YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 15:29-32

ရှင်မာကု 15:29-32 Judson Bible (JBMLE)

လမ်း​မှာ​သွားလာ​သော သူ​တို့​က​လည်း၊ ဟဲ့၊ ဗိ​မာန်​တော်​ကို ဖြို​ဖျက်၍ သုံး​ရက်​အ​တွင်း​တွင် တည်​ဆောက်​ပြန်​သော​သူ၊- ကိုယ်​ကို​ကိုယ် ကယ်​တင်​လော့။ လက်​ဝါး​ကပ်​တိုင်​မှ ဆင်း​လော့​ဟု မိ​မိ​တို့​ခေါင်း​ကို​ညိတ်၍ ကဲ့​ရဲ့​သော​စ​ကား​နှင့် ပြော​ဆို​ကြ၏။- ထို​နည်း​တူ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့​က၊ ဤ​သူ​သည် သူ​တစ်​ပါး​တို့​ကို ကယ်​တင်​တတ်၏။ ကိုယ်​ကို မ​ကယ်​တင်​နိုင်​ပါ​တ​ကား။- ငါ​တို့​မြင်၍ ယုံ​ကြည်​စေ​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် တည်း​ဟူ​သော ခ​ရစ်​တော်​သည် လက်​ဝါး​ကပ်​တိုင်​မှ ယ​ခု​ဆင်း​ပါ​လေ​စေ​ဟု အ​ချင်း​ချင်း​ပြက်​ရယ်​ပြု၍ ပြော​ဆို​ကြ၏။ ကိုယ်​တော်​နှင့်​တ​ကွ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​သော​သူ​တို့​သည်​လည်း ကဲ့​ရဲ့​ပြစ်​တင်​ကြ၏။

ရှင်မာကု 15:29-32 Common Language Bible (BCL)

လမ်း​သွား​လမ်း​လာ​သူ​တို့​သည်​ခေါင်း​ညိတ်​လျက် ``ဟဲ့​ဗိ​မာန်​တော်​ကို​ဖြို​ဖျက်​၍​သုံး​ရက်​အ​တွင်း ပြန်​လည်​တည်​ဆောက်​မည့်​သူ၊- လက်​ဝါး​ကပ်​တိုင်​ပေါ်​မှ​ဆင်း​ခဲ့​လော့။ သင့်​ကိုယ် ကို​သင်​ကယ်​တင်​လော့'' ဟု​ဆို​၍​ကိုယ်​တော်​ကို သ​ရော်​ကြ​၏။- ထို​နည်း​တူ​စွာ​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့် ကျမ်း​တတ်​ဆ​ရာ​များ​သည်​ပြောင်​လှောင်​ကြ​၏။ ``ဤ​သူ​သည်​သူ​တစ်​ပါး​ကို​ကယ်​တင်​၏။ မိ​မိ ကိုယ်​ကို​မူ​မ​ကယ်​တင်​နိုင်​ပါ​တ​ကား။- ဣသ​ရေ​လ​ရှင်​ဘု​ရင်၊ မေ​ရှိ​ယ​အ​ရှင်​သည် လက်​ဝါး​ကပ်​တိုင်​မှ​ယ​ခု​ဆင်း​ခဲ့​ပါ​စေ။ သို့ ဆင်း​သည်​ကို​မြင်​ရ​လျှင်​ငါ​တို့​ယုံ​ကြည် ပေ​အံ့'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​လျက် သ​ရော်​ကြ​၏။ ကိုယ်​တော်​နှင့်​အ​တူ​လက်​ဝါး​ကပ်​တိုင်​တွင် အ​တင်​ခံ​ရ​သော​သူ​များ​က​လည်း ကိုယ်​တော် ကို​ပြက်​ရယ်​ပြု​ကြ​၏။

ရှင်မာကု 15:29-32 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဖြတ်သန်း​သွားလာ​သော​သူ​တို့​သည် မိမိ​တို့​ခေါင်း​ကို​ခါယမ်း​လျက် “ဟေ့၊ ဗိမာန်​တော်​ကို​ဖြိုဖျက်​၍ သုံး​ရက်​အတွင်း​တည်ဆောက်​မည့်​သူ၊ လက်ဝါးကပ်တိုင်​ပေါ်မှ​ဆင်း​လာ​၍ သင့်ကိုယ်သင်​ကယ်တင်​လော့”​ဟု ကိုယ်တော်​ကို​စော်ကား​ပြောဆို​ကြ​၏။ ထိုနည်းတူ ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​သည်​လည်း ကျမ်းပြု​ဆရာ​တို့​နှင့်အတူ ကိုယ်တော်​ကို​ပြောင်လှောင်​ကြ​ကာ “သူ​သည် သူတစ်ပါး​တို့​ကို​ကယ်တင်​ခဲ့​သော်လည်း မိမိကိုယ်ကို​မ​ကယ်တင်​နိုင်​ပါ​တကား။ ငါ​တို့​တွေ့မြင်​၍ ယုံကြည်​နိုင်​ရန် အစ္စရေး​ဘုရင်​ဖြစ်​သော​ခရစ်တော်​သည် ယခု​ပင် လက်ဝါးကပ်တိုင်​ပေါ်မှ ဆင်း​လာ​ပါစေ”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။ ကိုယ်တော်​နှင့်အတူ လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ထား​ခြင်း​ခံရ​သော​သူ​တို့​သည်​လည်း ကိုယ်တော်​ကို​ကဲ့ရဲ့​ပြစ်တင်​ကြ​၏။