ရှင်မာကု 5:14-20
ရှင်မာကု 5:14-20 Judson Bible (JBMLE)
ဝက်ကျောင်းသောသူတို့သည် ပြေး၍မြို့ရွာတို့၌ သတင်းကြားပြောလျှင်၊ လူများတို့သည် ထိုအမှုအရာတို့ကို ကြည့်ရှုအံ့သောငှာ ထွက်လာကြ၏။- အထံတော်သို့ ရောက်သောအခါ၊ နတ်ဆိုး လေဂေါင်စွဲသောသူသည် အဝတ်ကိုဝတ်၍ ပကတိစိတ်နှင့် ထိုင်နေသည်ကို မြင်လျှင်၊ ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။- နတ်ဆိုးစွဲသောသူ၌လည်းကောင်း၊ ဝက်တို့၌လည်းကောင်း၊ အဘယ်သို့ဖြစ်သည်ကို သိမြင်သောသူတို့သည် နောက်လာသောသူတို့အား ပြန်ကြားပြီးမှ၊- မိမိတို့ပြည်က ထွက်သွားတော်မူမည်အကြောင်း တောင်းပန်ကြ၏။ လှေထဲသို့ ဝင်တော်မူသောအခါ နတ်ဆိုးစွဲဖူးသောသူသည် ကိုယ်တော်နှင့်အတူ ရှိပါမည်အကြောင်း တောင်းပန်လျှင်၊- ကိုယ်တော်သည် အခွင့်မပေး။ သင်သည် ကိုယ်အိမ်သို့သွားလော့။ ထာဝရဘုရားသည် သနားခြင်းစိတ်တော်နှင့် သင်၌ အဘယ်မျှလောက် ကျေးဇူးပြုတော်မူသည်ကို သင်၏အဆွေအမျိုးတို့အား ပြန်ကြားလော့ဟု မိန့်တော်မူလျှင်၊- ထိုသူသည် သွား၍၊ ယေရှုသည် အဘယ်မျှလောက် ကျေးဇူးပြုတော်မူသည်ကို၊ ဒေကာပေါလိပြည်တွင် သတင်းကြားပြောသည်ဖြစ်၍၊ ခပ်သိမ်းသောသူတို့သည် အံ့ဩခြင်းရှိကြ၏။
ရှင်မာကု 5:14-20 Common Language Bible (BCL)
ဝက်ထိန်းများသည်ထွက်ပြေးကြ၏။ မြို့နှင့် ကျေးလက်တောရွာများတွင်ထိုအဖြစ်အပျက် အကြောင်းအရာများကိုအနှံ့အပြားပြော ကြားကြ၏။ လူတို့သည်ဖြစ်ပျက်ပုံကိုသိလို ၍လာရောက်ကြည့်ရှုကြ၏။- သူတို့သည်သခင်ယေရှုထံသို့ရောက်ရှိကြ သောအခါ လေဂေါင်နတ်ပူးဝင်ခဲ့သူသည် အဝတ် ကိုဝတ်ဆင်ကာလူကောင်းပကတိအဖြစ်ထိုင် နေသည်ကိုမြင်လျှင်ကြောက်ကြ၏။- မျက်မြင်သက်သေများကနတ်မိစ္ဆာပူးဝင်ခဲ့သူ နှင့်ဝက်များ၏အဖြစ်အပျက်ကိုထိုသူတို့ အားပြောပြကြ၏။ ထို့ကြောင့်သူတို့သည်မိမိတို့ဒေသမှထွက်ခွာ သွားတော်မူရန် သခင်ယေရှုအားတောင်းပန် ကြ၏။ ကိုယ်တော်သည်လှေပေါ်သို့တက်တော်မူစဉ် နတ်မိစ္ဆာ ပူးဝင်ခဲ့သူကနောက်တော်သို့လိုက်ခွင့်ပြုရန် လျှောက်ထားတောင်းပန်၏။ ကိုယ်တော်ကားခွင့်ပြုတော်မမူ။ ``သင်၏အိမ်သို့ သွားလော့။ ဘုရားသခင်သည်သင့်အားမည်မျှ ကျေးဇူးပြုတော်မူကြောင်းနှင့် မည်သို့သနား တော်မူကြောင်းကိုဆွေမျိုးသားချင်းတို့အား ပြောပြလော့'' ဟုမိန့်တော်မူ၏။ ထိုသူသည်ထွက်သွား၍မိမိအားသခင်ယေရှု သည် အဘယ်သို့ကျေးဇူးပြုတော်မူကြောင်း ကို ဒေကာပေါလိဟုနာမည်တွင်သောပြည် တစ်လျှောက်လုံးတွင်အနှံ့အပြားပြောကြား လေ၏။ ကြားရသောသူအပေါင်းတို့သည် အံ့သြကြ၏။
ရှင်မာကု 5:14-20 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ဝက်ထိန်းကျောင်းသောသူတို့သည် ထွက်ပြေး၍ မြို့နှင့်တောရွာများတွင် ပြောကြားကြသဖြင့် လူတို့သည် မည်သည့်အရာဖြစ်ပျက်ခဲ့သည်ကိုကြည့်ရှုရန် ထွက်လာကြ၏။ ယေရှုထံသို့ရောက်လာကြသောအခါ လေဂေါင်စွဲခဲ့သည့် နတ်ဆိုးပူးသူသည် အဝတ်ဝတ်ထားကာ ပကတိစိတ်ရှိလျက်ထိုင်နေသည်ကိုတွေ့မြင်လျှင် ကြောက်ရွံ့ကြ၏။ မျက်မြင်တွေ့ရှိသူများကလည်း နတ်ဆိုးပူးသူ၌ မည်ကဲ့သို့ဖြစ်ပျက်ခဲ့သည်ကိုလည်းကောင်း၊ ဝက်တို့အကြောင်းကိုလည်းကောင်း သူတို့အားပြောပြကြ၏။ ထိုအခါ သူတို့သည် မိမိတို့၏အရပ်ဒေသမှ ထွက်သွားတော်မူရန် ကိုယ်တော်အားတောင်းပန်ကြ၏။ ကိုယ်တော်သည် လှေပေါ်သို့တက်တော်မူစဉ် နတ်ဆိုးပူးခဲ့သူက ကိုယ်တော်နှင့်အတူလိုက်ပါခွင့်ပြုပါမည့်အကြောင်း ကိုယ်တော်ကိုတောင်းပန်လေ၏။ သို့သော် ကိုယ်တော်သည် ခွင့်ပြုတော်မမူဘဲ“သင့်အိမ်၊ သင့်မိသားစုထံသို့သွား၍ သင့်အပေါ် ထာဝရဘုရားပြုတော်မူသမျှသောအရာနှင့် သင့်ကိုသနားတော်မူကြောင်းကို သူတို့အားပြောပြလော့”ဟု မိန့်တော်မူ၏။ ထိုအခါ သူသည်ထွက်သွား၍ မိမိအပေါ်ယေရှုပြုတော်မူသမျှတို့ကို ဒေကာပေါလိနယ်၌ပြောကြားသဖြင့် လူအပေါင်းတို့သည်အံ့သြကြ၏။