YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 3:1-35

သုတ္တံ 3:1-35 Judson Bible (JBMLE)

ငါ့​သား၊ ငါ​ပေး​သော​တ​ရား​ကို မ​မေ့​နှင့်။ ငါ့​ပ​ညတ်​တို့​ကို သင်၏​နှ​လုံး​စောင့်​ရှောက်​ပါ​စေ။ အ​ကြောင်း​မူ​ကား၊ ပ​ညတ်​တ​ရား​သည် အ​သက်​တာ​ရှည်​သော ကာ​လ​နှစ်​ပေါင်း​များ​ကို​လည်း​ကောင်း၊ ငြိမ်​ဝပ်​ခြင်း​ကို​လည်း​ကောင်း တိုး​ပွား​စေ​လိမ့်​မည်။ က​ရု​ဏာ​တ​ရား​နှင့် သ​စ္စာ​တ​ရား​ကို သင်​နှင့်​မ​ကွာ​စေ​နှင့်။ ထို​တ​ရား​တို့​ကို သင်၏​လည်​ပင်း၌ ဆွဲ​ထား​လော့။ နှ​လုံး​အင်း​စာ​ရင်း၌ ရေး​သွင်း​လော့။ ထို​သို့​ပြု​လျှင် ဘု​ရား​သ​ခင်​ရှေ့ လူ​တို့​ရှေ့​မှာ​မျက်​နှာ​ရ၍၊ ကျေး​ဇူး​ကို​ခံ​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ကိုး​စား​လော့။ ကိုယ်​ဉာဏ်​ကို အ​မှီ​မ​ပြု​နှင့်။ သွား​လေ​ရာ​ရာ၌ ထာ​ဝ​ရ​ဘု​ရား​ကို မျက်​မှောက်​ပြု​လော့။ သို့​ပြု​လျှင်၊ သင်၏​လမ်း​ခ​ရီး​တို့​ကို ပဲ့​ပြင်​တော်​မူ​မည်။ ငါ​သည်​ပ​ညာ​ရှိ၏​ဟု ကိုယ်​ကို​မ​ထင်​နှင့်။ ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့၍ ဒု​စ​ရိုက်​ကို​ရှောင်​လော့။ သို့​ပြု​လျှင်၊ သင်၏​အ​ကြော​တို့​သည် အား​သန်၍၊ အ​ရိုး​တို့​သည် ခြင်​ဆီ​နှင့် ပြည့်​စုံ​ကြ​လိမ့်​မည်။ သင်​သည် ကိုယ်​ဥ​စ္စာ​နှင့် အ​ဦး​သီး​သော​အ​သီး​အ​နှံ​ရှိ​သ​မျှ​ကို ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​လော့။ သို့​ပြု​လျှင်၊ သင်၏​စ​ပါး​ကျီ​တို့​သည် ကြွယ်​ဝ၍၊ စ​ပျစ်​သီး​နယ်​ရာ​တန်​ဆာ​တို့​ကို အ​သစ်​သော စ​ပျစ်​ရည်​လျှံ​လိမ့်​မည်။ ငါ့​သား၊ ထာ​ဝ​ရ​ဘု​ရား​ဆုံး​မ​တော်​မူ​ခြင်း​ကို မ​မှတ်​ဘဲ​မ​နေ​နှင့်။ သင်၏​အ​ပြစ်​ကို​စစ်​ဆေး​တော်​မူ​သော​အ​ခါ စိတ်​မ​ပျက်​စေ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သည် ချစ်​တော်​မူ​သော​သူ​ကို ဆုံး​မ​တော်​မူ​တတ်၏။ နှစ်​သက်​တော်​မူ​သော​သူ​ကို ဒဏ်​ခတ်​တော်​မူ​တတ်၏။ ဉာဏ်​ပ​ညာ​ကို ရှာ၍​ရ​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ပ​ညာ​ကုန်​သွယ်​ခြင်း​သည် ငွေ​ကုန်​သွယ်​ခြင်း​ထက်​သာ၍​ကောင်း၏။ ပ​ညာ​ကုန်​သွယ်၍ ရ​သော​အ​မြတ်​လည်း ရွှေ​စင်​ထက်​သာ၍​ကောင်း၏။ ပ​ညာ​သည် ပ​တ္တ​မြား​ထက်​သာ၍ အ​ဖိုး​ထိုက်​ပေ၏။ နှစ်​သက်​ဖွယ်​သ​မျှ​သော အ​ရာ​တို့​သည် ထို​ရ​တ​နာ​ကို မ​ပြိုင်​နိုင်​ကြ။ သူ၏​လက်​ယာ​လက်၌ အ​သက်​တာ​ရှည်​သော​ကာ​လ၊ လက်​ဝဲ​လက်၌ စည်း​စိမ်​နှင့်​ဂုဏ်​အ​သ​ရေ​ရှိ၏။ ပ​ညာ​လမ်း​တို့​သည် သာ​ယာ​သော​လမ်း၊ ပ​ညာ​လမ်း​ခ​ရီး​ရှိ​သ​မျှ​တို့​သည် ငြိမ်​ဝပ်​လျက်​ရှိ​ကြ၏။ ပ​ညာ​ကို ကိုင်​ဆွဲ​သော​သူ​သည် အ​သက်​ပင်​ကို​ရ​ပြီ။ လက်​မ​လွှတ်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ပ​ညာ​တော်​အား​ဖြင့် မြေ​ကြီး​ကို​တည်၍၊ ဉာဏ်​တော်​အား​ဖြင့် မိုး​ကောင်း​ကင်​ကို ပြင်​ဆင်​တော်​မူ​ပြီ။ သိ​ပ္ပံ​အ​တတ်​တော်​အား​ဖြင့် နက်​နဲ​သော​အ​ရပ်​အက်​ကွဲ၍၊ မိုး​တိမ်​မှ​လည်း နှင်း​ရည်​ကျ​တတ်၏။ ငါ့​သား၊ ပ​ညာ​ရ​တ​နာ​နှင့် သ​မ္မာ​သ​တိ​ကို သင့်​မျက်​မှောက်​မှ မ​ကွာ​စေ​ဘဲ၊ အ​စဉ်​စောင့်​ရှောက်​လော့။ သို့​ပြု​လျှင်၊ ထို​ရ​တ​နာ​တို့​သည် သင်၏​ဝိ​ညာဉ်၌​အ​သက်၊ သင်၏​လည်​ပင်း၌ ဂုဏ်​အ​သ​ရေ​ဖြစ်​လိမ့်​မည်။ သင်​သည် ခ​ရီး​သွား​ရာ၌​ဘေး​မ​ရှိ။ ခြေ​မ​တိုက်​မိ​ဘဲ သွား​လိမ့်​မည်။ အိပ်​သော​အ​ခါ ကြောက်​စ​ရာ​မ​ရှိ​ရ။ ကောင်း​မွန်​စွာ​အိပ်​ပျော်​ရ​လိမ့်​မည်။ လျင်​မြန်​သော​ဘေး​နှင့် လူ​ဆိုး​တွေ့​တတ်​သော ပျက်​စီး​ရာ​ဘေး​ကို ကြောက်​စ​ရာ​မ​ရှိ​ရ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​ယုံ​ကြည်​ကိုး​စား​ရာ​ဖြစ်၍၊ သင်၏​ခြေ​ကို မ​ကျော့​မိ​စေ​ခြင်း​ငှာ စောင့်​မ​တော်​မူ​လိမ့်​မည်။ ကျေး​ဇူး​ကို​ခံ​သင့်​သော​သူ​တို့​အား ကျေး​ဇူး​ပြု​ရ​သော​အ​ခွင့်​ရှိ​လျှင် မ​ပြု​ဘဲ​မ​နေ​နှင့်။ အိမ်​နီး​ချင်း​ကို ပေး​စ​ရာ​ရှိ​လျက်​ပင်၊ သွား​တော့။ တစ်​ဖန်​လာ​ဦး​တော့။ နက်​ဖြန်​မှ ငါ​ပေး​မည်​ဟု မ​ပြော​နှင့်။ စိုး​ရိမ်​ခြင်း​မ​ရှိ​ဘဲ သင့်​အ​နား​မှာ​နေ​သော အိမ်​နီး​ချင်း၌ မ​ကောင်း​သော​အ​ကြံ​ကို​မ​ကြံ​နှင့်။ သင်၌​အ​ပြစ်​မ​ပြု​သော​သူ​ကို