YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 9:9-13

ရှင်မာကု 9:9-13 Judson Bible (JBMLE)

တောင်​ပေါ်​မှ ဆင်း​ကြ​သော​အ​ခါ ကိုယ်​တော်​က၊ လူ​သား​သည် သေ​ခြင်း​မှ မ​ထ​မြောက်​မီ​တိုင်​အောင် သင်​တို့ ယ​ခု​မြင်​သော​အ​ရာ​ကို အ​ဘယ်​သူ​အား​မျှ မ​ကြား​မ​ပြော​ကြ​နှင့်​ဟု တ​ပည့်​တော်​တို့​ကို ပ​ညတ်​တော်​မူ၏။- တ​ပည့်​တော်​တို့​သည် ထို​စ​ကား​ကို မှတ်​မိ၍ သေ​ခြင်း​မှ ထ​မြောက်​ခြင်း​သည် အ​ဘယ်​သို့​ဆို​လို​သ​နည်း​ဟု အ​ချင်း​ချင်း ဆွေး​နွေး​မေး​မြန်း​ကြ၏။- ထို​အ​ခါ တ​ပည့်​တော်​တို့​က၊ ဧ​လိ​ယ​သည် အ​ရင်​လာ​မည်​ဟု ကျမ်း​ပြု​ဆ​ရာ​တို့​သည် အ​ဘယ်​ကြောင့် ဆို​ပါ​သ​နည်း​ဟု မေး​လျှောက်​ကြ​လျှင်၊- ကိုယ်​တော်​က၊ ဧ​လိ​ယ​သည် အ​ရင်​လာ၍ အ​လုံး​စုံ​တို့​ကို ပြု​ပြင်​ရ​သည် မှန်​ပေ၏။ လူ​သား​သည်​လည်း အ​လွန်​ဆင်း​ရဲ၍ ကဲ့​ရဲ့​ပယ်​ထား​ခြင်း​ကို ခံ​ရ​မည်​ဟု ကျမ်း​စာ​လာ၏။- ငါ​ဆို​သည်​ကား၊ ဧ​လိ​ယ​သည် ရောက်​လေ​ပြီ။ သူ၏​အ​ကြောင်း​ကို ကျမ်း​စာ၌​ရေး​ထား​သည်​အ​တိုင်း လူ​များ​သည် သူ့​အား​ပြု​ချင်​သ​မျှ​ကို ပြု​ကြ​ပြီ​ဟု မိန့်​တော်​မူ၏။

ရှင်မာကု 9:9-13 Common Language Bible (BCL)

ထို​နောက်​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် တောင် ပေါ်​မှ​ဆင်း​ကြ​၏။ ထို​သို့​ဆင်း​ကြ​စဉ်​ကိုယ်​တော် က ``သင်​တို့​တွေ့​မြင်​ခဲ့​သည့်​အ​ခြင်း​အ​ရာ​ကို လူ​သား​သေ​ခြင်း​မှ​မ​ထ​မြောက်​မီ​အ​ဘယ်​သူ အား​မျှ​မ​ပြော​ကြ​နှင့်'' ဟု​တ​ပည့်​တော်​တို့​အား ပညတ်​တော်​မူ​၏။ သူ​တို့​သည်​ဤ​အ​မိန့်​ကို​လိုက်​နာ​ကြ​သော်​လည်း ``သေ​ခြင်း​မှ​ထ​မြောက်​သည်​ဆို​သည်​ကား​အ​ဘယ် နည်း'' ဟု​အ​ချင်း​ချင်း​ဆွေး​နွေး​လျက်​နေ​ကြ​၏။- ထို​နောက်​ကိုယ်​တော်​အား ``ကျမ်း​တတ်​ဆ​ရာ​တို့ က ဦး​စွာ​ပ​ထ​မ​ဧ​လိ​ယ​ကြွ​လာ​လိမ့်​မည်​ဟု အ​ဘယ်​ကြောင့်​ဆို​ပါ​သ​နည်း'' ဟု​မေး​လျှောက် ကြ​၏။ ကိုယ်​တော်​က ``အ​မှု​အ​ရာ​ခပ်​သိမ်း​ကို​အ​သင့် ပြင်​ဆင်​ရန် ဦး​စွာ​ပ​ထ​မ​ဧ​လိ​ယ​ကြွ​လာ​ရ သည်​ကား​မှန်​၏။ သို့​ရာ​တွင်​ကျမ်း​စာ​တော်​က လူ​သား​သည်​များ​စွာ​သော​ဒုက္ခ​ဆင်း​ရဲ​ကို​လည်း ကောင်း၊ ပစ်​ပယ်​ခြင်း​ကို​လည်း​ကောင်း​ခံ​ရ​မည်​ဟု အ​ဘယ်​ကြောင့်​ဆို​သ​နည်း။- ဧ​လိ​ယ​သည်​ကြွ​လာ​ခဲ့​ပြီ။ ကျမ်း​စာ​လာ​သည် အ​တိုင်း လူ​တို့​သည်​သူ့​အား​ပြု​လို​ရာ​ပြု​ခဲ့​ကြ ပြီ​ဟု​သင်​တို့​အား​ငါ​ဆို​သည်'' ဟု​မိန့်​တော်​မူ​၏။

ရှင်မာကု 9:9-13 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် တောင်​ပေါ်မှ သူ​တို့​ဆင်းလာ​ကြ​စဉ် ကိုယ်တော်​က သူ​တို့​တွေ့မြင်​ခဲ့​ရ​သော​အရာ​များ​ကို လူ့သား​သည် သေ​သော​သူ​တို့​ထဲမှ မ​ထမြောက်​မီ မည်သူ့​ကို​မျှ​မ​ပြော​ကြ​ရန် သူ​တို့​အား မိန့်မှာ​တော်မူ​၏။ သူ​တို့​သည်​လည်း ထို​စကား​ကို မှတ်သား​ထား​လျက် သေ​သော​သူ​တို့​ထဲမှ ထမြောက်​ခြင်း​ဆိုသည်မှာ မည်သည့်​အရာ​ကို​ဆိုလို​သနည်း​ဟု အချင်းချင်း​ဆွေးနွေး​မေးမြန်း​ကြ​၏။ ထို့နောက် သူ​တို့​က “ဧလိယ​သည် ဦးစွာ​လာ​ရ​မည်​ဟု ကျမ်းပြု​ဆရာ​တို့​က အဘယ်ကြောင့်​ဆို​ကြ​သနည်း”​ဟူ၍ ကိုယ်တော်​အား​မေးလျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“ဧလိယ​သည် ဦးစွာ​လာ​၍ အရာ​ခပ်သိမ်း​တို့​ကို ပြန်လည်​ထူထောင်​မည်​မှန်​၏။ သို့ရာတွင် လူ့သား​သည် ဒုက္ခ​ဝေဒနာ​များစွာ​ခံစား​ရ​ပြီး ပစ်ပယ်​ခြင်း​ကို​ခံရ​မည်​ဟု ရေး​ထား​သည်​မှာ မည်သို့နည်း။ သို့သော် သင်​တို့​အား ငါ​ဆို​သည်​ကား ဧလိယ​သည် ရောက်လာ​ခဲ့​ပြီ။ လူ​တို့​သည်​လည်း သူ​နှင့်​ပတ်သက်၍ ကျမ်းစာ​၌​ရေး​ထား​သည့်​အတိုင်း သူ့​အပေါ် ပြု​လို​ရာ​ပြု​ခဲ့​ကြ​ပြီ”​ဟု မိန့်​တော်မူ​၏။