YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖိလိပ္ပိ 2:1-4

ဖိလိပ္ပိ 2:1-4 Judson Bible (JBMLE)

ထို​ကြောင့် ခ​ရစ်​တော်၌​သက်​သာ​ခြင်း၊ မေ​တ္တာ​နှင့်​စပ်​ဆိုင်​သော ချမ်း​သာ​ခြင်း၊ ဝိ​ညာဉ်​တော်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း၊ သ​နား​စုံ​မက်​ခြင်း​တည်း​ဟူ​သော​အ​ရာ တစ်​စုံ​တစ်​ခု​ရှိ​လျှင်၊- သင်​တို့​သည် အ​ချင်း​ချင်း​ချစ်​ကြ၍၊ စိတ်​မ​ကွဲ​ပြား​ဘဲ တစ်​လုံး​တစ်​ဝ​တည်း ကြံ​စည်​ခြင်း​နှင့်​တ​ကွ၊ သ​ဘော​တ​ညီ​တ​ညွတ်​တည်း ရှိ​သော​အား​ဖြင့်၊ ငါ​ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း​ကို စုံ​လင်​စေ​ကြ​လော့။- ရန်​တွေ့​လို​သော​စိတ်၊ အ​ချည်း​နှီး ကျော်​စော​ကိ​တ္တိ​ကို တပ်​မက်​သော​စိတ်​ရှိ၍ အ​ဘယ်​အ​မှု​ကိုမျှ မ​ပြု​ကြ​နှင့်။ သူ​တစ်​ပါး​သည် ကိုယ်​ထက်​သာ၍ ကောင်း​မြတ်​သည်​ဟု နှိမ့်​ချ​သော စိတ်​ရှိ၍ တစ်​ယောက်​ကို​တစ်​ယောက် ထင်​မှတ်​ကြ​လော့။- ကိုယ်​အ​မှု​အ​ရာ​ကို​သာ မ​ရှု​မ​မှတ်​ဘဲ၊ သူ့​အ​မှု​အ​ရာ​ကို အ​ချင်း​ချင်း​ရှု​မှတ်​ကြ​လော့။

ဖိလိပ္ပိ 2:1-4 Common Language Bible (BCL)

သင်​တို့​သည်​ခ​ရစ်​တော်​၌​အ​သက်​ရှင်​ခြင်း အား​ဖြင့်​ခွန်​အား​ရ​ရှိ​ကြ​၏။ ကိုယ်​တော်​၏ မေတ္တာ​တော်​သည်​သင်​တို့​အား​နှစ်​သိမ့်​ခြင်း​ကို ပေး​၏။ သင်​တို့​သည်​ဝိညာဉ်​တော်​နှင့်​မိတ်​သ​ဟာ​ယ ဖွဲ့​ခွင့်​ကို​ရ​ရှိ​ကြ​၏။ သင်​တို့​တွင်​အ​ချင်း​ချင်း သ​နား​ကြင်​နာ​စိတ်​ရှိ​ကြ​၏။- သို့​ဖြစ်​၍​သင်​တို့​သည်​တစ်​စိတ်​တစ်​ဝမ်း​တည်း​ရှိ ခြင်း၊ အ​ချင်း​ချင်း​ချစ်​ခြင်း၊ စိတ်​သဘော​တ​ညီ တ​ညွတ်​တည်း​ရှိ​ခြင်း​အား​ဖြင့်​ငါ့​အား​အ​ကြွင်း မဲ့​ဝမ်း​မြောက်​စေ​ကြ​လော့။- ကြွား​ဝါ​လို​သော​စိတ်၊ ကျော်​စော​ကိတ္တိ​ကို​တပ်​မက် သော​စိတ်​တို့​ဖြင့်​အ​ဘယ်​အ​မှု​ကို​မျှ​မ​ပြု​ကြ နှင့်။ သူ​တစ်​ပါး​သည်​မိ​မိ​ထက်​သာ​သည်​ဟု အ​စဉ်​ယူ​ဆ​လျက်​စိတ်​နှိမ့်​ချ​ကြ​လော့။- မိ​မိ​၏​အ​ကျိုး​ကို​သာ​မ​ရှာ​ဘဲ​အ​ချင်း​ချင်း ၏​အ​ကျိုး​ကို​ရှာ​ကြ​လော့။

ဖိလိပ္ပိ 2:1-4 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့ကြောင့် သင်​တို့​တွင် ခရစ်တော်​၌​တိုက်တွန်း​အားပေး​ခြင်း၊ ချစ်​ခြင်း​မေတ္တာ​၏​နှစ်သိမ့်​ခြင်း၊ ဝိညာဉ်​တော်​အားဖြင့်​မိတ်သဟာယ​ဖွဲ့​ခြင်း၊ ကြင်နာ​ခြင်း​နှင့် သက်ညှာ​ခြင်း​တို့ တစ်စုံတစ်ရာ​ရှိ​လျှင် တစ်စိတ်​တစ်သဘောတည်း​ရှိ​၍ စိတ်ဝမ်း​မ​ကွဲ​ဘဲ တူညီ​သော​မေတ္တာ​ရှိ​လျက် စိတ်​တစ်လုံးတစ်ဝတည်း​ဖြစ်​ခြင်း​အားဖြင့် ငါ​၏​ဝမ်းမြောက်​ခြင်း​ကို ပြည့်စုံ​စေ​ကြ​လော့။ မည်သည့်​အမှု​ကို​မျှ တုပြိုင်​လို​သော​စိတ်​နှင့်​လည်းကောင်း၊ အချည်းနှီး​ကျော်စော​လို​သော​စိတ်​နှင့်​လည်းကောင်း မ​ပြု​ဘဲ နှိမ့်ချ​သော​စိတ်​ရှိ​လျက် သူတစ်ပါး​တို့​သည် မိမိ​တို့​ထက် ထူးမြတ်​သည်​ဟု မှတ်ယူ​ကြ​လော့။ သင်​တို့​တစ်ဦးစီ​သည် မိမိ​အကျိုး​ကို​သာ​မ​ကြည့်ရှု​ဘဲ သူတစ်ပါး​၏​အကျိုး​ကို​လည်း ကြည့်ရှု​ကြ​လော့။