YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 6:30-33

ရှင်မာကု 6:30-33 Judson Bible (JBMLE)

တ​မန်​တော်​တို့​သည် ယေ​ရှု​ထံ​တော်၌ စု​ဝေး၍၊ မိ​မိ​တို့​ပြု​သ​မျှ သွန်​သင်​သ​မျှ​တို့​ကို ကြား​လျှောက်​ကြ၏။- ကိုယ်​တော်​က​လည်း၊ တော၌ ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ လာ​ကြ။ ခ​ဏ​အား​ဖြည့်၍ ငြိမ်​သက်​စွာ နေ​ကြ​ဟု မိန့်​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ လူ​များ သွား​လာ​ကြ​သည်​ဖြစ်၍ တ​မန်​တော်​တို့​သည် အ​စာ​စား​ခြင်း​ငှာ​မျှ မ​အား​နိုင်​ကြ။- ထို​ကြောင့်၊ လှေ​စီး၍ တော၌ ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ သွား​ကြ၏။- သွား​ကြ​သည်​ကို လူ​များ​တို့​သည်​မြင်၍ ကိုယ်​တော်​ဖြစ်​သည်​ကို သိ​လျှင်၊ အ​မြို့​မြို့​အ​ရွာ​ရွာ​တို့​မှ ထွက်၍ ထို​အ​ရပ်​သို့ ကုန်း​ကြောင်း​ပြေး​သွား​သ​ဖြင့်၊ တ​မန်​တော်​တို့​အ​ရင်​ရောက်၍ အ​ထံ​တော်၌ စု​ဝေး​ကြ၏။

ရှင်မာကု 6:30-33 Common Language Bible (BCL)

တ​မန်​တော်​တို့​သည်​သ​ခင်​ယေ​ရှု​ထံ​တော်​သို့ ပြန်​လာ​ပြီး​လျှင် မိ​မိ​တို့​လုပ်​ဆောင်​ခဲ့​သ​မျှ သွန်​သင်​ခဲ့​သ​မျှ​တို့​ကို​ကြား​လျှောက်​ကြ​၏။- များ​စွာ​သော​လူ​တို့​သည်​ဝင်​ထွက်​သွား​လာ​လျက် ရှိ​ကြ​သ​ဖြင့် သ​ခင်​ယေ​ရှု​နှင့်​တ​မန်​တော်​တို့​သည် အ​စား​အ​စာ​သုံး​ဆောင်​ရန်​အ​ချိန်​ပင်​မ​ရ​ကြ။ ထို့​ကြောင့်​ကိုယ်​တော်​က ``ငါ​တို့​ဆိတ်​ကွယ်​ရာ အ​ရပ်​သို့​သွား​၍​ခေတ္တ​မျှ​နား​နေ​ကြ​ကုန်​အံ့'' ဟု​မိန့်​တော်​မူ​၏။- သို့​ဖြစ်​၍​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် ဆိတ်​ကွယ်​ရာ​အ​ရပ်​တစ်​ခု​သို့​လှေ​ဖြင့်​ထွက် သွား​ကြ​၏။ ထို​သို့​သွား​သည်​ကို​လူ​အ​များ​ပင်​မြင်​လိုက် သ​ဖြင့် ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​ဖြစ်​ကြောင်း သိ​ကြ​၏။ ထို့​ကြောင့်​အ​မြို့​မြို့​အ​ရွာ​ရွာ​မှ​လူ အ​ပေါင်း​တို့​သည် ကိုယ်​တော်​သွား​ရာ​အ​ရပ်​သို့ အ​လျင်​အ​မြန်​ကုန်း​ကြောင်း​လိုက်​သ​ဖြင့်​ကိုယ် တော်​နှင့်​တ​ပည့်​တော်​တို့​မ​ရောက်​မီ​ရောက်​နှင့် နေ​ကြ​၏။

ရှင်မာကု 6:30-33 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တမန်တော်​တို့​သည် ယေရှု​ထံ ပြန်လည်​စုဝေး​လာ​ကြ​၍ သူ​တို့​ပြု​ခဲ့​သမျှ​နှင့် သွန်သင်​ခဲ့​သမျှ​တို့​ကို ကိုယ်တော်​အား​ကြားလျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“သင်​တို့​သည် လူသူ​ကင်းဝေး​ရာ​အရပ်​သို့ သင်​တို့​ချည်းသာ​လာ​၍ ခေတ္တ​အနားယူ​ကြ​လော့”​ဟု သူ​တို့​အား မိန့်​တော်မူ​၏။ ထိုသို့​မိန့်​တော်မူ​ခြင်း​မှာ ဝင်​ထွက်​သူ​များ​သဖြင့် သူ​တို့​သည် အစာ​စား​ရန်​ပင် အချိန်​မ​ရ​ကြ​သောကြောင့်​ဖြစ်​၏။ ထို့ကြောင့် သူ​တို့​သည် လူသူ​ကင်းဝေး​ရာ​အရပ်​သို့ သူ​တို့​ချည်းသာ လှေ​ဖြင့်​ထွက်သွား​ကြ​၏။ သို့သော် လူ​များစွာ​တို့​သည် သူ​တို့​သွား​ကြ​သည်​ကို​တွေ့​၍ သိမြင်​သဖြင့် မြို့​ရွာ​အပေါင်း​တို့​မှ ထို​အရပ်​သို့ ကုန်းကြောင်း​ဖြင့်​ပြေးသွား​ကာ သူ​တို့​ထက်​အလျင်​ဦးစွာ ရောက်​နှင့်​ကြ​လေ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။