YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 5:1-15

ရှင်မာကု 5:1-15 Judson Bible (JBMLE)

အိုင်​တစ်​ဖက်၊ ဂါ​ဒ​ရ​ပြည်​သို့ ရောက်​ကြ၍၊- ယေ​ရှု​သည် လှေ​ထဲ​က​ထွက်​ကြွ​တော်​မူ​သည် ခ​ဏ​ချင်း​တွင်၊ ညစ်​ညူး​သော​နတ်​စွဲ​သော​သူ​သည် သင်္ချိုင်း​တ​စ​ပြင်​မှ ထွက်​လာ၍ ကိုယ်​တော်​ကို ခ​ရီး​ဦး​ကြို​ပြု​လေ၏။- ထို​သူ​သည် သင်္ချိုင်း​တ​စ​ပြင်၌ နေ​တတ်၏။ သူ့​ကို သံ​ကြိုး​နှင့်​ပင် အ​ဘယ်​သူ​မျှ ချည်၍​မ​နိုင်။- ခြေ​ချင်း၊ သံ​ကြိုး​နှင့် အ​ဖန်​များ​စွာ ချည်​စမ်း​သော်​လည်း၊ သံ​ကြိုး​ကို​ဆွဲ​ဖြတ်၍ ခြေ​ချင်း​ကို ဖြဲ​တတ်၏။ သူ့​ကို​ယဉ်​စေ​ခြင်း​ငှာ အ​ဘယ်​သူ​မျှ မ​တတ်​နိုင်။- နေ့​ည​မ​ပြတ် သင်္ချိုင်း​တ​စ​ပြင်၌​လည်း​ကောင်း၊ တောင်​ပေါ်၌​လည်း​ကောင်း၊ ဟစ်​ကြော်​လျက်၊ ကျောက်​ဇောင်း​နှင့် ကိုယ်​ကို​ရှ​စေ​လျက် နေ​တတ်၏။- ယေ​ရှု​ကို အ​ဝေး​က​မြင်​လျှင်၊ အ​ထံ​တော်​သို့ ပြေး​လာ၍ ပျပ်​ဝပ်​လျက်၊- အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင်၏ သား​တော်​ယေ​ရှု၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​နှင့်​အ​ဘယ်​သို့ ဆိုင်​သ​နည်း။ အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​တော်​မ​မူ​မည်​အ​ကြောင်း ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု၍ အ​ကျွန်ုပ် တောင်း​ပန်​ပါ​သည်​ဟု ကြီး​သော​အ​သံ​နှင့် အော်​ဟစ်၍ လျှောက်​လေ၏။- လျှောက်​သည်​အ​ကြောင်း​ကား၊ ညစ်​ညူး​သော​နတ်၊ ထို​လူ​မှ​ထွက်​သွား​လော့​ဟု မိန့်​တော်​မူ​ခဲ့​ပြီ။- ကိုယ်​တော်​က​လည်း၊ သင်​သည် အ​ဘယ်​အ​မည် ရှိ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ အ​ကျွန်ုပ်​အ​မည်​ကား၊ လေ​ဂေါင်​ဖြစ်​ပါ၏။ အ​ကျွန်ုပ်​တို့​သည် အ​များ​ဖြစ်​ကြ​ပါ၏​ဟု လျှောက်​ပြီး​မှ၊- ထို​ပြည်​ထဲ​က အ​ခြား​သို့ မ​နှင်​ပါ​မည်​အ​ကြောင်း များ​စွာ​တောင်း​ပန်​လေ၏။ ထို​အ​ရပ်၌ တောင်​ပေါ်​မှာ များ​စွာ​သော ဝက်​အ​စု​သည် ကျက်​စား​လျက်​ရှိ၏။- နတ်​ဆိုး​အ​ပေါင်း​တို့​လည်း၊ အ​ကျွန်ုပ်​တို့​သည် ထို​ဝက်​ထဲ​သို့ ဝင်​ရ​ပါ​မည်​အ​ကြောင်း စေ​လွှတ်​တော်​မူ​ပါ​ဟု