YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 13:1-25

သုတ္တံ 13:1-25 Judson Bible (JBMLE)

ပ​ညာ​ရှိ​သော​သား​သည် အ​ဘ၏​သွန်​သင်​ခြင်း​ကို နား​ထောင်​တတ်၏။ မ​ထီ​မဲ့​မြင်​ပြု​သော​သား​မူ​ကား၊ အ​ပြစ်​တင်​ခြင်း​ကို နား​မ​ထောင်​တတ်။ လူ​သည် မိ​မိ​နှုတ်၏​အ​သီး​တည်း​ဟူ​သော ကောင်း​သော​အ​ရာ​ကို စား​ရ၏။ ပြစ်​မှား​တတ်​သော​သူ​မူ​ကား၊ ညှဉ်း​ဆဲ​ခြင်း​အ​ပြစ်၏ အ​သီး​ကို​စား​ရ၏။ မိ​မိ​နှုတ်​ကို​စောင့်​သော​သူ​သည် မိ​မိ​အ​သက်​ကို​စောင့်၏။ မိ​မိ​နှုတ်​ကို​ကျယ်​ကျယ်​ဖွင့်​သော​သူ​မူ​ကား၊ ပျက်​စီး​ခြင်း​သို့ ရောက်​တတ်၏။ ပျင်း​ရိ​သော​သူ​သည် အ​ဘယ်​အ​ရာ​ကို​မျှ တောင့်​တ၍​မ​ရ​တတ်။ လုံ့​လ​ဝိ​ရိ​ယ​ပြု​သော​သူ​မူ​ကား၊ မိ​မိ​အ​လို​ဆ​န္ဒ ပြည့်​စုံ​ရ၏။ ဖြောင့်​မတ်​သော​သူ​သည် မု​သား​စ​ကား​ကို​မုန်း​တတ်၏။ မ​တ​ရား​သော​သူ​မူ​ကား၊ စက်​ဆုပ်​ဖွယ်​ဖြစ်၍၊ အ​ရှက်​ကွဲ​ခြင်း​သို့ ရောက်​တတ်၏။ ဖြောင့်​မတ်​ခြင်း​တ​ရား​သည် လမ်း​မ​လွှဲ​သော​သူ​ကို စောင့်​တတ်၏။ ဒု​စ​ရိုက်​တ​ရား​မူ​ကား၊ အ​ပြစ်​ရှိ​သော​သူ​ကို လှဲ​တတ်၏။ အ​လွန်​ဆင်း​ရဲ​လျက်​နှင့် ရ​တတ်​ဟန်​ဆောင်​သော​သူ​ရှိ၏။ အ​လွန်​ရ​တတ်​လျက်​နှင့် ဆင်း​ရဲ​ဟန်​ဆောင်​သော​သူ​လည်း​ရှိ၏။ စည်း​စိမ်​သည် ရ​တတ်​သော​သူ၏ အ​သက်​ကို ရွေး​ဖို့​ဖြစ်၏။ ဆင်း​ရဲ​သော​သူ​မူ​ကား၊ အ​ပြစ်​တင်​သော​စ​ကား​ကို မ​ကြား​ဘဲ​နေ၏။ ဖြောင့်​မတ်​သော​သူ၏​အ​လင်း​သည် ရွှင်​လန်း၏။ မ​တ​ရား​သော​သူ၏​မီး​ခွက်​မူ​ကား၊ သေ​ရ​လိမ့်​မည်။ မာ​န​ကြောင့်​သာ ရန်​တွေ့​ခြင်း​ဖြစ်၏။ သ​တိ​ပေး​သော​စ​ကား​ကို နား​ခံ​သော​သူ​မူ​ကား ပ​ညာ​ရှိ၏။ လျှပ်​ပေါ်​ခြင်း​အား​ဖြင့် ဥ​စ္စာ​သည်​လျော့​တတ်၏။ ကြိုး​စား​အား​ထုတ်၍ ဆည်း​ပူး​သော​သူ၏​ဥ​စ္စာ​မူ​ကား၊ ပြန့်​ပွား​တတ်၏။ မျှော်​လင့်​သော​အ​ရာ​သည် ဖင့်​နွှဲ​လျှင်၊ စိတ်​နှ​လုံး​ကို ပူ​ပန်​စေ​တတ်၏။ အ​လို​ပြည့်​စုံ​သော​အ​ခါ​မူ​ကား အ​သက်​ပင်​ဖြစ်၏။ နှုတ်​က​ပတ်​တော်​ကို မ​ထီ​မဲ့​မြင်​ပြု​သော​သူ​သည် ပျက်​စီး​လိမ့်​မည်။ ပ​ညတ်​တ​ရား​တော်​ကို ခန့်​ညား​သော​သူ​မူ​ကား၊ ချမ်း​သာ​ရ​လိမ့်​မည်။ ပ​ညာ​ရှိ​သော​သူ၏​တ​ရား​သည် အ​သေ​ခံ​ရာ​ကျော့​ကွင်း​တို့​မှ၊ လွှဲ​ရှောင်​ရာ အ​သက်​စမ်း​ရေ​တွင်း​ဖြစ်၏။ ကောင်း​သော​ဉာဏ်​ရှိ​သော​သူ​သည် မျက်​နှာ​ရ​တတ်၏။ ပြစ်​မှား​သော​သူ​တို့ လမ်း​မူ​ကား၊ ခက်​သော​လမ်း​ဖြစ်၏။ သ​မ္မာ​သ​တိ​ရှိ​သော​သူ​အ​ပေါင်း​တို့​သည် ပ​ညာ​အ​တတ်​နှင့် ပြု​မူ​တတ်​ကြ၏။ မိုက်​သော​သူ​မူ​ကား၊ မိ​မိ​မိုက်​သော အ​ပြစ်​ကို ထင်​ရှား​စေ​တတ်၏။ မ​တ​ရား​သော​အ​စေ​ခံ​သည် မိ​မိ​စောင့်​သော​အ​မှု​ကို ဖျက်​တတ်၏။ သ​စ္စာ​ရှိ​သော​သံ​တ​မန်​မူ​ကား၊ ကျန်း​မာ​ခြင်း​အ​ကြောင်း ဖြစ်၏။ သွန်​သင်​ခြင်း​ကို ငြင်း​ပယ်​သော​သူ​သည် ဆင်း​ရဲ​ခြင်း​နှင့် ရှက်​ကြောက်​ခြင်း​သို့ ရောက်​လိမ့်​မည်။ ဆုံး​မ​သော​စ​ကား​ကို နား​ထောင်​သော​သူ​မူ​ကား၊ ဂုဏ်​အ​သ​ရေ​ကို ရ​လိမ့်​မည်။ အ​လို​ဆ​န္ဒ​ပြည့်​စုံ​ခြင်း​အ​ရာ​သည် ချို​မြိန်၏။ ဒု​စ​ရိုက်​ကို ရှောင်​သော​အ​ရာ​မူ​ကား၊ မိုက်​သော​သူ​တို့ စက်​ဆုပ်​သော​အ​ရာ​ဖြစ်၏။ ပ​ညာ​ရှိ​တို့​နှင့် ပေါင်း​ဖော်​သော​သူ​သည် ပ​ညာ​ရှိ​တတ်၏။ လူ​မိုက်​တို့​နှင့် ပေါင်း​ဖော်​သော​သူ​မူ​ကား၊ ပျက်​စီး​တတ်၏။ အ​ပြစ်​ရှိ​သော​သူ​တို့​ကို ဘေး​လိုက်​တတ်၏။ ဖြောင့်​မတ်​သော​သူ​တို့​မူ​ကား၊ ကောင်း​သော​အ​ကျိုး​ကို ခံ​ရ​လိမ့်​မည်။ သူ​တော်​ကောင်း​သည် သား​မြေး​တို့​အ​ဖို့ အ​မွေ​ဥ​စ္စာ​ကို​ချန်​ထား​တတ်၏။ အ​ပြစ်​ရှိ​သော​သူ၏ စည်း​စိမ်​မူ​ကား၊ ဖြောင့်​မတ်​သော​သူ​တို့​အ​ဖို့ သို​ထား​လျက်​ရှိ၏။ ဆင်း​ရဲ​သား လယ်​လုပ်​ခြင်း​အား​ဖြင့် စား​စ​ရာ​ပွား​များ၏။ သို့​ရာ​တွင်၊ မ​တ​ရား​သော​အ​မှု​ကြောင့် ပျက်​စီး​ခြင်း​သို့ ရောက်​တတ်၏။ ကြိမ်​လုံး​ကို မ​သုံး​သော​သူ​သည် မိ​မိ​သား​ကို မုန်း​ရာ​သို့​ရောက်၏။ သား​ကို​ချစ်​သော​သူ​မူ​ကား၊ ငယ်​သော​အ​ရွယ်​မှ​စ၍ ဆုံး​မ​တတ်၏။ ဖြောင့်​မတ်​သော​သူ​သည် ဝ​စွာ​စား​ရ​သော အ​ခွင့်​ရှိ၏။ မ​တ​ရား​သော​သူ​မူ​ကား၊ မွတ်​သိပ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။

သုတ္တံ 13:1-25 Common Language Bible (BCL)

ပညာရှိသောသားသည် အဘ၏သွန်သင်ခြင်း ကို နားထောင်တတ်၏။ မထီမဲ့မြင်ပြုသောသားမူကား၊ အပြစ်တင်ခြင်းကို နားမထောင်တတ်။ လူသည် မိမိနှုတ်၏အသီးတည်းဟူသော ကောင်းသောအရာကို စားရ၏။ ပြစ်မှားတတ်သော သူမူ ကား၊ ညှဉ်းဆဲခြင်းအပြစ်၏အသီးကို စားရ၏။ မိမိနှုတ်ကိုစောင့်သောသူသည် မိမိအသက်ကို စောင့်၏။ မိမိနှုတ်ကို ကျယ်ကျယ်ဖွင့်သောသူမူကား၊ ပျက်စီးခြင်းသို့ရောက်တတ်၏။ ပျင်းရိသောသူသည် အဘယ်အရာကိုမျှ တောင့် တ၍ မရတတ်။ လုံ့လဝိရိယပြုသောသူမူကား၊ မိမိအလို ဆန္ဒပြည့်စုံရ၏။ ဖြောင့်မတ်သောသူသည် မုသာစကားကို မုန်း တတ်၏။ မတရားသောသူမူကား၊ စက်ဆုပ်ဘွယ်ဖြစ်၍၊ အရှက်ကွဲခြင်းသို့ ရောက်တတ်၏။ ဖြောင့်မတ်ခြင်းတရားသည် လမ်းမလွှဲသော သူကိုစောင့်တတ်၏။ ဒုစရိုက်တရားမူကား၊ အပြစ်ရှိသော သူကိုလှဲတတ်၏။ အလွန်ဆင်းရဲလျက်နှင့် ရတတ်ဟန်ဆောင် သော သူရှိ၏။ အလွန်ရတတ်လျက်နှင့် ဆင်းရဲဟန် ဆောင်သောသူလည်းရှိ၏။ စည်းစိမ်သည် ရတတ်သောသူ၏အသက်ကို ရွေးဘို့ဖြစ်၏။ ဆင်းရဲသောသူမူကား၊ အပြစ်တင်သော စကားကို မကြားဘဲနေ၏။ ဖြောင့်မတ်သော သူ၏အလင်းသည် ရွှင်လန်း ၏။ မတရားသော သူ၏မီးခွက်မူကား၊ သေရလိမ့်မည်။ မာနကြောင့်သာ ရန်တွေ့ခြင်းဖြစ်၏။ သတိပေး သော စကားကို နားခံသောသူမူကား ပညာရှိ၏။ လျှပ်ပေါ်ခြင်းအားဖြင့် ဥစ္စာသည်လျော့တတ် ၏။ ကြိုးစားအား ထုတ်၍ဆည်းဖူးသော သူ၏ဥစ္စာမူကား၊ ပြန့်ပွားတတ်၏။ မြော်လင့်သောအရာသည် ဖင့်နွဲလျှင်၊ စိတ်နှလုံး ကို ပူပန်စေတတ်၏။ အလိုပြည့်စုံသောအခါမူကား အသက်ပင်ဖြစ်၏။ နှုတ်ကပတ်တော်ကို မထီမဲ့မြင်ပြုသောသူသည် ပျက်စီးလိမ့်မည်။ ပညတ်တရားတော်ကိုခန့်ညားသော သူမူကား၊ ချမ်းသာရလိမ့်မည်။ ပညာရှိသောသူ၏တရားသည် အသေခံရာ ကျော့ကွင်းတို့မှ၊ လွှဲရှောင်ရာအသက်စမ်းရေတွင်းဖြစ်၏။ ကောင်းသောဥာဏ်ရှိသောသူသည် မျက်နှာ ရတတ်၏။ ပြစ်မှားသော သူတို့လမ်းမူကား၊ ခက်သော လမ်းဖြစ်၏။ သမ္မာသတိရှိသော သူအပေါင်းတို့သည် ပညာ အတတ်နှင့်ပြုမူတတ်ကြ၏။ မိုက်သောသူမူကား၊ မိမိမိုက် သော အပြစ်ကို ထင်ရှားစေတတ်၏။ မတရားသောအစေခံသည် မိမိစောင့်သောအမှု ကို ဖျက်တတ်၏။သစ္စာရှိသော သံတမန်မူကား၊ ကျန်းမာ ခြင်းအကြောင်းဖြစ်၏။ သွန်သင်ခြင်းကို ငြင်းပယ်သောသူသည် ဆင်းရဲ ခြင်းနှင့်ရှက်ကြောက်ခြင်းသို့ ရောက်လိမ့်မည်။ ဆုံးမသော စကားကို နားထောင်သော သူမူကား၊ ဂုဏ်အသရေကို ရလိမ့်မည်။ အလိုဆန္ဒပြည့်စုံခြင်းအရာသည် ချိုမြိန်၏။ ဒုစရိုက်ကို ရှောင်သောအရာမူကား၊ မိုက်သောသူတို့ စက်ဆုပ်သော အရာဖြစ်၏။ ပညာရှိတို့နှင့်ပေါင်းဘော်သောသူသည် ပညာ ရှိတတ်၏။ လူမိုက်တို့နှင့် ပေါင်းဘော်သောသူမူကား၊ ပျက်စီးတတ်၏။ အပြစ်ရှိသော သူတို့ကို ဘေးလိုက်တတ်၏။ ဖြောင့်မတ်သော သူတို့မူကား၊ ကောင်းသောအကျိုးကို ခံရလိမ့်မည်။ သူတော်ကောင်းသည် သားမြေးတို့အဘို့ အမွေ ဥစ္စာကို ချန်ထားတတ်၏။ အပြစ်ရှိသော သူ၏စည်းစိမ် မူကား၊ ဖြောင့်မတ်သော သူတို့အဘို့ သိုထားလျက်ရှိ၏။ ဆင်းရဲသား၊ လယ်လုပ်ခြင်းအားဖြင့် စားစရာ ပွါးများ၏။ သို့ရာတွင်၊ မတရားသော အမှုကြောင့် ပျက်စီး ခြင်းသို့ ရောက်တတ်၏။ ကြိမ်လုံးကို မသုံးသောသူသည် မိမိသားကို မုန်းရာသို့ ရောက်၏။ သားကိုချစ်သောသူမူကား၊ ငယ် သောအရွယ်မှစ၍ ဆုံးမတတ်၏။ ဖြောင့်မတ်သောသူသည် ဝစွာစားရသော အခွင့်ရှိ၏။ မတရားသော သူမူကား၊ မွတ်သိပ်ခြင်းကို ခံရလိမ့်မည်။

သုတ္တံ 13:1-25 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ပညာရှိ​သော​သား​သည် ဖခင်​၏​ဆုံးမပဲ့ပြင်​ခြင်း​ကို နားထောင်​တတ်​၏​။ ပြက်ရယ်​ပြု​သော​သား​မူကား ဆုံးမ​စကား​ကို နား​မ​ထောင်​တတ်​။ လူ​သည် မိမိ​နှုတ်​၏​အသီးအပွင့်​မှ ကောင်း​သော​အရာ​ကို​စား​ရ​၏​။ သစ္စာမဲ့​သော​သူ​တို့​၏​စိတ်ဆန္ဒ​ကား ရက်စက်ကြမ်းကြုတ်မှု​ဖြစ်​၏​။ မိမိ​နှုတ်​ကို​စောင့်စည်း​သော​သူ​သည် မိမိ​အသက်​ကို​စောင့်ရှောက်​၏​။ နှုတ်​ဖွာ​သော​သူ​သည် ပျက်စီး​ခြင်း​သို့​ရောက်​ရ​လိမ့်မည်​။ ပျင်းရိ​သော​သူ​၏​စိတ်ဝိညာဉ်​သည် တောင့်တ​သော်လည်း မည်သည့်​အရာ​ကို​မျှ​မ​ရ​နိုင်​။ ဝီရိယ​ရှိ​သော​သူ​တို့​၏​စိတ်ဝိညာဉ်​မူကား ကြွယ်ဝ​လိမ့်မည်​။ ဖြောင့်မတ်​သော​သူ​သည် မုသား​စကား​ကို မုန်း​၏​။ ဆိုးယုတ်​သော​သူ​မူကား စက်ဆုပ်ရွံရှာဖွယ်​ဖြစ်​၍ မျက်နှာပျက်​ရ​တတ်​၏​။ ဖြောင့်မတ်​ခြင်း​သည် တည်ကြည်​သော​လမ်း​သို့​လိုက်​သော​သူ​ကို ကာကွယ်​စောင့်ရှောက်​တတ်​၏​။ ဆိုးယုတ်​ခြင်း​မူကား အပြစ်သား​ကို မှားယွင်း​ချွတ်ချော်​စေ​တတ်​၏​။ ဘာမျှ​မ​ရှိ​ဘဲ​လျက် ချမ်းသာဟန်ဆောင်​သော​သူ​ရှိ​၏​။ စည်းစိမ်ဥစ္စာ​များစွာ​ရှိ​လျက်​နှင့် ဆင်းရဲ​ဟန်ဆောင်​သော​သူ​ရှိ​၏​။ လူ​၏​ဓနဥစ္စာ​သည် သူ့​အသက်​ကို​ပြန်ရွေး​သော အဖိုးအခ​ဖြစ်​၏​။ ဆင်းရဲ​သော​သူ​မူကား မည်သည့်​ခြိမ်းခြောက်​သံ​ကို​မျှ မ​ကြား​ရ​ပေ​။ ဖြောင့်မတ်​သော​သူ​တို့​၏​အလင်း​သည် ထွန်းလင်းတောက်ပ​လိမ့်မည်​။ ဆိုးယုတ်​သော​သူ​တို့​၏​မီးခွက်​မူကား ငြိမ်း​လိမ့်မည်​။ မာနထောင်လွှား​ခြင်း​သည် ခိုက်ရန်​ကို​သာ​ဖြစ်ပွား​စေ​တတ်​၏​။ အကြံပေး​ခြင်း​ကို​လက်ခံ​သော​သူ​၌​ကား ဉာဏ်ပညာ​ရှိ​၏​။ လွယ်လွယ်​ရ​သော​စည်းစိမ်ဥစ္စာ​သည် လျော့နည်း​သွား​တတ်​၏​။ နည်းနည်းချင်း​စုဆောင်း​သော​သူ​မူကား စည်းစိမ်ဥစ္စာ​ကို​တိုးပွား​စေ​တတ်​၏​။ မျှော်မှန်း​သော​အရာ​ကြန့်ကြာ​နေ​ပါက စိတ်​မသာမယာ​ဖြစ်​တတ်​၏​။ အလိုဆန္ဒ​ပြည့်ဝ​ခြင်း​မူကား အသက်​ပင်​သဖွယ်​ဖြစ်​၏​။ နှုတ်ကပတ်တော်​ကို​မထီမဲ့မြင်ပြု​သော​သူ​သည် မိမိ​အပေါ်​မိမိ ပျက်စီး​ခြင်း​ကို​သက်ရောက်​စေ​လိမ့်မည်​။ ပညတ်တော်​ကို​ရိုသေ​သော​သူ​မူကား ဆုလာဘ်​ကို​ရရှိ​လိမ့်မည်​။ ပညာရှိ​သော​သူ​၏​သွန်သင်ချက်​သည် အသက်​စမ်းရေတွင်း​ဖြစ်၍ သေ​ခြင်း​၏​ထောင်ချောက်​များ​မှ​ဖယ်ခွာ​စေ​တတ်​၏​။ ကောင်း​သော​ဉာဏ်စွမ်း​သည် မျက်နှာရ​စေ​တတ်​၏​။ သစ္စာမဲ့​သော​သူ​၏​လမ်းခရီး​ကား ကြမ်းတမ်း​၏​။ ဆင်ခြင်ဉာဏ်​ရှိ​သော​သူ​တိုင်း​သည် အသိပညာ​ရှိ​စွာ​ပြုကျင့်​တတ်​၏​။ မိုက်မဲ​သော​သူ​မူကား မိမိ​၏​မိုက်မဲမှု​ကို ပေါ်လွင်​ထင်ရှား​စေ​တတ်​၏​။ ဆိုးယုတ်​သော​စေတမန်​သည် ဒုက္ခတွင်း​ထဲသို့​ကျရောက်​တတ်​၏​။ သစ္စာရှိ​သော​သံတမန်​မူကား ဒဏ်ရာဒဏ်ချက်​ကို ပျောက်ကင်း​စေ​တတ်​၏​။ ဆင်းရဲ​ခြင်း​နှင့်​အရှက်ကွဲ​ခြင်း​သည် ဆုံးမပဲ့ပြင်​ခြင်း​ကို​လျစ်လျူရှု​သော​သူ​ထံသို့ ရောက်လာ​လိမ့်မည်​။ ဆိုဆုံးမစကား​ကို​စောင့်ထိန်း​သော​သူ​မူကား ဂုဏ်ပြုချီးမွမ်း​ခြင်း​ခံရ​လိမ့်မည်​။ အလိုဆန္ဒ​ပြည့်ဝ​ခြင်း​သည် စိတ်ဝိညာဉ်​အတွက် နှစ်သက်​ဖွယ်​ဖြစ်​၏​။ သို့သော် မကောင်းမှု​မှ​ဖယ်ခွာ​ခြင်း​သည် မိုက်မဲ​သော​သူ​တို့​အတွက် စက်ဆုပ်ရွံရှာဖွယ်​ဖြစ်​၏​။ ပညာရှိ​သော​သူ​တို့​နှင့်အတူ လျှောက်လှမ်း​သော​သူ​သည် ပညာရှိ​လာ​လိမ့်မည်​။ မိုက်မဲ​သော​သူ​တို့​နှင့်အတူ​ပေါင်းဖော်​သော​သူ​မူကား ဒုက္ခရောက်​လိမ့်မည်​။ ဒုက္ခ​သည် အပြစ်သား​တို့​၏​နောက်​သို့ လိုက်​တတ်​၏​။ ဖြောင့်မတ်​သော​သူ​တို့​မူကား ကောင်း​သော​ဆုလာဘ်​ကို​ရရှိ​လိမ့်မည်​။ သူတော်ကောင်း​သည် သားမြေး​တို့​အတွက် အမွေ​ကို​ချန်ထား​တတ်​၏​။ အပြစ်ပြု​သော​သူ​၏​ဥစ္စာပစ္စည်း​မူကား ဖြောင့်မတ်​သော​သူ​အတွက် သိုမှီး​ထား​ခြင်း​ခံရ​၏​။ ဆင်းရဲ​သော​သူ​တီ​သော​လယ်မြေ​သည် များစွာ​သော​အစားအစာ​ကို ဖြစ်ထွန်း​စေ​တတ်​၏​။ သို့သော် မတရားမှု​ကြောင့် ဖျက်ဆီး​ခြင်း​ခံရ​တတ်​၏​။ ကြိမ်လုံး​ကို​မသုံး​သော​သူ​သည် မိမိ​သား​ကို​မုန်း​သော​သူ​ဖြစ်​၏​။ သား​ကို​ချစ်​သော​သူ​မူကား သူ့​ကို​ကြိုးစား​၍​ဆုံးမပဲ့ပြင်​တတ်​၏​။ ဖြောင့်မတ်​သော​သူ​သည် မိမိ​စိတ်ဆန္ဒ ပြည့်စုံကြွယ်ဝ​သည့်​တိုင်အောင် စား​ရ​၏​။ ဆိုးယုတ်​သော​သူ​တို့​၏​ဝမ်း​မူကား ဟာ​နေ​လိမ့်မည်​။