ဖိလိပ္ပိ 3:8-11
ဖိလိပ္ပိ 3:8-11 Judson Bible (JBMLE)
ထိုမျှမက ငါ၏ သခင်ယေရှုခရစ်ကိုသိသော ပညာသည် အဘယ်မျှလောက် မြတ်သည်ကို ထောက်၍၊ ခပ်သိမ်းသောအရာတို့ကို ရှုံးစေသောအရာကဲ့သို့ ငါထင်မှတ်၏။- ထိုသခင်ကြောင့် ခပ်သိမ်းသောအရာတို့ကို အရှုံးခံရပြီ။ သေခြင်းမှ ထမြောက်သောအခွင့်ကို ငါရနိုင်ကောင်းလျှင်၊ ကိုယ်တော်သည် အသေခံတော်မူသည်နည်းတူ၊ ငါသည်လည်း အသေခံ၍ ထိုသခင်ကိုလည်းကောင်း၊ ထမြောက်တော်မူခြင်း၏ တန်ခိုးကိုလည်းကောင်း၊ ဆင်းရဲခံတော်မူခြင်းကို ဆက်ဆံ၍ ခံခြင်းကိုလည်းကောင်း၊ သိကျွမ်းခြင်းငှာ၊ ပညတ်တရားအားဖြင့်ရသော ကိုယ်ဖြောင့်မတ်ခြင်းကို မကိုးစားဘဲ၊ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ရသော ဖြောင့်မတ်ခြင်းတည်းဟူသော ယုံကြည်ခြင်းအတွက်ကြောင့် ဘုရားသခင်ပေးတော်မူသော ဖြောင့်မတ်ခြင်းကို ကိုးစားသဖြင့်၊ ခရစ်တော်ကို အမြတ်ရ၍ ထိုသခင်၌ တည်ပါမည်အကြောင်း၊ ခပ်သိမ်းသောအရာတို့ကို မစင်ကဲ့သို့ ငါထင်မှတ်၏။
ဖိလိပ္ပိ 3:8-11 Common Language Bible (BCL)
ထိုမျှမကငါ၏အရှင်ခရစ်တော်ယေရှုကိုသိကျွမ်း ရခြင်းသည်ထိုအရာများနှင့်အရာခပ်သိမ်းတို့ထက် တန်ခိုးရှိသည်ဖြစ်၍ ယင်းတို့ကိုငါ့အားရှုံးစေသည့် အရာများဟူ၍မှတ်ယူ၏။ ငါသည်ကိုယ်တော်အတွက် ခပ်သိမ်းသောအရာတို့ကိုစွန့်ပယ်ခဲ့၏။ ခရစ်တော်ကို အမြတ်ရနိုင်ရန်လည်းကောင်း၊ ကိုယ်တော်နှင့်တစ်လုံး တစ်ဝတည်းဖြစ်နိုင်ရန်လည်းကောင်းထိုအရာ များကိုအမှိုက်သရိုက်ကဲ့သို့ငါထင်မှတ်၏။ ငါသည် ပညတ်တရားကိုစောင့်ထိန်းခြင်းအားဖြင့်ဖြောင့်မတ် ခြင်းမရရှိပေ။ ခရစ်တော်ကိုယုံကြည်ခြင်းအား ဖြင့်သာလျှင်ဖြောင့်မတ်ခြင်းကိုရရှိ၏။ ထိုကဲ့သို့ သောဖြောင့်မတ်ခြင်းသည်ဘုရားသခင်ပေးသနား တော်မူသောဖြောင့်မတ်ခြင်းဖြစ်၍ယုံကြည်ခြင်း အပေါ်တွင်အခြေခံပေသည်။- ငါသည်ခရစ်တော်ကိုသိကျွမ်းခြင်း၊ ထမြောက် ရှင်ပြန်တော်မူခြင်း၏တန်ခိုးတော်ကိုခံစားခြင်း၊ ခရစ်တော်နှင့်အတူဆင်းရဲဒုက္ခခံခြင်း၊ ကိုယ်တော် အသေခံတော်မူခြင်း၌ပါဝင်ခြင်းတို့ကိုသာ လိုချင်တောင့်တ၏။- သို့မှသာငါကိုယ်တိုင်သေခြင်းမှရှင်ပြန်ထမြောက် ခွင့်ကိုရမည်ဟုမျှော်လင့်နိုင်ပေသည်။
ဖိလိပ္ပိ 3:8-11 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထိုမျှမက ငါ၏သခင်ခရစ်တော်ယေရှုကို သိသောဉာဏ်၏ထူးမြတ်သောအကျိုးကျေးဇူးကြောင့် အရာခပ်သိမ်းကို အရှုံးဟူ၍ ငါမှတ်ယူ၏။ ထိုသခင်ကိုထောက်၍ အရာခပ်သိမ်းတို့ကို ငါအဆုံးရှုံးခံပြီး ၎င်းတို့ကို မစင်ကဲ့သို့ ငါမှတ်ယူ၏။ ဤသည်ကား ငါသည် ပညတ်တရားနှင့်ဆိုင်သော ငါ၏ဖြောင့်မတ်ခြင်းမဟုတ်ဘဲ ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့်ရရှိသောဖြောင့်မတ်ခြင်းတည်းဟူသော ယုံကြည်ခြင်းအပေါ်၌အခြေခံသည့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကိုရရှိ၍ ခရစ်တော်ကိုရရှိကာ ကိုယ်တော်၌ တွေ့မြင်ခြင်းခံရရန်အတွက်ဖြစ်၏။ ထို့ပြင် ကိုယ်တော်ကိုလည်းကောင်း၊ ကိုယ်တော်၏ရှင်ပြန်ထမြောက်ခြင်းတန်ခိုးကိုလည်းကောင်း၊ ကိုယ်တော်၏ဒုက္ခဝေဒနာကိုမျှဝေခံယူခြင်းကိုလည်းကောင်း သိရှိ၍ ကိုယ်တော်၏အသေခံခြင်း၌ တစ်သဏ္ဌာန်တည်းဖြစ်ခြင်းအခွင့်ကိုရရှိကာ သေသောသူတို့ထဲမှ ရှင်ပြန်ထမြောက်ခြင်းသို့ တစ်နည်းနည်းဖြင့် ရောက်ရှိနိုင်ရန်အတွက်ဖြစ်၏။