YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 1:29-33

သုတ္တံ 1:29-33 Judson Bible (JBMLE)

အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ပ​ညာ​အ​တတ်​ကို မုန်း​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​ကို အ​လို​မ​ရှိ​ကြ။ ငါ​သ​တိ​ပေး​ခြင်း​ကို အ​လျှင်း​နား​မ​ခံ​ကြ။ ငါ​ဆုံး​မ​ခြင်း​ရှိ​သ​မျှ​ကို မ​ထီ​မဲ့​မြင်​ပြု​ကြ၏။ ထို​ကြောင့် သူ​တို့​သည် ကိုယ်​ကျင့်​ခြင်း၏​အ​ကျိုး​အ​ပြစ်​ကို​စား၍၊ ကိုယ်​ကြံ​သော အ​ကြံ​တို့​နှင့် ဝ​ကြ​လိမ့်​မည်။ ဉာဏ်​တိမ်​သော​သူ​တို့​သည် လမ်း​လွဲ​သ​ဖြင့် အ​သက်​ဆုံး​တတ်​ကြ၏။ မိုက်​သော​သူ​တို့​သည် သ​တိ​လစ်​သော​အား​ဖြင့် ပျက်​စီး​ခြင်း​သို့​ရောက်​တတ်​ကြ၏။ ငါ့​စ​ကား​ကို​နား​ထောင်​သော​သူ​မူ​ကား လုံ​ခြုံ​စွာ​နေ၍၊ ဘေး​ကို​မ​ကြောက်​ဘဲ ငြိမ်​ဝပ်​လိမ့်​မည်။

သုတ္တံ 1:29-33 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အကြောင်းမူကား သူ​တို့​သည် အသိပညာ​ကို​မုန်း​၍ ထာဝရဘုရား​အား ကြောက်ရွံ့​ခြင်း​ကို မ​ရွေးချယ်​ကြ​။ ငါ​၏​အကြံဉာဏ်​ကို​အလို​မ​ရှိ​ကြ​။ ငါ​၏​ဆိုဆုံးမစကား​အားလုံး​ကို​လည်း မထီလေးစား​ပြု​ခဲ့​ကြ​၏​။ ထို့ကြောင့် သူ​တို့​သည် မိမိ​တို့​ပြုမူကျင့်ကြံ​သော​အမှုအရာ​၏​အသီး​ကို​စား​၍ မိမိ​တို့​၏​အကျင့်အကြံ​များ​နှင့် ဝအီ​ကြ​လိမ့်မည်​။ အကြောင်းမူကား အသိဉာဏ်​နည်းပါး​သော​သူ​တို့​သည် မိမိ​၏​လမ်းလွဲဖောက်ပြန်မှု​ကြောင့် သေ​ကြ​ရ​၏​။ မိုက်မဲ​သော​သူ​တို့​သည်​လည်း မိမိကိုယ်မိမိ​အားရကျေနပ်မှု​ကြောင့် ပျက်စီး​ကြ​ရ​၏​။ သို့သော် ငါ့​စကား​ကို​နားထောင်​သော​သူ​သည် ဘေးကင်းလုံခြုံ​စွာ​နေ​ရ​၍ ဘေးအန္တရာယ်​ကို မ​ကြောက်​ဘဲ အေးချမ်း​စွာ​နေ​ရ​လိမ့်မည်​။​”