YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖိလိပ္ပိ 4:8-9

ဖိလိပ္ပိ 4:8-9 Judson Bible (JBMLE)

ကြွင်း​သေး​သော စ​ကား​ဟူ​မူ​ကား၊ ညီ​အစ်​ကို​တို့၊ သ​မ္မာ​တ​ရား​နှင့် ဆိုင်​သော​အ​ကျင့်၊ လျောက်​ပတ်​သော အ​ကျင့်၊ ဖြောင့်​မတ်​သော အ​ကျင့်၊ စင်​ကြယ်​သော အ​ကျင့်၊ သူ​တ​ပါး​နှစ်​သက်​ဖွယ်​သော အ​ကျင့်၊ ချီး​မွမ်း​ဖွယ်​သော​အ​ကျင့် ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ပါ​ရ​မီ​တစ်​ပါး​ပါး၊ ကောင်း​သော သ​တင်း​တစ်​ပါး​ပါး​နှင့် ဆိုင်​သော​အ​ကျင့်​တို့​ကို​လည်း​ကောင်း၊ နှ​လုံး​သွင်း​ကြ​လော့။- သင်​တို့​သည် အ​ထက်​က​သင်​ယူ၍ ငါ၌​ကြား​မြင် ခဲ့​ပြီး​သ​မျှ​တို့​ကို ကျင့်​ကြ​လော့။ ထို​သို့​ကျင့်​လျှင်၊ ငြိမ်​သက်​ခြင်း၏ အ​ရှင်​ဘု​ရား​သ​ခင်​သည် သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​လိမ့်​မည်။

ဖိလိပ္ပိ 4:8-9 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

နောက်ဆုံး​အနေဖြင့်​ဆိုရလျှင် ညီအစ်ကို​တို့၊ မှန်ကန်​သော​အရာ​ရှိ​သမျှ၊ ဂုဏ်သရေ​ရှိ​သော​အရာ​ရှိသမျှ၊ ဖြောင့်မတ်​သော​အရာ​ရှိသမျှ၊ ဖြူစင်​သန့်ရှင်း​သော​အရာ​ရှိသမျှ၊ နှစ်သက်​ဖွယ်​ကောင်း​သော​အရာ​ရှိသမျှ​နှင့် ဂုဏ်​သတင်း​ကောင်း​သော​အရာ​ရှိသမျှ​တို့​၌ ကောင်းမြတ်​သော​အရာ​တစ်စုံတစ်ခု​၊ သို့မဟုတ် ချီးမွမ်း​ထိုက်​သော​အရာ​တစ်စုံတစ်ခု​ရှိ​လျှင် ထို​အရာ​တို့​ကို နှလုံးသွင်း​ကြ​လော့။ ငါ့​ထံမှ သင်​တို့​သင်ကြား​ခံယူ​လျက် ကြားနာ​သိမြင်​ခဲ့​သော​အရာ​တို့​ကို ပြုကျင့်​ကြ​လော့။ သို့ပြုလျှင် ငြိမ်သက်​ခြင်း​၏​အရှင်​ဘုရားသခင်​သည် သင်​တို့​နှင့်အတူ​ရှိ​တော်မူ​လိမ့်မည်။