YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖိလေမုန် 1:5-7

ဖိလေမုန် 1:4-7 Judson Bible (JBMLE)

သင်​သည် သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်၍ သန့်​ရှင်း​သူ​အ​ပေါင်း​တို့​ကို ချစ်​သည်​ဟု ငါ​သည်​ကြား​လျှင်၊ ငါ၏​ဘု​ရား​သ​ခင့် ကျေး​ဇူး​တော်​ကို အ​စဉ်​ချီး​မွမ်း၍၊ သင့်​အ​ဖို့​အ​လို​ငှာ ဆု​တောင်း​ပ​တ္ထ​နာ ပြု​လျက်​နေ၏။- ဆု​တောင်း​သော​အ​ချက်​ဟူ​မူ​ကား၊ သင်​သည် ယုံ​ကြည်​ခြင်း​ကို ဆက်​ဆံ​သော အ​ရှိန်​ကြီး၍၊ သူ​တစ်​ပါး​တို့​သည် ယေ​ရှု​ခ​ရစ်​အ​ဖို့​အ​လို​ငှာ ငါ​တို့၌ ကောင်း​သော​အ​ရာ ရှိ​သ​မျှ တို့​ကို ဝန်​ခံ​မည်​အ​ကြောင်း ဆု​တောင်း​ပ​တ္ထ​နာ​ပြု၏။- အ​ချင်း​ငါ့​ညီ၊ သင်​သည် သန့်​ရှင်း​သူ​တို့၏ စိတ်​နှ​လုံး​ကို သက်​သာ​စေ​သော​ကြောင့်၊ သင်၏​မေ​တ္တာ​ကို ထောက်၍ ငါ​တို့​သည် အ​လွန်​ဝမ်း​မြောက်​ချမ်း​သာ​ခြင်း ရှိ၏။

ဖိလေမုန် 1:4-7 Common Language Bible (BCL)

ငါ့​ညီ​ဖိ​လေ​မုန်၊ ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင် အ​ပေါင်း​တို့​အား​သင်​ချစ်​ခင်​ပုံ၊ သ​ခင်​ယေ​ရှု​ကို သင်​ယုံ​ကြည်​ပုံ​ကို​ကြား​သိ​ရ​သ​ဖြင့် ငါ​သည် ဆု​တောင်း​ပတ္ထ​နာ​ပြု​သည့်​အ​ခါ​တိုင်း သင့်​ကို အ​ကြောင်း​ပြု​၍​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​ကို​ချီး​မွမ်း​၏။- ယုံ​ကြည်​သူ​များ​ဖြစ်​ကြ​သော​သင်​နှင့်​ငါ​တို့ သည် အ​ချင်း​ချင်း​မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း​အား ဖြင့် ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​လျက် ငါ​တို့​ခံ​စား​ရ​သည့်​ကောင်း​ချီး​မင်္ဂလာ​အ​ပေါင်း ကို​ပို​မို​နက်​နဲ​စွာ​သိ​ရှိ​နား​လည်​နိုင်​ကြ​ရန် ငါ​ဆု​တောင်း​၏။- ငါ့​ညီ၊ သင်​၏​မေတ္တာ​သည်​ငါ့​အား​အ​လွန်​ဝမ်း မြောက်​စေ​၍​များ​စွာ​အား​တက်​စေ​၏။ သင်​သည် ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင်​အ​ပေါင်း​တို့ အား​စိတ်​ရွှင်​လန်း​စေ​လေ​ပြီ။

ဖိလေမုန် 1:5-7 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အဘယ်ကြောင့်​ဆိုသော် သခင်​ယေရှု​နှင့် သန့်ရှင်း​သူ​အပေါင်း​တို့​အပေါ်​၌ သင်​ထားရှိ​သော သင်​၏​ချစ်​ခြင်း​မေတ္တာ​နှင့်​ယုံကြည်​ခြင်း​အကြောင်း​ကို ငါ​တို့​ကြား​ရ​သောကြောင့်​ဖြစ်​၏။ ထို့ကြောင့် ခရစ်တော်​အတွက် ငါ​တို့​၌​ရှိ​သည့် ကောင်း​သော​အရာ​အားလုံး​တို့​ကို သိ​ခြင်း​အားဖြင့် သင်​၏​ယုံကြည်​ခြင်း​နှင့်ဆိုင်သော​မိတ်သဟာယ​ဖွဲ့​ခြင်း​သည် ထိရောက်​မှု​ရှိ​သော​အရာ​ဖြစ်လာ​ရန် ငါ​ဆုတောင်း​၏။ ငါ့​ညီ၊ သန့်ရှင်း​သူ​တို့​၏​စိတ်နှလုံး​သည် သင့်​အားဖြင့် ငြိမ်သက်​ချမ်းသာ​မှု​ကို​ခံစား​ရ​ပြီ​ဖြစ်၍ သင်​၏​ချစ်​ခြင်း​မေတ္တာ​ကြောင့် ကြီးစွာ​သော​ဝမ်းမြောက်​ခြင်း​နှင့် တိုက်တွန်း​အားပေး​ခြင်း​တို့​ကို ငါ​ခံစားရ​၏။