အ​ကြောင်း​မ​ရှိ​ဘဲ​ရန်​မ​တွေ့​နှင့်။ ညှဉ်း​ဆဲ​တတ်​သော​သူ၏​စည်း​စိမ်​ကို မ​တောင့်​တ​နှင့်။ သူ​လိုက်​သော လမ်း​တစ်​စုံ​တစ်​ခု​ကို​မျှ အ​လို​မ​ရှိ​နှင့်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် သ​ဘော​ကောက်​သော​သူ​တို့​ကို စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။ ဖြောင့်​မတ်​သော​သူ​တို့​မူ​ကား၊ ကိုယ်​တော်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ရ​သော​အ​ခွင့်​ရှိ​ကြ၏။ မ​တ​ရား​သော​သူ၏​နေ​ရာ​သည် ထာ​ဝ​ရ​ဘု​ရား​ကျိန်​တော်​မူ​ခြင်း​ကို တွေ့​တတ်၏။ တ​ရား​သော​သူ၏​နေ​ရာ​ကို​ကား ကောင်း​ချီး​ပေး​တော်​မူ၏။ အ​ကယ်​စင်​စစ် ကဲ့​ရဲ့​တတ်​သော​သူ​တို့​ကို ကဲ့​ရဲ့​တော်​မူ၏။ စိတ်​နှိမ့်​ချ​သော သူ​တို့​အား​ကား၊ ကျေး​ဇူး​ပြု​တော်​မူ၏။ ပ​ညာ​ရှိ​သော​သူ​တို့​သည် ဘုန်း​အ​သ​ရေ​ကို​အ​မွေ​ခံ​ရ၍၊ မိုက်​သော​သူ​တို့​မူ​ကား၊ အ​ရှက်​ကွဲ​ခြင်း​ကို ထမ်း​သွား​ရ​ကြ​လိမ့်​မည်။

သုတ္တံ 3:1-35 Common Language Bible (BCL)

ငါ့သား၊ ငါပေးသောတရားကို မမေ့နှင့်။ ငါ့ပညတ်တို့ကို သင်၏နှလုံးစောင့်ရှောက်ပါစေ။ အကြောင်းမူကား၊ ပညတ်တရားသည် အသက်တာရှည်သော ကာလနှစ်ပေါင်းများကို၎င်း၊ ငြိမ်ဝပ်ခြင်းကို ၎င်း တိုးပွါးစေလိမ့်မည်။ ကရုဏာတရားနှင့် သစ္စာတရားကို သင်နှင့် မကွာစေနှင့်။ ထိုတရားတို့ကို သင်၏လည်ပင်း၌ဆွဲထား လော့။ နှလုံးအင်းစာရင်း၌ ရေးသွင်းလော့။ ထိုသို့ပြုလျှင် ဘုရားသခင်ရှေ့လူတို့ရှေ့မှာ မျက်နှာရ၍၊ ကျေးဇူးကို ခံရလိမ့်မည်။ ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက် ပြုလော့။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော် မူမည်။ ငါသည်ပညာရှိ၏ဟု ကိုယ်ကို မထင်နှင့်။ ထာဝရဘုရားကို ကြောက်ရွံ့၍ ဒုစရိုက်ကိုရှောင်လော့။ သို့ပြုလျှင်၊ သင်၏အကြောတို့သည် အားသန်၍၊ အရိုးတို့သည် ခြင်ဆီနှင့် ပြည့်စုံကြလိမ့်မည်။ သင်သည်ကိုယ်ဥစ္စာနှင့် အဦးသီးသော အသီး အနှံရှိသမျှကို ထာဝရဘုရားအား ပူဇော်လော့။ သို့ပြုလျှင်၊ သင်၏စပါးကျီတို့သည် ကြွယ်ဝ၍၊ စပျစ်သီးနယ်ရာ တန်ဆာတို့ကို အသစ်သော စပျစ်ရည် လျှံလိမ့်မည်။ ငါ့သား၊ ထာဝရဘုရားဆုံးမတော်မူခြင်းကို မမှတ်ဘဲမနေနှင့်။ သင်၏အပြစ်ကို စစ်ဆေးတော်မူသော အခါ စိတ်မပျက်စေနှင့်။ ထာဝရဘုရားသည် ချစ်တော်မူသော သူကို ဆုံးမတော်မူတတ်၏။ နှစ်သက်တော်မူသော သူကို ဆုံးမ တော်မူတတ်၏။ ဥာဏ်ပညာကို ရှာ၍ရသောသူသည် မင်္ဂလာ ရှိ၏။ အကြောင်းမူကား၊ ပညာကုန်သွယ်ခြင်းသည် ငွေကုန်သွယ်ခြင်းထက်သာ၍ကောင်း၏။ ပညာကုန်သွယ် ၍ ရသောအမြတ်လည်း ရွှေစင်ထက် သာ၍ကောင်း၏။ ပညာသည် ပတ္တမြားထက်သာ၍ အဘိုးထိုက် ပေ၏။ နှစ်သက်ဘွယ်သမျှသော အရာတို့သည် ထိုရတနာကို မပြိုင်နိုင်ကြ။ သူ၏လက်ျာလက်၌ အသက်တာရှည်သော ကာလ၊ လက်ဝဲလက်၌ စည်းစိမ်နှင့်ဂုဏ်အသရေရှိ၏။ ပညာလမ်းတို့သည် သာယာသောလမ်း၊ ပညာ လမ်းခရီးရှိသမျှတို့သည် ငြိမ်ဝပ်လျက်ရှိကြ၏။ ပညာကို ကိုင်ဆွဲသောသူသည် အသက်ပင်ကို ရပြီ။ လက်မလွှတ်သော သူသည် မင်္ဂလာရှိ၏။ ထာဝရဘုရားသည် ပညာတော်အားဖြင့် မြေကြီးကိုတည်၍၊ ဥာဏ်တော်အားဖြင့် မိုဃ်းကောင်းကင် ကို ပြင်ဆင်တော်မူပြီ။ သိပ္ပံအတတ်တော်အားဖြင့် နက်နဲသောအရပ် အက်ကွဲ၍၊ မိုဃ်းတိမ်မှလည်း နှင်းရည်ကျတတ်၏။ ငါ့သား၊ ပညာရတနာနှင့် သမ္မာသတိကို သင့် မျက်မှောက်မှ မကွာစေဘဲ၊ အစဉ်စောင့်ရှောက်လော့။ သို့ပြုလျှင်၊ ထိုရတနာတို့သည် သင်၏ဝိညာဉ်၌ အသက်၊ သင်၏လည်ပင်း၌ ဂုဏ်အသရေဖြစ်လိမ့်မည်။ သင်သည်ခရီးသွားရာ၌ ဘေးမရှိ။ ခြေမတိုက်မိ ဘဲ သွားလိမ့်မည်။ အိပ်သောအခါ ကြောက်စရာမရှိရ။ကောင်းမွန် စွာ အိပ်ပျော်ရလိမ့်မည်။ လျင်မြန်သောဘေးနှင့် လူဆိုးတွေ့တတ်သော ပျက်စီးရာ ဘေးကို ကြောက်စရာမရှိရ။ အကြောင်းမူကား၊ ထာဝရဘုရားသည် သင်ယုံကြည်ကိုးစားရာဖြစ်၍၊ သင်၏ခြေကိုမကျော့မိ စေခြင်းငှါ စောင့်မတော်မူလိမ့်မည်။ ကျေးဇူးကိုခံသင့်သော သူတို့အား ကျေးဇူးပြုရ သော အခွင့်ရှိလျှင် မပြုဘဲမနေနှင့်။ အိမ်နီးချင်းကိုပေးစရာရှိလျက်ပင်၊ သွားတော့။ တဖန်လာဦးတော့။ နက်ဖြန်မှ ငါပေး မည်ဟု မပြောနှင့်။ စိုးရိမ်ခြင်းမရှိဘဲ သင့်အနားမှာနေသော အိမ်နီး ချင်း၌ မကောင်းသော အကြံကိုမကြံနှင့်။ သင်၌ အပြစ်မပြုသောသူကို