တောင်း​ပန်​ပြန်​လျှင်၊- ယေ​ရှု​သည် ချက်​ချင်း​အ​ခွင့်​ပေး​တော်​မူ၏။ ညစ်​ညူး​သော​နတ်​တို့​သည် ထွက်၍ ဝက်​ထဲ​သို့​ဝင်​သ​ဖြင့် ဝက်​အ​စု​သည် အိုင်​ကမ်း​ဇောက်​ကို တစ်​ဟုန်​တည်း​ပြေး​ဆင်း၍ အိုင်၌​အ​သက်​ဆုံး​ကြ၏။ အ​ရေ​အ​တွက်​အား​ဖြင့် နှစ်​ထောင်​လောက်​ရှိ၏။- ဝက်​ကျောင်း​သော​သူ​တို့​သည် ပြေး၍​မြို့​ရွာ​တို့၌ သ​တင်း​ကြား​ပြော​လျှင်၊ လူ​များ​တို့​သည် ထို​အ​မှု​အ​ရာ​တို့​ကို ကြည့်​ရှု​အံ့​သော​ငှာ ထွက်​လာ​ကြ၏။- အ​ထံ​တော်​သို့ ရောက်​သော​အ​ခါ၊ နတ်​ဆိုး လေ​ဂေါင်​စွဲ​သော​သူ​သည် အ​ဝတ်​ကို​ဝတ်၍ ပ​က​တိ​စိတ်​နှင့် ထိုင်​နေ​သည်​ကို မြင်​လျှင်၊ ကြောက်​ရွံ့​ခြင်း​သို့ ရောက်​ကြ၏။

ရှင်မာကု 5:1-15 Common Language Bible (BCL)

ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် ဂါ​လိ​လဲ​အိုင် တစ်​ဖက်​ကမ်း​တွင်​ရှိ​သော​ဂါ​ရ​စ​ဒေ​သ​သို့ ရောက်​ကြ​၏။- ကိုယ်​တော်​လှေ​ထဲ​က​ထွက်​ကြွ​တော်​မူ​သည့်​ခ​ဏ ၌​နတ်​ပူး​ဝင်​နေ​သူ​လူ​တစ်​ယောက်​သည် သင်္ချိုင်း တ​စ​ပြင်​မှ​ထွက်​လာ​ပြီး​လျှင်​ကိုယ်​တော်​နှင့် တွေ့​ဆုံ​၏။- သူ​သည်​သင်္ချိုင်း​ဂူ​များ​အ​ကြား​တွင်​နေ​၏။ သူ့ အား​မည်​သူ​မျှ​သံ​ကြိုး​နှင့်​ချည်​နှောင်​၍​မ​ထား နိုင်။- သူ့​အား​ကြိမ်​ဖန်​များ​စွာ​သံ​ကြိုး​များ​ဖြင့်​ချည် နှောင်​ခဲ့​ဖူး​ကြ​၏။ သံ​ကြိုး​နှင့်​လက်​ထိတ်​ခြေ​ထိတ် များ​ခတ်​ခဲ့​ဖူး​ကြ​၏။ သံ​ကြိုး​နှင့်​လက်​ထိတ်​ခြေ ထိတ်​များ​သာ​ပြတ်​သွား​ခဲ့​၏။ မည်​သူ​မျှ​သူ့​အား နှိမ်​နင်း​၍​မ​ရ။- သူ​သည်​သင်္ချိုင်း​ဂူ​များ​အ​ကြား​တွင်​လည်း​ကောင်း၊ တောင်​ကုန်း​များ​အ​ထက်​တွင်​လည်း​ကောင်း​နေ့​ည မ​ပြတ်​ဟစ်​အော်​လျက် မိ​မိ​ကိုယ်​ကို​ကျောက်​စောင်း များ​ဖြင့်​အ​နာ​တ​ရ​ဖြစ်​စေ​၏။ သူ​သည်​သ​ခင်​ယေ​ရှု​ကို​အ​ဝေး​မှ​မြင်​လျှင် ပြေး ၍​ရှေ့​တော်​၌​ပျပ်​ဝပ်​ကာ ``အ​မြင့်​မြတ်​ဆုံး​သော ဘု​ရား​သ​ခင်​၏​သား​တော်​ယေ​ရှု၊ အ​ရှင်​သည် အ​ကျွန်ုပ်​ကို​မည်​သို့​ပြု​လို​တော်​မူ​ပါ​သ​နည်း။ အ​ကျွန်ုပ်​အား​ညှဉ်း​ဆဲ​တော်​မ​မူ​ပါ​နှင့်။ ဘု​ရား သ​ခင်​ကို​အ​မှီ​ပြု​၍​အ​ကျွန်ုပ်​တောင်း​ပန်​ပါ​၏'' ဟု​ကျယ်​စွာ​ဟစ်​အော်​၏။- ယင်း​သို့​ဟစ်​အော်​ရ​သည့်​အ​ကြောင်း​မှာ သ​ခင် ယေ​ရှု​က ``ညစ်​ညမ်း​သော​နတ်၊ ဤ​လူ​အ​ထဲ​မှ ထွက်​ခဲ့​လော့'' ဟု​အ​မိန့်​ပေး​လိုက်​သော​ကြောင့် ဖြစ်​၏။ ကိုယ်​တော်​က ``သင်​၏​နာ​မည်​ကား​အ​ဘယ်​နည်း'' ဟု​မေး​၏။ ထို​သူ​က ``အ​ကျွန်ုပ်​တို့​သည်​အ​ရေ​အ​တွက်​အား ဖြင့်​များ​သော​ကြောင့် အ​ကျွန်ုပ်​တို့​ကို​လေ​ဂေါင်​ဟု ခေါ်​ပါ​သည်'' ဟု​ပြန်​၍​လျှောက်​ထား​ပြီး​နောက်၊- မိ​မိ​တို့​အား​ထို​ဒေ​သ​မှ​နှင်​ထုတ်​တော်​မ​မူ​ရန် အ​တန်​တန်​တောင်း​ပန်​လေ​၏။ ထို​အ​ချိန်​၌​တောင်​ကုန်း​အ​နီး​တွင်​ဝက်​အုပ် ကြီး​ကျက်​စား​လျက်​ရှိ​၏။- ညစ်​ညမ်း​သော​နတ်​များ​က ``အ​ကျွန်ုပ်​တို့​အား ထို ဝက်​များ​ကို​ပူး​ဝင်​ရန်​ခွင့်​ပြု​တော်​မူ​ပါ'' ဟု တောင်း​ပန်​ကြ​၏။- ကိုယ်​တော်​သည်​ခွင့်​ပြု​တော်​မူ​၏။ ညစ်​ညမ်း​သော နတ်​တို့​သည် ထို​လူ​၏​ထံ​မှ​ထွက်​ခွာ​၍​ဝက်​များ ကို​ပူး​ဝင်​ကြ​၏။ ကောင်​ရေ​နှစ်​ထောင်​ခန့်​ရှိ​သော ထို​ဝက်​အုပ်​သည်​ချောက်​ကမ်း​ပါး​အ​တိုင်း​အိုင် ထဲ​သို့​ပြေး​ဆင်း​လျက်​နစ်​မြုပ်​ဆုံး​ပါး​ကြ ကုန်​၏။ ဝက်​ထိန်း​များ​သည်​ထွက်​ပြေး​ကြ​၏။ မြို့​နှင့် ကျေး​လက်​တော​ရွာ​များ​တွင်​ထို​အ​ဖြစ်​အ​ပျက် အ​ကြောင်း​အ​ရာ​များ​ကို​အ​နှံ့​အ​ပြား​ပြော ကြား​ကြ​၏။ လူ​တို့​သည်​ဖြစ်​ပျက်​ပုံ​ကို​သိ​လို ၍​လာ​ရောက်​ကြည့်​ရှု​ကြ​၏။- သူ​တို့​သည်​သ​ခင်​ယေ​ရှု​ထံ​သို့​ရောက်​ရှိ​ကြ သော​အ​ခါ လေ​ဂေါင်​နတ်​ပူး​ဝင်​ခဲ့​သူ​သည် အ​ဝတ် ကို​ဝတ်​ဆင်​ကာ​လူ​ကောင်း​ပ​က​တိ​အ​ဖြစ်​ထိုင် နေ​သည်​ကို​မြင်​လျှင်​ကြောက်​ကြ​၏။

ရှင်မာကု 5:1-15 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် သူ​တို့​သည် ပင်လယ်​တစ်ဖက်ကမ်း​ရှိ ဂါရစ​နယ်​သို့​ရောက်​ကြ​၏။ ယေရှု​သည် လှေ​ပေါ်မှ​ဆင်း​တော်မူ​သည့်​ခဏချင်း​တွင် ညစ်ညူး​သော​နတ်​ပူး​နေ​သည့် လူ​တစ်​ဦး​သည် သင်္ချိုင်း​မှ​ထွက်လာ​၍ ကိုယ်တော်​ကို​ဆီးကြို​လေ​၏။ ထို​သူ​သည် သင်္ချိုင်း​၌​နေ​တတ်​ပြီး မည်သူမျှ သူ့​ကို သံကြိုး​နှင့်​ပင်​ချည်နှောင်​ထား​၍ မ​ရ​နိုင်​ချေ။ အဘယ်ကြောင့်​ဆိုသော် သူ့​ကို ခြေချင်း​နှင့်​သံကြိုး​တို့​ဖြင့် အကြိမ်ကြိမ်​ချည်နှောင်​ခဲ့​ကြ​သော်လည်း သူ​သည် သံကြိုး​များ​ကို​ဆွဲဖြတ်​ကာ ခြေချင်း​များ​ကို အပိုင်းပိုင်း​ကျိုးပဲ့​စေ​သောကြောင့် မည်သူမျှ သူ့​ကို မ​ထိန်းချုပ်​နိုင်​ကြ​ချေ။ သူ​သည် သင်္ချိုင်း​၌​လည်းကောင်း၊ တောင်​ပေါ်၌​လည်းကောင်း နေ့​ည​မပြတ်​အော်ဟစ်​လျက် ကျောက်တုံး​များ​ဖြင့် မိမိကိုယ်ကို​အနာတရ​ဖြစ်​စေ​၏။ သူ​သည် ယေရှု​ကို​အဝေး​မှ​မြင်​လျှင် ပြေး​လာ​၍ ကိုယ်တော်​ကို​ရှိခိုး​ကာ “အမြင့်ဆုံး​သော​ဘုရားသခင်​၏​သား​တော်​ယေရှု၊ ကိုယ်တော်​နှင့် အကျွန်ုပ်​မည်သို့​ဆိုင်​သနည်း။ အကျွန်ုပ်​ကို​မ​ညှဉ်းဆဲ​ပါ​ရန် ဘုရားသခင်​ကို​အမှီပြု​၍ ကိုယ်တော်​အား အကျွန်ုပ်​အလေးအနက်​တောင်းပန်​ပါ​၏”​ဟု ကျယ်လောင်​သော​အသံ​ဖြင့် အော်ဟစ်​လျှောက်ထား​လေ​၏။ ထိုသို့​လျှောက်ထား​ခြင်း​မှာ ကိုယ်တော်​သည် ထို​သူ​အား“ညစ်ညူး​သော​နတ်၊ ဤ​လူ​ထဲမှ ထွက်သွား​လော့”​ဟု မိန့်​တော်မူ​သောကြောင့်​ဖြစ်​၏။ တစ်ဖန် ကိုယ်တော်​က“သင့်​နာမည် မည်သို့​ခေါ်​သနည်း”​ဟု မေး​တော်မူ​ရာ ထို​သူ​က “အကျွန်ုပ်​၏​နာမည်​မှာ လေဂေါင်​ဖြစ်​ပါ​၏။ အကျွန်ုပ်​တို့​သည် များစွာ​ရှိ​ကြ​သောကြောင့်​ဖြစ်​၏”​ဟု လျှောက်​လေ​၏။ ထို့နောက် မိမိ​တို့​ကို ထို​အရပ်​ဒေသ​မှ​နှင်ထုတ်​တော်​မ​မူ​ရန် ကိုယ်တော်​အား အနူးအညွတ်​တောင်းပန်​လေ​၏။ ထို​အရပ်​အနီးအနား​ရှိ တောင်ကုန်း​ပေါ်၌ ဝက်​အုပ်​ကြီး​တစ်​အုပ်​ကျက်စား​လျက်​ရှိ​၏။ နတ်ဆိုး​တို့​က “ဝက်​များ​ထဲသို့ ဝင်​ရ​ပါ​မည့်​အကြောင်း ၎င်း​တို့​ထဲသို့ အကျွန်ုပ်​တို့​ကို စေလွှတ်​တော်မူ​ပါ”​ဟု တောင်းပန်​ကြ​၏။ ကိုယ်တော်​သည်​လည်း ခွင့်ပြု​တော်မူ​သဖြင့် ညစ်ညူး​သော​နတ်​တို့​သည်​ထွက်သွား​၍ ဝက်​များ​ထဲသို့​ဝင်​ကြ​ရာ နှစ်ထောင်​ခန့်​ရှိ​သော​ဝက်​အုပ်​သည် တောင်​ကမ်းပါး​အတိုင်း ပင်လယ်​ထဲသို့ တစ်ဟုန်ထိုး​ပြေးဆင်း​ကာ ပင်လယ်​ထဲ၌ ရေနစ်​သေဆုံး​ကြ​ကုန်​၏။ ဝက်​ထိန်းကျောင်း​သော​သူ​တို့​သည် ထွက်ပြေး​၍ မြို့​နှင့်​တောရွာ​များ​တွင် ပြောကြား​ကြ​သဖြင့် လူ​တို့​သည် မည်သည့်​အရာ​ဖြစ်ပျက်​ခဲ့​သည်​ကို​ကြည့်ရှု​ရန် ထွက်လာ​ကြ​၏။ ယေရှု​ထံသို့​ရောက်လာ​ကြ​သောအခါ လေဂေါင်​စွဲ​ခဲ့​သည့် နတ်ဆိုး​ပူး​သူ​သည် အဝတ်​ဝတ်​ထား​ကာ ပကတိ​စိတ်​ရှိ​လျက်​ထိုင်​နေ​သည်​ကို​တွေ့မြင်​လျှင် ကြောက်ရွံ့​ကြ​၏။