YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာ 24:16-17

တောလည်ရာ 24:16-17 Judson Bible (JBMLE)

ဘ​ဝင်​ဖြစ်၍​မျက်​စိ​ပွင့်​လျက်၊ အ​န​န္တ​တန်​ခိုး​ရှင်၏ ရူ​ပါ​ရုံ​ကို​မြင်၍၊ အ​မြင့်​ဆုံး​သော​ဘု​ရား​ပေး​တော်​မူ​သော ဉာဏ်​ကို​ရ၍၊ ဘု​ရား​သ​ခင်၏​အ​မိန့်​တော်​ကို ကြား​သော​သူ၏​စ​ကား​ဟူ​မူ​ကား၊ ထို​အ​ရာ​ကို ငါ​မြင်၏။ သို့​သော်​လည်း ယ​ခု​မ​ဖြစ်​ရ​သေး။ ထို​အ​ရာ​ကို ငါ​ရှု၏။ သို့​သော်​လည်း ဖြစ်​ရ​သော​အ​ချိန်​မ​နီး​သေး။ ကြယ်​တစ်​လုံး​သည် ယာ​ကုပ်​အ​မျိုး၌ ပေါ်​ထွန်း၍၊ ရာ​ဇ​လှံ​တံ​သည် ဣ​သ​ရေ​လ​အ​မျိုး၌ ထင်​ရှား​လိမ့်​မည်။ မော​ဘ​ပြည်​စွန်း​တိုင်​အောင် ထိ​ခိုက်၍ မ​ငြိမ်​မ​ဝပ် ရုန်း​ရင်း​ခတ်​ပြု​တတ်​သော သူ​အ​ပေါင်း​တို့​ကို ဖျက်​ဆီး​လိမ့်​မည်။

တောလည်ရာ 24:16-17 Common Language Bible (BCL)

သူ​သည်​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သော စ​ကား​ကို​ကြား​နိုင်​၏။ အ​မြင့်​ဆုံး​သော​ဘု​ရား​ထံ​တော်​မှ အ​သိ​ပ​ညာ​ကို​ရ​ရှိ​၏။ မျက်​စိ​ပွင့်​လျက်​ဘ​ဝင်​ကျ​နေ​စဉ် အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ထံ​တော်​မှ ရူ​ပါ​ရုံ​ကို​ငါ​မြင်​ရ​၏။ ငါ​သည်​အ​နာ​ဂတ်​ကို​မျှော်​ကြည့်​သော​အ​ခါ ဣ​သ​ရေ​လ​နိုင်​ငံ​ကို​ငါ​မြင်​ရ​၏။ ထို​နိုင်​ငံ​တွင်​ရှင်​ဘု​ရင်​တစ်​ပါး​သည်​တောက်​ပ​သော ကြယ်​သ​ဖွယ်​ပေါ်​ထွန်း​လာ​လိမ့်​မည်။ ထို​ဘု​ရင်​သည်​ကြယ်​တံ​ခွန်​သ​ဖွယ် ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​ပေါ်​ထွန်း​လိမ့်​မည်။ သူ​သည်​မော​ဘ​အ​မျိုး​သား​ခေါင်း​ဆောင်​တို့​ကို တိုက်​ခိုက်​ချေ​မှုန်း​၍ ရှေ​သ​အ​နွယ်​ဝင်​တို့​ကို​နှိမ်​နင်း​လိမ့်​မည်။

တောလည်ရာ 24:16-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

မျက်စိ​ပွင့်​လျက် လဲကျ​သွား​ပြီး အမြင့်ဆုံး​သော​အရှင်​ထံ​တော်​မှ အသိပညာ​ရရှိ​သူ​၊ အနန္တတန်ခိုးရှင်​ထံမှ​စိတ်အာရုံ​ကို​မြင်​ရ​သော​သူ​၊ ဘုရားသခင်​၏​စကား​တို့​ကို​ကြား​ရ​သော​သူ​၏​နိမိတ်စကား​မှာ သူ့​ကို ငါ​တွေ့​၏​။ သို့သော် ယခု​မ​ဟုတ်​။ သူ့​ကို ငါ​မြင်​၏​။ သို့သော် အနီး​မှာ​မ​ဟုတ်​။ ယာကုပ်​အမျိုး​ထဲမှ ကြယ်​တစ်​လုံး​ပေါ်ထွန်း​လိမ့်မည်​။ အစ္စရေး​လူမျိုး​ထဲမှ ရာဇလှံတံ ပေါ်ပေါက်​လိမ့်မည်​။ သူ​သည် မောဘ​ပြည်​စွန်း​တိုင်အောင် ချေမှုန်း​၍ ရှေသ​အမျိုးသား​အားလုံး​ကို ဖျက်ဆီး​လိမ့်မည်​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။