ရှင်မာကု 6:30-34
ရှင်မာကု 6:30-34 Judson Bible (JBMLE)
တမန်တော်တို့သည် ယေရှုထံတော်၌ စုဝေး၍၊ မိမိတို့ပြုသမျှ သွန်သင်သမျှတို့ကို ကြားလျှောက်ကြ၏။- ကိုယ်တော်ကလည်း၊ တော၌ ဆိတ်ကွယ်ရာအရပ်သို့ လာကြ။ ခဏအားဖြည့်၍ ငြိမ်သက်စွာ နေကြဟု မိန့်တော်မူ၏။ အကြောင်းမူကား၊ လူများ သွားလာကြသည်ဖြစ်၍ တမန်တော်တို့သည် အစာစားခြင်းငှာမျှ မအားနိုင်ကြ။- ထိုကြောင့်၊ လှေစီး၍ တော၌ ဆိတ်ကွယ်ရာအရပ်သို့ သွားကြ၏။- သွားကြသည်ကို လူများတို့သည်မြင်၍ ကိုယ်တော်ဖြစ်သည်ကို သိလျှင်၊ အမြို့မြို့အရွာရွာတို့မှ ထွက်၍ ထိုအရပ်သို့ ကုန်းကြောင်းပြေးသွားသဖြင့်၊ တမန်တော်တို့အရင်ရောက်၍ အထံတော်၌ စုဝေးကြ၏။- ယေရှုသည် ထွက်ကြွ၍ လူများအပေါင်းတို့ကို တွေ့မြင်တော်မူလျှင်၊ ထိုသူတို့သည် ထိန်းသူမရှိ၊ ပစ်ထားသော သိုးကဲ့သို့ ဖြစ်ကြသည်ကို သနားခြင်းစိတ်တော်ရှိ၍ များစွာသော ဆုံးမဩဝါဒကို ပေးတော်မူ၏။
ရှင်မာကု 6:30-34 Common Language Bible (BCL)
တမန်တော်တို့သည်သခင်ယေရှုထံတော်သို့ ပြန်လာပြီးလျှင် မိမိတို့လုပ်ဆောင်ခဲ့သမျှ သွန်သင်ခဲ့သမျှတို့ကိုကြားလျှောက်ကြ၏။- များစွာသောလူတို့သည်ဝင်ထွက်သွားလာလျက် ရှိကြသဖြင့် သခင်ယေရှုနှင့်တမန်တော်တို့သည် အစားအစာသုံးဆောင်ရန်အချိန်ပင်မရကြ။ ထို့ကြောင့်ကိုယ်တော်က ``ငါတို့ဆိတ်ကွယ်ရာ အရပ်သို့သွား၍ခေတ္တမျှနားနေကြကုန်အံ့'' ဟုမိန့်တော်မူ၏။- သို့ဖြစ်၍ကိုယ်တော်နှင့်တပည့်တော်တို့သည် ဆိတ်ကွယ်ရာအရပ်တစ်ခုသို့လှေဖြင့်ထွက် သွားကြ၏။ ထိုသို့သွားသည်ကိုလူအများပင်မြင်လိုက် သဖြင့် ကိုယ်တော်နှင့်တပည့်တော်တို့ဖြစ်ကြောင်း သိကြ၏။ ထို့ကြောင့်အမြို့မြို့အရွာရွာမှလူ အပေါင်းတို့သည် ကိုယ်တော်သွားရာအရပ်သို့ အလျင်အမြန်ကုန်းကြောင်းလိုက်သဖြင့်ကိုယ် တော်နှင့်တပည့်တော်တို့မရောက်မီရောက်နှင့် နေကြ၏။- ကိုယ်တော်သည်လှေမှတက်တော်မူသောအခါ လူထုကြီးကိုမြင်တော်မူ၏။ သိုးထိန်းမဲ့သည့် သိုးများကဲ့သို့ဖြစ်နေကြသဖြင့် သူတို့ကို သနားတော်မူ၏။ သို့ဖြစ်၍များစွာသောတရား စကားများကို သူတို့အားဟောပြောသွန်သင် တော်မူ၏။
ရှင်မာကု 6:30-34 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
တမန်တော်တို့သည် ယေရှုထံ ပြန်လည်စုဝေးလာကြ၍ သူတို့ပြုခဲ့သမျှနှင့် သွန်သင်ခဲ့သမျှတို့ကို ကိုယ်တော်အားကြားလျှောက်ကြ၏။ ကိုယ်တော်ကလည်း“သင်တို့သည် လူသူကင်းဝေးရာအရပ်သို့ သင်တို့ချည်းသာလာ၍ ခေတ္တအနားယူကြလော့”ဟု သူတို့အား မိန့်တော်မူ၏။ ထိုသို့မိန့်တော်မူခြင်းမှာ ဝင်ထွက်သူများသဖြင့် သူတို့သည် အစာစားရန်ပင် အချိန်မရကြသောကြောင့်ဖြစ်၏။ ထို့ကြောင့် သူတို့သည် လူသူကင်းဝေးရာအရပ်သို့ သူတို့ချည်းသာ လှေဖြင့်ထွက်သွားကြ၏။ သို့သော် လူများစွာတို့သည် သူတို့သွားကြသည်ကိုတွေ့၍ သိမြင်သဖြင့် မြို့ရွာအပေါင်းတို့မှ ထိုအရပ်သို့ ကုန်းကြောင်းဖြင့်ပြေးသွားကာ သူတို့ထက်အလျင်ဦးစွာ ရောက်နှင့်ကြလေ၏။ ကိုယ်တော်သည်လှေပေါ်မှဆင်းသောအခါ များစွာသောလူထုပရိသတ်ကိုမြင်လျှင် သူတို့သည် သိုးထိန်းမရှိသောသိုးများကဲ့သို့ဖြစ်ကြသောကြောင့် သူတို့အပေါ်ကြင်နာစိတ်ရှိတော်မူ၍ များစွာသောအရာတို့ကိုသွန်သင်တော်မူ၏။