ရှင်မာကု 2:18-22
ရှင်မာကု 2:18-22 Judson Bible (JBMLE)
အစာရှောင်တတ်သော ယောဟန်၏တပည့်တို့နှင့် ဖာရိရှဲတို့သည် လာ၍၊ ယောဟန်၏တပည့်တို့နှင့် ဖာရိရှဲတို့သည် အစာရှောင်ကြသည်ဖြစ်၍၊ အဘယ်ကြောင့် ကိုယ်တော်၏တပည့်တို့သည် အစာမရှောင်ဘဲ နေကြပါသနည်းဟု လျှောက်ကြ၏။- ယေရှုကလည်း၊ မင်္ဂလာဆောင်လုလင်သည် မိမိအပေါင်းအဖော်တို့နှင့် အတူရှိစဉ်အခါ သူတို့သည် အစာရှောင်တတ်ကြသလော။ ရှိစဉ်ကာလပတ်လုံး အစာမရှောင်တတ်ကြ။- မင်္ဂလာဆောင်လုလင်ကို သူ၏အပေါင်းအဖော်တို့နှင့်ခွာ၍ ယူသွားသောအချိန်ကာလ ရောက်လိမ့်မည်။ ထိုကာလအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။- အဝတ်ဟောင်းကို အထည်သစ်နှင့် ဖာလေ့မရှိ။ ထိုသို့ဖာလျှင် ဖာသောအထည်သစ်သည် အဝတ်ဟောင်းကို စား၍ အပေါက်ကျယ်တတ်၏။- ၎င်းနည်းဟောင်းသော သားရေဘူး၌ အသစ်သောစပျစ်ရည်ကို ထည့်လေ့မရှိ။ ထိုသို့ထည့်လျှင် အသစ်သောစပျစ်ရည်သည် သားရေဘူးကို ဆုတ်ခွဲသဖြင့် စပျစ်ရည်သည် ယို၍ သားရေဘူးလည်း ပျက်စီးတတ်၏။ အသစ်သောစပျစ်ရည်ကို အသစ်သောသားရေဘူး၌ ထည့်ရသည်ဟု မိန့်တော်မူ၏။
ရှင်မာကု 2:18-22 Common Language Bible (BCL)
တစ်နေ့၌ယောဟန်၏တပည့်များနှင့်ဖာရိရှဲတို့ သည်အစာရှောင်လျက်နေကြ၏။ လူအချို့တို့သည် ကိုယ်တော့်ထံလာ၍ ``ယောဟန်၏တပည့်များနှင့် ဖာရိရှဲတို့သည်အစာရှောင်ကြပါသည်။ အရှင် ၏တပည့်များမူကားအဘယ်ကြောင့်အစာ မရှောင်ကြပါသနည်း'' ဟုမေးလျှောက်ကြ၏။ သခင်ယေရှုက ``မင်္ဂလာဆောင်သတို့သား၏ အပေါင်းအဖော်များသည် သတို့သားနှင့်အတူ ရှိနေချိန်၌အစာရှောင်နိုင်ပါမည်လော။ သတို့ သားရှိနေသမျှကာလပတ်လုံးသူတို့သည် အစာမရှောင်နိုင်ကြရာ။- သို့ရာတွင်သူတို့ထံမှသတို့သားကို ခွဲခွာ ယူဆောင်သွားမည့်နေ့ရက်ရောက်ရှိလာသော အခါ သူတို့သည်အစာရှောင်ကြလိမ့်မည်။ ``မည်သူမျှပိတ်စသစ်နှင့်အထည်ဟောင်းကို ဖာရိုးမရှိ။ ဖာခဲ့လျှင်ပိတ်စသစ်ကရုန်းသဖြင့် စုတ်ပြဲရာပို၍ဆိုးပေမည်။- ထိုမှတစ်ပါးစပျစ်ရည်သစ်ကိုသားရေဘူးဟောင်း တွင်ထည့်ရိုးမရှိ။ ထည့်ခဲ့ပါမူစပျစ်ရည်သစ်သည် သားရေဘူးကိုပေါက်ပြဲစေသဖြင့် စပျစ်ရည်နှင့် သားရေဘူးပါပျက်စီးသွားလိမ့်မည်။ စပျစ်ရည် သစ်ကိုသားရေဘူးသစ်တွင်ထည့်ရမည်'' ဟုထို သူတို့အားမိန့်တော်မူ၏။
ရှင်မာကု 2:18-22 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ယောဟန်၏တပည့်များနှင့် ဖာရိရှဲတို့သည် အစာရှောင်လျက်နေကြ၏။ လူတို့သည် ကိုယ်တော်ထံသို့လာ၍ “ယောဟန်၏တပည့်များနှင့် ဖာရိရှဲတို့၏တပည့်များသည် အစာရှောင်နေကြသော်လည်း ကိုယ်တော်၏တပည့်များသည် အဘယ်ကြောင့် အစာမရှောင်ကြသနည်း”ဟု မေးလျှောက်ကြ၏။ ယေရှုကလည်း“သတို့သား၏ဆွေမျိုးမိတ်သင်္ဂဟများသည် သတို့သားနှင့်အတူရှိနေစဉ် အစာရှောင်နိုင်ကြမည်လော။ သူတို့သည် သတို့သားနှင့်အတူရှိနေသရွေ့ အစာမရှောင်နိုင်ကြပေ။ သို့သော် သတို့သားကို သူတို့ထံမှခေါ်ဆောင်သွားမည့် နေ့ရက်များရောက်လာလိမ့်မည်။ ထိုနေ့ရက်ရောက်လာသည့်အခါ၌ သူတို့သည် အစာရှောင်ကြလိမ့်မည်။ မည်သူမျှ အဝတ်အဟောင်းကို ပိတ်စအသစ်ဖြင့် ဖာလေ့မရှိ။ ထိုသို့ပြုလျှင် အသစ်ဖာထားသောပိတ်စသည် အဝတ်အဟောင်းကိုရုန်းသဖြင့် စုတ်ပြဲသည့်နေရာသည် ပို၍ဆိုးလာလိမ့်မည်။ ထိုနည်းတူ မည်သူမျှ စပျစ်ဝိုင်အသစ်ကို သားရေဘူးအဟောင်း၌ထည့်လေ့မရှိ။ ထိုသို့ပြုလျှင် စပျစ်ဝိုင်သည် သားရေဘူးကိုပေါက်ပြဲစေသဖြင့် စပျစ်ဝိုင်ရောသားရေဘူးပါ ပျက်စီးသွားလိမ့်မည်။ စပျစ်ဝိုင်အသစ်ကို သားရေဘူးအသစ်၌သာ ထည့်ကြ၏”ဟု မိန့်တော်မူ၏။