YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 14:26-35

သုတ္တံ 14:26-35 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း​သည် အား​ကြီး​သော ကိုး​စား​ရာ​အ​ခွင့်​ကို ဖြစ်​စေ​တတ်၏။ သား​တော်​တို့​သည်​လည်း၊ ခို​လှုံ​ရာ​အ​ရပ်​ကို ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​သည် အ​သေ​ခံ​ရာ​ကျော့​ကွင်း​တို့​မှ လွှဲ​ရှောင်​ရာ အ​သက်​စမ်း​ရေ​တွင်း​ဖြစ်၏။ ပြည်​သား​များ​ပြား​ရာ၌ ရှင်​ဘု​ရင်၏​ဘုန်း​တော်​တည်၏။ ပြည်​သား​နည်း​ပါး​ရာ၌​ကား၊ မင်း​အ​ကျိုး​နည်း​ခြင်း​ရှိ၏။ စိတ်​ရှည်​သော​သူ​သည် ပ​ညာ​ကြီး၏။ စိတ်​တို​သော​သူ​မူ​ကား၊ အ​ထူး​သ​ဖြင့် မိုက်​ပေ၏။ ကျန်း​မာ​သော​နှ​လုံး​သည် ကိုယ်​အ​သက်​ရှင်​စေ​သော​အ​ကြောင်း၊ ငြူ​စူ​သော​သ​ဘော​မူ​ကား၊ အ​ရိုး​ဆွေး​မြေ့​ခြင်း​အ​ကြောင်း ဖြစ်၏။ ဆင်း​ရဲ​သား​တို့​ကို ညှဉ်း​ဆဲ​သော​သူ​သည် ဖန်​ဆင်း​တော်​မူ​သော​ဘု​ရား​ကို ကဲ့​ရဲ့၏။ ဘု​ရား​ကို​ရို​သေ​သော​သူ​မူ​ကား၊ ဆင်း​ရဲ​သော​သူ​တို့​ကို သ​နား​တတ်၏။ မ​တ​ရား​သော​သူ​သည် မ​တ​ရား​သ​ဖြင့် ပြု​စဉ်​အ​ခါ၊ လှဲ​ခြင်း​ကို​ခံ​ရ၏။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ သေ​သော​အ​ခါ၌​ပင် မျှော်​လင့်​စ​ရာ​ရှိ၏။ ဉာဏ်​ရှိ​သော​သူ၏​နှ​လုံး၌ ပ​ညာ​ကျိန်း​ဝပ်​တတ်၏။ မိုက်​သော​သူ​တို့၏​အ​ထဲ၌ ရှိ​သော​အ​ရာ​မူ​ကား၊ ထင်​ရှား​တတ်၏။ ဖြောင့်​မတ်​ခြင်း​တ​ရား​သည် ပြည်​သား​တို့​ကို ချီး​မြှောက်​တတ်၏။ ဒု​စ​ရိုက်​အ​ပြစ်​မူ​ကား၊ ပြည်​သား​များ​တို့​ကို ရှုတ်​ချ​တတ်၏။ ပ​ညာ​ရှိ​သော​ကျွန်​အား ရှင်​ဘု​ရင်​သည် ကျေး​ဇူး​ပြု​တတ်၏။ အ​ရှက်​ခွဲ​တတ်​သော​ကျွန်​မူ​ကား၊ အ​မျက်​တော်​ကို ခံ​ရ​မည်။

သုတ္တံ 14:26-35 Common Language Bible (BCL)

ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် အားကြီး သော ကိုးစားရာအခွင့်ကိုဖြစ်စေတတ်၏။ သားတော်တို့ သည်လည်း ၊ ခိုလှုံရာအရပ်ကို ရကြလိမ့်မည်။ ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် အသေခံရာ ကျော့ကွင်းတို့မှ လွှဲရှောင်ရာအသက် စမ်းရေ တွင်းဖြစ်၏။ ပြည်သားများပြားရာ၌ ရှင်ဘုရင်၏ဘုန်းတော် တည်၏။ ပြည်သားနည်းပါးရာ၌ကား၊ မင်းအကျိုးနည်း ခြင်းရှိ၏။ စိတ်ရှည်သောသူသည် ပညာကြီး၏။ စိတ်တို သောသူမူကား၊ အထူးသဖြင့် မိုက်ပေ၏။ ကျန်းမာသောနှလုံးသည် ကိုယ်အသက်ရှင်စေ သောအကြောင်း၊ ငြူစူသော သဘောမူကား၊ အရိုး ဆွေးမြေ့ခြင်းအကြောင်းဖြစ်၏။ ဆင်းရဲသားတို့ကို ညှဉ်းဆဲသောသူသည် ဖန် ဆင်းတော်မူသော ဘုရားကိုကဲ့ရဲ့၏။ ဘုရားကို ရိုသေ သောသူမူကား၊ ဆင်းရဲသောသူတို့ကို သနားတတ်၏။ မတရားသောသူသည် မတရားသဖြင့် ပြုစဉ် အခါ၊ လှဲခြင်းကို ခံရ၏။ ဖြောင့်မတ်သောသူမူကား၊ သေသောအခါ၌ပင် မြော်လင့်စရာရှိ၏။ ဥာဏ်ရှိသောသူ၏ နှလုံး၌ပညာကျိန်းဝပ်တတ် ၏။ မိုက်သောသူတို့၏အထဲ၌ ရှိသောအရာမူကား၊ ထင်ရှားတတ်၏။ ဖြောင့်မတ်ခြင်းတရားသည် ပြည်သားတို့ကို ချီးမြှောက်တတ်၏။ ဒုစရိုက်အပြစ်မူကား၊ ပြည်သားများ တို့ကို ရှုတ်ချတတ်၏။ ပညာရှိသော အကျွန်အားရှင်ဘုရင်သည် ကျေးဇူးပြုတတ်၏။ အရှက်ခွဲတတ်သော ကျွန်မူကား၊ အမျက်တော်ကို ခံရမည်။

