YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖိလိပ္ပိ 4:10-14

ဖိလိပ္ပိ 4:10-14 Judson Bible (JBMLE)

ယ​ခု၌​လည်း သင်​တို့​သည် ငါ့​ကို ကြည့်​ရှု​ပြု​စု​ချင်​သော စေ​တ​နာ​စိတ်​နှင့် ပြည့်​စုံ​ပြန်​သည်​ဖြစ်၍၊ ငါ​သည် သ​ခင်​ဘု​ရား၌ အ​လွန်​ဝမ်း​မြောက်​ခြင်း​ရှိ၏။ ထို​စေ​တ​နာ​စိတ်​သည် အ​ထက်​က​ရှိ​သော်​လည်း ပြု​စု​ရ​သော​အ​ခွင့် မ​ရှိ​ပြီ။- ထို​သို့​ငါ​ဆို​သော်၊ ကိုယ်​တိုင်​ဆင်း​ရဲ​ခြင်း​ကို ရည်​မှတ်၍ ဆို​သည်​မ​ဟုတ်။ အ​ကြောင်း​မူ​ကား၊ ငါ​သည် တွေ့​ကြုံ​သ​မျှ​သော အ​ခြင်း​အ​ရာ​တို့၌ ရောင့်​ရဲ​သော​စိတ် ရှိ​အံ့​သော​ငှာ သင်​မိ​ပြီ။- ရှုတ်​ချ​ခြင်း​ကို​လည်း​ကောင်း၊ ကြွယ်​ဝ​ခြင်း​ကို​လည်း​ကောင်း၊ ခံ​တတ်၏။ ဝ​စွာ​စား​ခြင်း၊ မွတ်​သိပ်​ခြင်း၊ စည်း​စိမ်​ရှိ​ခြင်း၊ ဆင်း​ရဲ​ခြင်း​တို့​ကို ခံ​ရ​အံ့​သော​ငှာ၊ အ​ရပ်​ရပ်​တို့​တွင် အ​ရာ​ရာ၌ သင်​မိ​ပြီ။- ငါ့​ကို ခွန်​အား​နှင့်​ပြည့်​စုံ​စေ​တော်​မူ​သော ခ​ရစ်​တော်​အား​ဖြင့် ခပ်​သိမ်း​သော​အ​မှု​တို့​ကို ငါ​တတ်​စွမ်း​နိုင်၏။- သို့​သော်​လည်း ဆင်း​ရဲ​ဒု​က္ခ​ကို​ငါ ခံ​ရ​စဉ်​အ​ခါ၊ သင်​တို့​သည် ငါ​နှင့်​ဆက်​ဆံ​သော​အား​ဖြင့် ကောင်း​မွန်​စွာ ပြု​ကြ​ပြီ။

ဖိလိပ္ပိ 4:10-14 Common Language Bible (BCL)

