ရှင်မာကု 6:30-31
ရှင်မာကု 6:30-31 Judson Bible (JBMLE)
တမန်တော်တို့သည် ယေရှုထံတော်၌ စုဝေး၍၊ မိမိတို့ပြုသမျှ သွန်သင်သမျှတို့ကို ကြားလျှောက်ကြ၏။- ကိုယ်တော်ကလည်း၊ တော၌ ဆိတ်ကွယ်ရာအရပ်သို့ လာကြ။ ခဏအားဖြည့်၍ ငြိမ်သက်စွာ နေကြဟု မိန့်တော်မူ၏။ အကြောင်းမူကား၊ လူများ သွားလာကြသည်ဖြစ်၍ တမန်တော်တို့သည် အစာစားခြင်းငှာမျှ မအားနိုင်ကြ။
ရှင်မာကု 6:30-31 Common Language Bible (BCL)
တမန်တော်တို့သည်သခင်ယေရှုထံတော်သို့ ပြန်လာပြီးလျှင် မိမိတို့လုပ်ဆောင်ခဲ့သမျှ သွန်သင်ခဲ့သမျှတို့ကိုကြားလျှောက်ကြ၏။- များစွာသောလူတို့သည်ဝင်ထွက်သွားလာလျက် ရှိကြသဖြင့် သခင်ယေရှုနှင့်တမန်တော်တို့သည် အစားအစာသုံးဆောင်ရန်အချိန်ပင်မရကြ။ ထို့ကြောင့်ကိုယ်တော်က ``ငါတို့ဆိတ်ကွယ်ရာ အရပ်သို့သွား၍ခေတ္တမျှနားနေကြကုန်အံ့'' ဟုမိန့်တော်မူ၏။
ရှင်မာကု 6:30-31 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
တမန်တော်တို့သည် ယေရှုထံ ပြန်လည်စုဝေးလာကြ၍ သူတို့ပြုခဲ့သမျှနှင့် သွန်သင်ခဲ့သမျှတို့ကို ကိုယ်တော်အားကြားလျှောက်ကြ၏။ ကိုယ်တော်ကလည်း“သင်တို့သည် လူသူကင်းဝေးရာအရပ်သို့ သင်တို့ချည်းသာလာ၍ ခေတ္တအနားယူကြလော့”ဟု သူတို့အား မိန့်တော်မူ၏။ ထိုသို့မိန့်တော်မူခြင်းမှာ ဝင်ထွက်သူများသဖြင့် သူတို့သည် အစာစားရန်ပင် အချိန်မရကြသောကြောင့်ဖြစ်၏။