YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 5:15-19

သုတ္တံ 5:15-19 Judson Bible (JBMLE)

ကိုယ်​ဆိုင်​သော ရေ​အိုး​ကို​သုံး၍၊ ကိုယ်​ရေ​တွင်း​ထဲ​က ထွက်​သော​စမ်း​ရေ​ကို သောက်​လော့။ သင်၏​စမ်း​ရေ​များ​ပြား၍၊ လမ်း​များ​အ​နား​မှာ စီး​သော​မြစ်​များ ဖြစ်​စေ​လော့။ တစ်​ပါး​အ​မျိုး​သား​နှင့် ပေါင်း​ဖက်၍ မ​ဆိုင်​စေ​ဘဲ၊ ကိုယ်​တစ်​ပါး​တည်း​သာ ဆိုင်​စေ​လော့။ သင်၏​စမ်း​ရေ​တွင်း၌ မင်္ဂ​လာ​ရှိ​စေ၍၊ အ​သက်​အ​ရွယ်​ပျို​စဉ်​ကာ​လ၊ ပေါင်း​ဖော်​သော မ​ယား​နှင့်​အ​တူ ပျော်​မွေ့​လော့။ သူ​သည် စုံ​မက်​တတ်​သော​သ​မင်​မ၊ နှစ်​လို​ဖွယ်​သော ဒ​ရယ်​မ​ကဲ့​သို့​ဖြစ်၍၊ သူ၏​သား​မြတ်​တို့​သည် သင်၏​အ​လို​ဆ​န္ဒ​ကို အ​စဉ်​ပြေ​စေ၍၊ သူ့​ကို​ချစ်​သော​စိတ်​နှင့် အ​စဉ်​ယစ်​မူး​လျက်​နေ​လော့။

သုတ္တံ 5:15-19 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင်​၏​ရေလှောင်တွင်း​ထဲမှ​ရေ​၊ သင်​၏​ရေတွင်း​ထဲမှ​ထွက်​သော​ရေ​ကို သောက်​လော့​။ သင်​၏​စမ်းရေ​များ​ကို လမ်း​ပေါ်သို့​လျှံထွက်​စေ​၍ လမ်းမ​များ​ကို ရေစီး​သော​ချောင်း​များ​ဖြစ်​စေ​ရ​သလော​။ ၎င်း​တို့​ကို သင်​တစ်ဦးတည်း​အတွက်​သာ ဖြစ်​စေ​လော့​။ သင့်​ထံ၌​ရှိ​သော​သူစိမ်း​များ​အတွက် မ​ဖြစ်​စေ​နှင့်​။ သင်​၏​စမ်းရေတွင်း​သည် မင်္ဂလာရှိ​ပါစေ​။ သင်​ပျိုရွယ်​စဉ်​ကတည်းက​ပေါင်းဖက်​ခဲ့​သော​မယား​၌ ဝမ်းမြောက်​ပါစေ​။ သူ​သည် ချစ်ဖွယ်​ကောင်း​သော​သမင်မ​၊ တင့်တယ်​သော​ဒရယ်မ​ကဲ့သို့​ဖြစ်​၏​။ သူ​၏​သားမြတ်​သည် သင့်​ကို​အစဉ်အမြဲ ကျေနပ်အားရ​စေ​၍ သူ​၏​အချစ်​၌ သင်​သည် အစဉ်မပြတ်​ယစ်မူး​ပါစေ​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။