်သားသမီးတို့အားသနား ကြင်နာသကဲ့သို့ ထာဝရဘုရားသည်မိမိအားကြောက်ရွံ့ရိုသေ သူတို့အားသနားကြင်နာတော်မူ၏။
ဆာလံ 103:11-13 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
အကြောင်းမူကား မြေကြီးအပေါ်၌ ကောင်းကင်သည် မြင့်မားလှသည့်အတိုင်း ကိုယ်တော်ကို ကြောက်ရွံ့သောသူတို့အပေါ်၌ မေတ္တာကရုဏာတော်သည် ကြီးမားလှပေ၏။ အရှေ့အရပ်သည် အနောက်အရပ်နှင့်ဝေးကွာသည့်အတိုင်း ကိုယ်တော်သည် ငါတို့ကျူးလွန်သောအပြစ်များကို ငါတို့နှင့်ဝေးကွာစေတော်မူ၏။ ဖခင်သည် မိမိ၏သားသမီးများကို သနားစုံမက်သကဲ့သို့ ထာဝရဘုရားသည် မိမိအားကြောက်ရွံ့သောသူတို့ကို သနားစုံမက်တော်မူ၏။