အကြောင်းမရှိဘဲ ရန်မတွေ့ ညှဉ်းဆဲတတ်သောသူ၏ စည်းစိမ်ကိုမတောင့်တ နှင့်။ သူလိုက်သော လမ်းတစုံတခုကိုမျှ အလိုမရှိနှင့်။ အကြောင်းမူကား၊ ထာဝရဘုရားသည် သဘော ကောက်သော သူတို့ကို စက်ဆုပ်ရွံ့ရှာတော်မူ၏။ ဖြောင့် မတ်သောသူတို့မူကား၊ ကိုယ်တော်နှင့်မိဿဟာယ ဖွဲ့ရ သောအခွင့်ရှိကြ၏။ မတရားသောသူ၏ နေရာသည်ထာဝရဘုရား ကျိန်တော်မူခြင်းကို တွေ့တတ်၏။ တရားသောသူ၏ နေရာကို ကားကောင်းကြီးပေးတော်မူ၏။ အကယ်စင်စစ် ကဲ့ရဲ့တတ်သောသူတို့ကို ကဲ့ရဲ့ တော်မူ၏။ စိတ်နှိမ့်ချသော သူတို့အားကား၊ ကျေးဇူးပြု တော်မူ၏။ ပညာရှိသောသူတို့သည် ဘုန်းအသရေကို အမွေခံရ၍၊ မိုက်သောသူတို့မူကား၊ အရှက်ကွဲခြင်းကို ထမ်းသွားရကြလိမ့်မည်။

သုတ္တံ 3:1-35 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ့​သား​၊ ငါ​၏​သွန်သင်ချက်​ကို မ​မေ့လျော့​နှင့်​။ ငါ​၏​ပညတ်ချက်​တို့​ကို​လည်း သင်​၏​စိတ်နှလုံး​သည် ထိန်းသိမ်းစောင့်ရှောက်​ပါစေ​။ အကြောင်းမူကား ၎င်း​တို့​သည် အသက်ရှည်​ခြင်း​၊ အသက်တာ​၏​နှစ်ကာလ​နှင့် ငြိမ်းချမ်းမှု​ကို သင်​၌ ထပ်ဖြည့်​ပေး​လိမ့်မည်​။ မေတ္တာကရုဏာ​နှင့်​သမ္မာတရား​ကို သင့်​ထံမှ​စွန့်ခွာ​မ​သွား​စေ​နှင့်​။ ၎င်း​တို့​ကို သင်​၏​လည်ပင်း​၌​ဆွဲ​ထား​၍ သင့်​နှလုံးသား​ပြင်​၌ ရေး​ထား​လော့​။ ထိုသို့​ပြု​လျှင် သင်​သည် ဘုရားသခင်​ရှေ့​၊ လူ​တို့​ရှေ့​၌​မျက်နှာရ​၍ ကောင်း​သော​ဉာဏ်စွမ်း​နှင့်​ပြည့်စုံ​လိမ့်မည်​။ ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့ ယုံကြည်ကိုးစား​လော့​။ မိမိ​၏​အသိဉာဏ်​ကို အမှီ​မ​ပြု​နှင့်​။ သင်​ပြုမူကျင့်ကြံ​သမျှ​သော​အမှုအရာ​တို့​၌ ကိုယ်တော်​ကို မျက်မှောက်ပြု​လော့​။ သို့ပြုလျှင် ကိုယ်တော်​သည် သင်​၏​လမ်းခရီး​တို့​ကို ဖြောင့်တန်း​စေ​တော်မူ​လိမ့်မည်​။ ကိုယ့်ကိုယ်ကိုယ် ပညာရှိ​ဟု မ​ထင်မြင်​နှင့်​။ ထာဝရဘုရား​ကို​ကြောက်ရွံ့​၍ မကောင်းမှု​မှ​ဖယ်ခွာ​လော့​။ ထိုသို့​ပြု​ခြင်း​သည် သင်​၏​ကိုယ်ခန္ဓာ​ကို ကျန်းမာ​စေ​၍ သင်​၏​အရိုး​တို့​ကို သန်စွမ်း​စေ​လိမ့်မည်​။ သင်​၏​စည်းစိမ်ဥစ္စာ​နှင့် သင်​ရရှိ​သမျှ​သော​အသီးအနှံ​၏​အသီးဦး​ဖြင့် ထာဝရဘုရား​ကို​ဂုဏ်ပြုချီးမွမ်း​လော့​။ သို့ပြုလျှင် သင်​၏​ကျီ​တို့​သည် ပြည့်နှက်​လျှံကျ​လျက် သင်​၏​စပျစ်သီးနယ်ရာကျင်း​တို့​သည်​လည်း စပျစ်ဝိုင်​အသစ်​နှင့် ပြည့်လျှံ​လိမ့်မည်​။ ငါ့​သား​၊ ထာဝရဘုရား​၏​ဆုံးမပဲ့ပြင်​တော်မူ​ခြင်း​ကို အလေးမထား​ဘဲ​မ​နေ​နှင့်​။ ကိုယ်တော်​၏​ဆိုဆုံးမ​ခြင်း​ကို​ခံရ​သောအခါ​၌​လည်း စိတ်​မ​ပျက်​နှင့်​။ အကြောင်းမူကား ဖခင်​သည် နှစ်သက်​သော​သား​ကို ဆုံးမ​တတ်​သကဲ့သို့ ထာဝရဘုရား​သည် ချစ်​တော်မူ​သော​သူ​ကို ဆုံးမ​တော်မူ​၏​။ ဉာဏ်ပညာ​ကို​တွေ့ရှိ​သော​သူ​နှင့် ထိုးထွင်းဉာဏ်​ကို​ရရှိ​သော​သူ​သည် မင်္ဂလာ​ရှိ​၏​။ အကြောင်းမူကား ဉာဏ်ပညာ​မှ​ရရှိ​သော​အကျိုးအမြတ်​သည် ငွေ​မှ​ရရှိ​သော​အကျိုးအမြတ်​ထက် ပို၍​ကောင်း​၏​။ ၎င်း​၏​အမြတ်အစွန်း​သည်​လည်း ရွှေ​ထက် ပို၍​ကောင်း​၏​။ ဉာဏ်ပညာ​သည် ပတ္တမြား​ထက်​အဖိုးတန်​၍ သင်​နှစ်သက်​သော​မည်သည့်​အရာ​နှင့်​မျှ နှိုင်းယှဉ်​၍​မ​ရ​နိုင်​။ ၎င်း​၏​လက်ယာ​လက်​၌ အသက်​ရှည်​ခြင်း​၊ လက်ဝဲ​လက်​၌ ဓနဥစ္စာ​နှင့် ဂုဏ်သရေ​ရှိ​၏​။ ဉာဏ်ပညာ​၏​လမ်း​များ​သည် နှစ်လို​ဖွယ်​သော​လမ်း​များ​ဖြစ်​ကြ​ပြီး ၎င်း​၏​လမ်းခရီး​ရှိသမျှ​တို့​သည် ငြိမ်းချမ်း​ကြ​၏​။ ဉာဏ်ပညာ​သည် ၎င်း​ကို​ဆုပ်ကိုင်​ထား​သော သူ​တို့​အတွက် အသက်​ပင်​သဖွယ်​ဖြစ်​၏​။ ၎င်း​ကို​စွဲကိုင်​ထား​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏​။ ထာဝရဘုရား​သည် ဉာဏ်ပညာ​အားဖြင့် မြေကြီး​ကို​တည်​၍ ထိုးထွင်းဉာဏ်​အားဖြင့် ကောင်းကင်​ကို မြဲမြံ​စေ​တော်မူ​၏​။ ကိုယ်တော်​၏​အသိပညာ​ဖြင့် နက်ရှိုင်း​ရာ​အရပ်​တို့​သည် ပေါက်ထွက် ၍ မိုးတိမ်​တို့​သည် နှင်း​ကို​တဖွဲဖွဲကျ​စေ​၏​။ ငါ့​သား​၊ မှန်ကန်​ပြည့်စုံ​သော​ဉာဏ်​နှင့် အလိမ္မာဉာဏ်​ကို​ထိန်းသိမ်းစောင့်ရှောက်​လော့​။ ၎င်း​တို့​ကို သင်​၏​မျက်မှောက်​မှ မ​ကွာ​စေ​နှင့်​။ သို့ပြုလျှင် ၎င်း​တို့​သည် သင်​၏​စိတ်ဝိညာဉ်​အတွက် အသက်​ဖြစ်​ပြီး သင်​၏​လည်ပင်း​အတွက် တင့်တယ်​သော​တန်ဆာ​ဖြစ်​လိမ့်မည်​။ ထိုအခါ သင်​သည် သင်​၏​လမ်းခရီး​တွင် ဘေးကင်းလုံခြုံ​စွာ​သွားလာ​ရ​၍ သင်​၏​ခြေ​သည် ခလုတ်တိုက်​လိမ့်မည်​မ​ဟုတ်​။ သင်​အိပ်​သောအခါ ကြောက်ရွံ့​ခြင်း​မ​ရှိ​ရ​။ သင်​အိပ်​သောအခါ နှစ်ခြိုက်​စွာ​အိပ်စက်​ရ​လိမ့်မည်​။ ရုတ်တရက်​ကျရောက်​တတ်​သော ကြောက်မက်ဖွယ်ဘေး​ကို​လည်းကောင်း​၊ ဆိုးယုတ်​သော​သူ​တို့​အပေါ်​ကျရောက်​တတ်​သော ဖျက်ဆီး​ခြင်း​ဘေး​ကို​လည်းကောင်း ကြောက်ရွံ့​ခြင်း​မ​ရှိ​နှင့်​။ အကြောင်းမူကား ထာဝရဘုရား​သည် သင်​ယုံကြည်အားထား​ရာ​ဖြစ်​၍ သင်​၏​ခြေ​ကို ကျော့ကွင်း​၌​မ​မိ​စေရန် စောင့်ထိန်း​တော်မူ​လိမ့်မည်​။ သင့်​လက်​ထဲ၌ ကောင်းကျိုး​ပြု​နိုင်စွမ်း​ရှိ​လျက်​နှင့် ထို​ကောင်းကျိုး​ကို​ခံထိုက်​သော​သူ​တို့​အား မပြု​ပေး​ဘဲ​မ​နေ​နှင့်​။ သင်​၌​အဆင်သင့်​ရှိ​လျက်​နှင့် သင်​၏​အိမ်နီးချင်း​အား “​သွား​လော့​။ နောက်တစ်ဖန်​ပြန်လာ​လော့​။ မနက်ဖြန်​မှ ငါ​ပေး​မည်​”​ဟု မ​ပြော​နှင့်​။ သင့်​အနီး​တွင် ဘေးကင်းလုံခြုံ​စွာ​နေထိုင်​သော သင်​၏​အိမ်နီးချင်း​အပေါ် မကောင်းမှု​ပြု​ရန် တွေးတော​ကြံစည်​ခြင်း​မ​ရှိ​နှင့်​။ သင့်​အပေါ် မကောင်းမှု​မ​ပြု​သော​သူ​ကို အကြောင်းမဲ့​ရန်​မ​တွေ့​နှင့်​။ ရက်စက်ကြမ်းကြုတ်​သော​သူ​ကို​မ​ငြူစူ​နှင့်​။ သူ​ပြုမူကျင့်ကြံ​သော​အမှုအရာ​တစ်စုံတစ်ခု​ကို​မျှ မ​ရွေးချယ်​နှင့်​။ အကြောင်းမူကား သွေဖည်​လွဲမှား​သော​သူ​တို့​ကို ထာဝရဘုရား​စက်ဆုပ်ရွံရှာ​တော်မူ​၏​။ ဖြောင့်မှန်​သော​သူ​တို့​နှင့်​ကား ရင်းနှီးကျွမ်းဝင်​တော်မူ​၏​။ ထာဝရဘုရား​၏​ကျိန်​ခြင်း​သည် ဆိုးယုတ်​သော​သူ​၏​အိမ်​ပေါ်သို့​သက်ရောက်​၏​။ သို့သော် ကိုယ်တော်​သည် ဖြောင့်မတ်​သော​သူ​တို့​၏​အိမ်​ကို ကောင်းချီးပေး​တော်မူ​၏​။ ကိုယ်တော်​သည် ပြက်ရယ်​ပြု​တတ်​သော​သူ​တို့​ကို ပြက်ရယ်​ပြု​တော်မူ​၏​။ စိတ်နှိမ့်ချ​သော​သူ​တို့​ကို​ကား ကျေးဇူး​တော်​ခံစား​စေ​တော်မူ​၏​။ ပညာရှိ​သော​သူ​တို့​သည် ဂုဏ်သရေ​ကို အမွေဆက်ခံ​ရ​ကြ​လိမ့်မည်​။ မိုက်မဲ​သော​သူ​တို့​မူကား အရှက်ကွဲ​ကြ​ရ​လိမ့်မည်​။