ဤ​မျှအ​ချိန်​ကာ​လ​ကြာ​ညောင်း​ပြီး​မှ​သင်​တို့ သည် ငါ့​အား​မိ​မိ​တို့​၏​မေတ္တာ​စေ​တ​နာ​ကို​တစ် ဖန်​ပြန်​၍​ပြ​သ​ကြ​သည့်​အ​တွက် ငါ​သည် သ​ခင်​ဘု​ရား​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​သူ တစ်​ဦး​အ​နေ​ဖြင့်​အ​လွန်​ပင်​ဝမ်း​မြောက်​ပါ​၏။ ယ​ခင်​အ​ခါ​က​သင်​တို့​သည်​ငါ​၏​အ​ပေါ် တွင်​မေတ္တာ​စေ​တ​နာ​မ​ထား​ဘဲ​နေ​ခဲ့​ကြ သည်​ဟု​ငါ​မ​ဆို​လို​ပါ။ ထို​မေတ္တာ​စေ​တ​နာ ကို​ပြ​သ​နိုင်​ခွင့်​မ​ရ​ခဲ့​ကြောင်း​ကို​သာ ဆို​လို​ပါ​၏။- ငါ့​အား​သင်​တို့​လျစ်​လူ​ရှု​၍​ထား​ကြ​လေ ပြီ​ဟု​ယူ​ဆ​သ​ဖြင့် ဤ​စကား​ကို​ပြော​ဆို​ရ ခြင်း​လည်း​မ​ဟုတ်​ပါ။ ငါ​သည်​မိ​မိ​တွင်​ရှိ သ​မျှ​နှင့်​ရောင့်​ရဲ​စွာ​နေ​တတ်​ရန်​သင်​ယူ ထား​ပြီး​ဖြစ်​သည်။- ငါ​သည်​ငတ်​မွတ်​သည်​ဖြစ်​စေ၊ ဝ​စွာ​စား​ရ သည်​ဖြစ်​စေ၊ ချို့​တဲ့​မှု​ရှိ​သည်​ဖြစ်​စေ၊ ပို​လျှံ မှု​ရှိ​သည်​ဖြစ်​စေ၊ မည်​သည့်​အ​ခြေ​အ​နေ၊ မည်​သည့်​အ​ရပ်​၌​နေ​ရ​သည်​မ​ဆို​ကျေ​နပ် ရောင့်​ရဲ​တတ်​ရန်​သင်​ယူ​ထား​ပြီး​ဖြစ်​၏။- ခ​ရစ်​တော်​ထံ​မှ​ရ​ရှိ​သည့်​စွမ်း​ရည်​အား​ဖြင့် ငါ​သည်​မည်​သည့်​အ​ခြေ​အ​နေ​မျိုး​ကို​မ​ဆို ရင်​ဆိုင်​နိုင်​၏။ သို့​ရာ​တွင်​ငါ​အ​ခက်​အ​ခဲ​တွေ့​ကြုံ​ရ​ချိန်​၌ သင်​တို့​ငါ့​ကို​ကူ​ညီ​ကြ​သော​အား​ဖြင့်​ကောင်း မွန်​စွာ​ပြု​ပြီ။

ဖိလိပ္ပိ 4:10-14 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ့​အတွက် အလေးထား​စဉ်းစား​ပေး​သော​စိတ်​သည် သင်​တို့​၌ ယခု​တစ်ကြိမ် ပြန်လည်​ဖြစ်ပေါ်​လာ​သောကြောင့် ငါ​သည် သခင်​ဘုရား​၌ အလွန်​ဝမ်းမြောက်​၏။ အမှန်စင်စစ် သင်​တို့​သည် ငါ့​အတွက် အလေးထား​စဉ်းစား​ပေး​သော်လည်း အခွင့်​မ​ရ​ခဲ့​ကြ။ ငါ​သည် ဆင်းရဲ​ချို့တဲ့​သောကြောင့် ဤသို့​ဆို​သည်​မ​ဟုတ်။ အကြောင်းမူကား မည်သည့်​အခြေအနေ​၌​မဆို ကျေနပ်​ရောင့်ရဲ​တတ်​ရန် ငါ​သည် သင်ယူ​ခဲ့​ပြီ။ နှိမ့်ချ​ခံရ​ခြင်း​ကို​ငါ​သိ​၍ ကြွယ်ဝ​ခြင်း​ကို​လည်း​ငါ​သိ​၏။ ဝပြော​သည်​ဖြစ်စေ၊ ဆာလောင်​သည်​ဖြစ်စေ၊ ကြွယ်ဝ​ပြည့်စုံ​သည်​ဖြစ်စေ၊ ဆင်းရဲ​နွမ်းပါး​သည်​ဖြစ်စေ အခြေအနေ​တိုင်း​နှင့်​အရာရာ​တိုင်း​၌ နေ​တတ်​သည့်​လျှို့ဝှက်​ချက်​ကို ငါ​သင်ယူ​ခဲ့​ပြီ။ ငါ့​ကို​ခွန်အား​နှင့်​ပြည့်စုံ​စေ​တော်မူ​သော​အရှင်​အားဖြင့် ခပ်သိမ်း​သော​အမှု​တို့​ကို ငါ​တတ်စွမ်း​နိုင်​၏။ မည်သို့ပင်ဖြစ်စေ သင်​တို့​သည် ငါ​၏​ဆင်းရဲ​ဒုက္ခ​ကို မျှဝေ​ခံစား​ရာ​၌ လျောက်ပတ်​စွာ​ပြု​ကြ​ပြီ။