ဖိလိပ္ပိ 4:9-13
ဖိလိပ္ပိ 4:9-13 Judson Bible (JBMLE)
သင်တို့သည် အထက်ကသင်ယူ၍ ငါ၌ကြားမြင် ခဲ့ပြီးသမျှတို့ကို ကျင့်ကြလော့။ ထိုသို့ကျင့်လျှင်၊ ငြိမ်သက်ခြင်း၏ အရှင်ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည်။ ယခု၌လည်း သင်တို့သည် ငါ့ကို ကြည့်ရှုပြုစုချင်သော စေတနာစိတ်နှင့် ပြည့်စုံပြန်သည်ဖြစ်၍၊ ငါသည် သခင်ဘုရား၌ အလွန်ဝမ်းမြောက်ခြင်းရှိ၏။ ထိုစေတနာစိတ်သည် အထက်ကရှိသော်လည်း ပြုစုရသောအခွင့် မရှိပြီ။- ထိုသို့ငါဆိုသော်၊ ကိုယ်တိုင်ဆင်းရဲခြင်းကို ရည်မှတ်၍ ဆိုသည်မဟုတ်။ အကြောင်းမူကား၊ ငါသည် တွေ့ကြုံသမျှသော အခြင်းအရာတို့၌ ရောင့်ရဲသောစိတ် ရှိအံ့သောငှာ သင်မိပြီ။- ရှုတ်ချခြင်းကိုလည်းကောင်း၊ ကြွယ်ဝခြင်းကိုလည်းကောင်း၊ ခံတတ်၏။ ဝစွာစားခြင်း၊ မွတ်သိပ်ခြင်း၊ စည်းစိမ်ရှိခြင်း၊ ဆင်းရဲခြင်းတို့ကို ခံရအံ့သောငှာ၊ အရပ်ရပ်တို့တွင် အရာရာ၌ သင်မိပြီ။- ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏။
ဖိလိပ္ပိ 4:9-13 Common Language Bible (BCL)
ငါ၏ထံတွင်သင်ကြားမြင်ခဲ့သမျှကိုပြု ကျင့်ကြလော့။ သို့ပြုလျှင်ငါတို့အားငြိမ် သက်ခြင်းကိုပေးတော်မူသောဘုရားသခင် သည် သင်တို့နှင့်အတူရှိတော်မူလိမ့်မည်။ ဤမျှအချိန်ကာလကြာညောင်းပြီးမှသင်တို့ သည် ငါ့အားမိမိတို့၏မေတ္တာစေတနာကိုတစ် ဖန်ပြန်၍ပြသကြသည့်အတွက် ငါသည် သခင်ဘုရားနှင့်တစ်လုံးတစ်ဝတည်းဖြစ်သူ တစ်ဦးအနေဖြင့်အလွန်ပင်ဝမ်းမြောက်ပါ၏။ ယခင်အခါကသင်တို့သည်ငါ၏အပေါ် တွင်မေတ္တာစေတနာမထားဘဲနေခဲ့ကြ သည်ဟုငါမဆိုလိုပါ။ ထိုမေတ္တာစေတနာ ကိုပြသနိုင်ခွင့်မရခဲ့ကြောင်းကိုသာ ဆိုလိုပါ၏။- ငါ့အားသင်တို့လျစ်လူရှု၍ထားကြလေ ပြီဟုယူဆသဖြင့် ဤစကားကိုပြောဆိုရ ခြင်းလည်းမဟုတ်ပါ။ ငါသည်မိမိတွင်ရှိ သမျှနှင့်ရောင့်ရဲစွာနေတတ်ရန်သင်ယူ ထားပြီးဖြစ်သည်။- ငါသည်ငတ်မွတ်သည်ဖြစ်စေ၊ ဝစွာစားရ သည်ဖြစ်စေ၊ ချို့တဲ့မှုရှိသည်ဖြစ်စေ၊ ပိုလျှံ မှုရှိသည်ဖြစ်စေ၊ မည်သည့်အခြေအနေ၊ မည်သည့်အရပ်၌နေရသည်မဆိုကျေနပ် ရောင့်ရဲတတ်ရန်သင်ယူထားပြီးဖြစ်၏။- ခရစ်တော်ထံမှရရှိသည့်စွမ်းရည်အားဖြင့် ငါသည်မည်သည့်အခြေအနေမျိုးကိုမဆို ရင်ဆိုင်နိုင်၏။
ဖိလိပ္ပိ 4:9-13 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ငါ့ထံမှ သင်တို့သင်ကြားခံယူလျက် ကြားနာသိမြင်ခဲ့သောအရာတို့ကို ပြုကျင့်ကြလော့။ သို့ပြုလျှင် ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည် သင်တို့နှင့်အတူရှိတော်မူလိမ့်မည်။ ငါ့အတွက် အလေးထားစဉ်းစားပေးသောစိတ်သည် သင်တို့၌ ယခုတစ်ကြိမ် ပြန်လည်ဖြစ်ပေါ်လာသောကြောင့် ငါသည် သခင်ဘုရား၌ အလွန်ဝမ်းမြောက်၏။ အမှန်စင်စစ် သင်တို့သည် ငါ့အတွက် အလေးထားစဉ်းစားပေးသော်လည်း အခွင့်မရခဲ့ကြ။ ငါသည် ဆင်းရဲချို့တဲ့သောကြောင့် ဤသို့ဆိုသည်မဟုတ်။ အကြောင်းမူကား မည်သည့်အခြေအနေ၌မဆို ကျေနပ်ရောင့်ရဲတတ်ရန် ငါသည် သင်ယူခဲ့ပြီ။ နှိမ့်ချခံရခြင်းကိုငါသိ၍ ကြွယ်ဝခြင်းကိုလည်းငါသိ၏။ ဝပြောသည်ဖြစ်စေ၊ ဆာလောင်သည်ဖြစ်စေ၊ ကြွယ်ဝပြည့်စုံသည်ဖြစ်စေ၊ ဆင်းရဲနွမ်းပါးသည်ဖြစ်စေ အခြေအနေတိုင်းနှင့်အရာရာတိုင်း၌ နေတတ်သည့်လျှို့ဝှက်ချက်ကို ငါသင်ယူခဲ့ပြီ။ ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသောအရှင်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏။