YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖိလိပ္ပိ 4:11-14

ဖိလိပ္ပိ 4:11-14 Judson Bible (JBMLE)

ထို​သို့​ငါ​ဆို​သော်၊ ကိုယ်​တိုင်​ဆင်း​ရဲ​ခြင်း​ကို ရည်​မှတ်၍ ဆို​သည်​မ​ဟုတ်။ အ​ကြောင်း​မူ​ကား၊ ငါ​သည် တွေ့​ကြုံ​သ​မျှ​သော အ​ခြင်း​အ​ရာ​တို့၌ ရောင့်​ရဲ​သော​စိတ် ရှိ​အံ့​သော​ငှာ သင်​မိ​ပြီ။- ရှုတ်​ချ​ခြင်း​ကို​လည်း​ကောင်း၊ ကြွယ်​ဝ​ခြင်း​ကို​လည်း​ကောင်း၊ ခံ​တတ်၏။ ဝ​စွာ​စား​ခြင်း၊ မွတ်​သိပ်​ခြင်း၊ စည်း​စိမ်​ရှိ​ခြင်း၊ ဆင်း​ရဲ​ခြင်း​တို့​ကို ခံ​ရ​အံ့​သော​ငှာ၊ အ​ရပ်​ရပ်​တို့​တွင် အ​ရာ​ရာ၌ သင်​မိ​ပြီ။- ငါ့​ကို ခွန်​အား​နှင့်​ပြည့်​စုံ​စေ​တော်​မူ​သော ခ​ရစ်​တော်​အား​ဖြင့် ခပ်​သိမ်း​သော​အ​မှု​တို့​ကို ငါ​တတ်​စွမ်း​နိုင်၏။- သို့​သော်​လည်း ဆင်း​ရဲ​ဒု​က္ခ​ကို​ငါ ခံ​ရ​စဉ်​အ​ခါ၊ သင်​တို့​သည် ငါ​နှင့်​ဆက်​ဆံ​သော​အား​ဖြင့် ကောင်း​မွန်​စွာ ပြု​ကြ​ပြီ။

ဖိလိပ္ပိ 4:11-14 Common Language Bible (BCL)

ငါ့​အား​သင်​တို့​လျစ်​လူ​ရှု​၍​ထား​ကြ​လေ ပြီ​ဟု​ယူ​ဆ​သ​ဖြင့် ဤ​စကား​ကို​ပြော​ဆို​ရ ခြင်း​လည်း​မ​ဟုတ်​ပါ။ ငါ​သည်​မိ​မိ​တွင်​ရှိ သ​မျှ​နှင့်​ရောင့်​ရဲ​စွာ​နေ​တတ်​ရန်​သင်​ယူ ထား​ပြီး​ဖြစ်​သည်။- ငါ​သည်​ငတ်​မွတ်​သည်​ဖြစ်​စေ၊ ဝ​စွာ​စား​ရ သည်​ဖြစ်​စေ၊ ချို့​တဲ့​မှု​ရှိ​သည်​ဖြစ်​စေ၊ ပို​လျှံ မှု​ရှိ​သည်​ဖြစ်​စေ၊ မည်​သည့်​အ​ခြေ​အ​နေ၊ မည်​သည့်​အ​ရပ်​၌​နေ​ရ​သည်​မ​ဆို​ကျေ​နပ် ရောင့်​ရဲ​တတ်​ရန်​သင်​ယူ​ထား​ပြီး​ဖြစ်​၏။- ခ​ရစ်​တော်​ထံ​မှ​ရ​ရှိ​သည့်​စွမ်း​ရည်​အား​ဖြင့် ငါ​သည်​မည်​သည့်​အ​ခြေ​အ​နေ​မျိုး​ကို​မ​ဆို ရင်​ဆိုင်​နိုင်​၏။ သို့​ရာ​တွင်​ငါ​အ​ခက်​အ​ခဲ​တွေ့​ကြုံ​ရ​ချိန်​၌ သင်​တို့​ငါ့​ကို​ကူ​ညီ​ကြ​သော​အား​ဖြင့်​ကောင်း မွန်​စွာ​ပြု​ပြီ။

ဖိလိပ္ပိ 4:11-14 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​သည် ဆင်းရဲ​ချို့တဲ့​သောကြောင့် ဤသို့​ဆို​သည်​မ​ဟုတ်။ အကြောင်းမူကား မည်သည့်​အခြေအနေ​၌​မဆို ကျေနပ်​ရောင့်ရဲ​တတ်​ရန် ငါ​သည် သင်ယူ​ခဲ့​ပြီ။ နှိမ့်ချ​ခံရ​ခြင်း​ကို​ငါ​သိ​၍ ကြွယ်ဝ​ခြင်း​ကို​လည်း​ငါ​သိ​၏။ ဝပြော​သည်​ဖြစ်စေ၊ ဆာလောင်​သည်​ဖြစ်စေ၊ ကြွယ်ဝ​ပြည့်စုံ​သည်​ဖြစ်စေ၊ ဆင်းရဲ​နွမ်းပါး​သည်​ဖြစ်စေ အခြေအနေ​တိုင်း​နှင့်​အရာရာ​တိုင်း​၌ နေ​တတ်​သည့်​လျှို့ဝှက်​ချက်​ကို ငါ​သင်ယူ​ခဲ့​ပြီ။ ငါ့​ကို​ခွန်အား​နှင့်​ပြည့်စုံ​စေ​တော်မူ​သော​အရှင်​အားဖြင့် ခပ်သိမ်း​သော​အမှု​တို့​ကို ငါ​တတ်စွမ်း​နိုင်​၏။ မည်သို့ပင်ဖြစ်စေ သင်​တို့​သည် ငါ​၏​ဆင်းရဲ​ဒုက္ခ​ကို မျှဝေ​ခံစား​ရာ​၌ လျောက်ပတ်​စွာ​ပြု​ကြ​ပြီ။