YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 2:10-15

သုတ္တံ 2:10-15 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဉာဏ်ပညာ​သည် သင်​၏​စိတ်နှလုံး​ထဲသို့​ဝင်​၍ အသိပညာ​သည် သင်​၏​စိတ်ဝိညာဉ်​ကို ရွှင်လန်း​ဝမ်းမြောက်​စေ​သောအခါ အလိမ္မာဉာဏ်​သည် သင့်​ကို​စောင့်ရှောက်​၍ ထိုးထွင်းဉာဏ်​သည် သင့်​ကို​ကာကွယ်​သဖြင့် မကောင်း​သော​လမ်း​မှ​လည်းကောင်း​၊ ဖောက်ပြန်လွဲမှား​သော​အရာ​တို့​ကို ပြောဆို​တတ်​သော​သူ​တို့​၏​လက်​မှ​လည်းကောင်း သင့်​ကို​ကယ်နုတ်​လိမ့်မည်​။ သူ​တို့​သည် ဖြောင့်မှန်​သော​လမ်းစဉ်​တို့​ကို​စွန့်ပယ်​၍ မှောင်မိုက်​သော​လမ်း​တို့​၌ လျှောက်လှမ်း​သော​သူ​များ​၊ မကောင်းမှု​ပြု​ခြင်း​၌​ဝမ်းမြောက်​၍ ဖောက်ပြန်လွဲမှား​သော​မကောင်းမှု​၌ ပျော်မွေ့​သော​သူ​များ​၊ ကွေ့ကောက်​သော​လမ်းစဉ်​နှင့် သွေဖည်​လွဲမှား​သော​လမ်း​တို့​ကို​လိုက်​သော​သူ​များ​ဖြစ်​ကြ​၏​။