သုတ္တံ 14:26-35 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​ကို​ကြောက်ရွံ့​သော​သူ​၌ တန်ခိုးကြီး​သော​ကိုးစား​ရာ​ရှိ​၍ ၎င်း​သည် သူ​၏​သားသမီး​တို့​အတွက် ခိုလှုံ​ရာ​ဖြစ်​လိမ့်မည်​။ ထာဝရဘုရား​ကို​ကြောက်ရွံ့​ခြင်း​သည် အသက်​စမ်းရေတွင်း​ဖြစ်​၍ သေ​ခြင်း​၏​ထောင်ချောက်​များ​မှ ဖယ်ခွာ​စေ​တတ်​၏​။ ပြည်သူပြည်သား​များပြားခြင်း​သည် ရှင်ဘုရင်​အတွက် အသရေ​ဖြစ်​၏​။ တိုင်းသူပြည်သား​မ​ရှိ​ခြင်း​မူကား အုပ်ချုပ်သူ​အတွက် ပျက်စီး​ခြင်း​အကြောင်း​ဖြစ်​၏​။ စိတ်ရှည်​သော​သူ​၌ ကြီးမား​သော​ထိုးထွင်းဉာဏ်​ရှိ​၏​။ စိတ်တို​သော​သူ​မူကား မိုက်မဲမှု​ကို​ချီးမြှောက်​တတ်​၏​။ တည်ငြိမ်​သော​စိတ်နှလုံး​သည် ကိုယ်ခန္ဓာ​၏​အသက်​ဖြစ်​၏​။ မနာလိုဝန်တို​ခြင်း​မူကား အရိုး​တို့​ကို​ဆွေးမြည့်​စေ​တတ်​၏​။ ဆင်းရဲ​သော​သူ​ကို နှိပ်စက်​သော​သူ​သည် သူ​၏​ဖန်ဆင်းရှင်​ကို စော်ကား​သော​သူ​ဖြစ်​၏​။ နွမ်းပါး​သော​သူ​ကို သနား​သော​သူ​မူကား ကိုယ်တော်​ကို ရိုသေလေးမြတ်​သော​သူ​ဖြစ်​၏​။ ဆိုးယုတ်​သော​သူ​သည် မိမိ​ပြု​သော​မကောင်းမှု​ထဲ၌ လဲကျ​လိမ့်မည်​။ ဖြောင့်မတ်​သော​သူ​မူကား သူ​၏​သေ​ခြင်း​ထဲ၌ပင် ခိုလှုံ​ရာ​ကို​တွေ့​လိမ့်မည်​။ ဉာဏ်ပညာ​သည် အသိဉာဏ်​ရှိ​သော​သူ​၏ စိတ်နှလုံး​ထဲ၌ ကိန်းဝပ်​၍ မိုက်မဲ​သော​သူ​တို့​၏​အလယ်​၌​ပင် ကိုယ့်ကိုယ်ကိုယ်​ဖော်ပြ​တတ်​၏​။ ဖြောင့်မတ်​ခြင်း​သည် တိုင်းပြည်​ကို​ချီးမြှောက်​တတ်​၏​။ အပြစ်​မူကား တိုင်းသူပြည်သား​တို့​ကို အရှက်ကွဲ​စေ​တတ်​၏​။ ပညာသတိ​ရှိ​သော​အစေအပါး​ကို ရှင်ဘုရင်​နှစ်သက်​တတ်​၏​။ အရှက်ကွဲ​စေ​သော​သူ​အပေါ်​၌​မူကား အမျက်​တော်​သက်ရောက်​တတ်​၏​။