ဖိလိပ္ပိ 4:15-19
ဖိလိပ္ပိ 4:15-19 Judson Bible (JBMLE)
အချင်းဖိလိပ္ပိမြို့သားတို့၊ ဧဝံဂေလိတရားကို ဟောစပြု၍၊ မာကေဒေါနိပြည်မှ ငါထွက်ဆဲရှိသောအခါ အလှူလှူခြင်း၊ အလှူခံခြင်းအမှု၌၊ သင်တို့မှတစ်ပါး အဘယ်အသင်းတော်မျှ ငါနှင့်မဆက်ဆံကြ။- သက်သာလောနိတ်မြို့၌ ငါရှိစဉ်ပင်၊ ငါလိုသောအရာကို သင်တို့သည် နှစ်ကြိမ်တိုင်အောင် ပေးလိုက်ကြ၏။- ထိုသို့ငါဆိုသော်၊ အလှူကို ရှာသည်မဟုတ်၊ သင်တို့၌ ကြွယ်ဝသောအကျိုးကို ရှာ၏။- ယခုအခါ အရာရာ၌ ငါရတတ်၏။ ဥစ္စာ ကြွယ်ဝ၏။ မွှေးကြိုင်သောအနံ့နှင့် ပြည့်စုံ၍၊ ဘုရားသခင် နှစ်သက်အားရတော်မူသော ယဇ်တည်းဟူသော သင်တို့ ပေးလိုက်သောအရာတို့ကို ဧပဖြောဒိတ်လက်မှ ငါခံရသည်ဖြစ်၍ ကြွယ်ဝလျက်ရှိ၏။- ငါ၏ဘုရားသခင်သည် ဘုန်းအာနုဘော်၌ စံပယ်တော်မူသော စည်းစိမ်ရှိသည်အတိုင်း၊ သင်တို့အလို ရှိသမျှတို့ကို ယေရှုခရစ်အားဖြင့် ပြည့်စုံစေတော်မူလိမ့်မည်။
ဖိလိပ္ပိ 4:15-19 Common Language Bible (BCL)
အချင်းဖိလိပ္ပိအသင်းတော်သားတို့၊ ငါသည် မာကေဒေါနိပြည်မှထွက်ခွာ၍ သတင်းကောင်း ကိုစတင်ကြေညာသောအခါ၌ သင်တို့ အသင်းတော်တစ်ပါးတည်းကသာလျှင်ငါ့ အားကူညီခဲ့ကြောင်း၊ အမှုတော်ဆောင်လုပ် ငန်းတွင်သင်တို့ကသာလျှင် ငါနှင့်အတူ ဖက်စပ်အဖြစ်နှင့်အရှုံးအမြတ်ရှိလျက် လုပ်ဆောင်ခဲ့ကြကြောင်းကို သင်တို့ကိုယ် တိုင်ကောင်းစွာသိကြ၏။- သက်သာလောနိတ်မြို့တွင်ရှိစဉ်အခါက ငါ လိုသောအကူအညီကိုသင်တို့သည်တစ် ကြိမ်မကပေးပို့ခဲ့ကြပေသည်။- ဤသို့ဆိုသော်ငါသည်အလှူကိုခံယူလို၍ မဟုတ်။ သင်တို့၏ငွေစာရင်းတွင်အမြတ်တိုး လာစေရန်ငါအလိုရှိ၏။- သင်တို့ပေးပို့လိုက်သောအလှူပစ္စည်းအား လုံးကိုရရှိကြောင်း ဤတွင်ဖော်ပြပါသည်။ ထိုအလှူပစ္စည်းများကိုဧပဖြောဒိတ်ယူ လာပေးသဖြင့် ငါလိုသမျှရရှိပေပြီ။ ထို အရာတို့သည်မွှေးကြိုင်သောပူဇော်သကာ၊ ဘုရားသခင်လက်ခံနှစ်သက်တော်မူ သောယဇ်ကဲ့သို့ဖြစ်ပါ၏။- ငါ၏ဘုရားသခင်သည်စည်းစိမ်ချမ်းသာ ကြွယ်ဝတော်မူသည်နှင့်အညီ သင်တို့အား ခရစ်တော်ယေရှုအားဖြင့် သင်တို့လိုသမျှ သောအရာတို့ကိုပေးသနားတော်မူပါ စေသော။
ဖိလိပ္ပိ 4:15-19 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ဖိလိပ္ပိမြို့သူမြို့သားတို့၊ ကောင်းမြတ်သောသတင်းကို စတင်ဟောပြောချိန်၌ မာကေဒေါနိပြည်မှ ငါထွက်လာသောအခါ သင်တို့မှတစ်ပါး မည်သည့်အသင်းတော်မျှ ပေးလှူခြင်းနှင့်လက်ခံခြင်းအမှုတို့၌ ငါနှင့်အတူပါဝင်ခြင်းမရှိခဲ့ကြောင်း သင်တို့သိကြ၏။ သက်သာလောနိတ်မြို့၌ ငါရှိစဉ်ကလည်း သင်တို့သည် ငါလိုအပ်သောအရာကို တစ်ကြိမ်မက နှစ်ကြိမ်တိုင်အောင် ပေးပို့ခဲ့ကြ၏။ ဤသို့ဆိုသော် လက်ဆောင်ကို ငါအလိုရှိ၍မဟုတ်။ သင်တို့၏အကျိုးအမြတ်ကို တိုးပွားစေသောအသီးအပွင့်ကိုသာ ငါအလိုရှိ၏။ ငါသည် အရာအားလုံးကိုရရှိ၍ ကြွယ်ဝလျက်ရှိ၏။ သင်တို့ပေးပို့သည့်အရာများကို ဧပဖြောဒိတ်ထံမှ ငါလက်ခံရရှိ၍ ပြည့်စုံလျက်ရှိပြီ။ ထိုအရာတို့သည် မွှေးကြိုင်သည့်ရနံ့၊ ဘုရားသခင်နှစ်သက်တော်မူသော လက်ခံဖွယ်ရာယဇ်ဖြစ်ကြ၏။ ငါ၏ဘုရားသခင်သည်လည်း ဘုန်းအသရေတော်၌ရှိသော မိမိ၏ကြွယ်ဝမှုနှင့်အညီ သင်တို့၏လိုအပ်ချက်ရှိသမျှကို ခရစ်တော်ယေရှုအားဖြင့် ပြည့်စုံစေတော်မူလိမ့်မည်။