YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 14:66-72

ရှင်မာကု 14:66-72 Judson Bible (JBMLE)

ပေ​တ​ရု​သည် အောက်​မှာ အိမ်​ဦး၌​ရှိ​စဉ်၊ ယဇ်​ပု​ရော​ဟိတ်​မင်း၏ အ​စေ​အ​ပါ မိန်း​မ​တစ်​ယောက်​သည် လာ၍၊- ပေ​တ​ရု​သည် မီး​လှုံ​လျက်​နေ​သည်​ကို မြင်​သော​အ​ခါ သူ့​ကို​စေ့​စေ့​ကြည့်၍၊ သင်​သည်​လည်း နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​နှင့် ပေါင်း​ဖော်​သော​သူ​ဖြစ်​သည်​ဟု ဆို​လျှင်၊- ပေ​တ​ရု​က၊ သင်​ပြော​သော​အ​ရာ​ကို ငါ​မ​သိ၊ နား​မ​လည်​ဟု ငြင်း​ခုံ​ပြီး​မှ အိမ်​ဦး​ရှေ့​သို့​ထွက်​သော် ကြက်​တွန်​လေ၏။- နောက်​တစ်​ဖန် အ​စေ​အ​ပါ​မိန်း​မ​သည် ပေ​တ​ရု​ကို​မြင်​လျှင်၊ အ​နား၌ ရပ်​နေ​သော​သူ​တို့​အား၊ ဤ​သူ​သည် ထို​သူ​တို့ အ​ဝင်​ဖြစ်​သည်​ဟု ဆို​သော်၊- ပေ​တ​ရု​သည် တစ်​ဖန် ငြင်း​ခုံ​ပြန်၏၊ ထို​နောက် များ​မ​ကြာ​အ​နား၌ ရပ်​နေ​သော​သူ​တို့​က၊ အ​ကယ်​စင်​စစ် သင်​သည် ထို​သူ​တို့​အ​ဝင်​ဖြစ်၏။ သင်​သည် ဂါ​လိ​လဲ​လူ​ဖြစ်၏။ သင့်​စ​ကား​လည်း​တူ၏​ဟု ပေ​တ​ရု​ကို​ဆို​ကြ​လျှင်၊- ပေ​တ​ရု​က၊ သင်​တို့​ပြော​သော​သူ​ကို ငါ​မ​သိ​ဟု ဓိ​ဋ္ဌာန်​ပြု၍ ကျိန်​ဆို​သည်​နောက်၊- တစ်​ဖန် ကြက်​တွန်​လေ၏။ ယေ​ရှု​က၊ ကြက်​သည် နှစ်​ကြိမ်​မ​တွန်​မီ သင်​သည်​သုံး​ကြိမ်​မြောက်​အောင် ငါ့​ကို ငြင်း​ပယ်​လိမ့်​မည်​ဟု မိန့်​တော်​မူ​သော​စ​ကား​ကို၊ ပေ​တ​ရု​သည် သ​တိ​ရ​သ​ဖြင့် ခေါင်း​ကို​ခြုံ၍ ငို​ကြွေး​လေ၏။

ရှင်မာကု 14:66-72 Common Language Bible (BCL)

ပေ​တ​ရု​သည်​ကျောင်း​တော်​ဝင်း​အ​တွင်း​၌​ရှိ​နေ စဉ် ယဇ်​ပု​ရော​ဟိတ်​မင်း​၏​အ​စေ​ခံ​မ​က​လေး တစ်​ယောက်​သည်​ရောက်​ရှိ​လာ​၏။- ပေ​တ​ရု​မီး​လှုံ​နေ​သည်​ကို​မြင်​သော​အ​ခါ သူ့ ကို​စေ့​စေ့​ကြည့်​၍ ``သင်​သည်​လည်း​နာ​ဇ​ရက် မြို့​သား​ယေ​ရှု​၏​အ​ပေါင်း​အ​ဖော်​ဖြစ်​၏'' ဟု ဆို​၏။ ပေ​တ​ရု​က ``သင်​ပြော​သည့်​အ​ရာ​ကို​ငါ​မ​သိ၊ နား​မ​လည်'' ဟု​ငြင်း​ဆို​၏။ ထို​နောက်​သူ​သည် ဝင်း​၏​အ​ဝင်​ဝ​ဆီ​သို့​သွား​၏။ ထို​အ​ချိန်​၌ ကြက်​တွန်​လေ​၏။ အ​စေ​ခံ​မ​က​လေး​သည်​ပေ​တ​ရု​ကို​တစ်​ဖန်​မြင် ပြန်​သ​ဖြင့် အ​နား​၌​ရပ်​နေ​သူ​တို့​အား ``ဤ​သူ သည်​ထို​သူ​တို့​နှင့်​အ​ပေါင်း​ပါ​ဖြစ်​၏'' ဟု​ဆို ပြန်​၏။- ပေ​တ​ရု​သည်​လည်း​မ​ဟုတ်​ကြောင်း​ငြင်း​ဆို​ပြန်​၏။ ထို​နောက်​များ​မ​ကြာ​မီ​အ​နီး​တွင်​ရပ်​နေ​သူ​တို့ က ``သင်​သည်​ဂါ​လိ​လဲ​ပြည်​သား​ဖြစ်​သ​ဖြင့် အ​မှန်​ပင်​ထို​သူ​တို့​နှင့်​အ​ပေါင်း​ပါ​ဖြစ်​၏'' ဟု​သူ့​အား​ဆို​ကြ​၏။ သို့​ရာ​တွင်​ပေ​တ​ရု​က ``သင်​တို့​ပြော​သော​သူ ကို​ငါ​မ​သိ'' ဟု​ဘု​ရား​သ​ခင်​ကို​တိုင်​တည်​၍ ကျိန်​ဆို​လေ​၏။ ထို​ခ​ဏ​၌​ဒု​တိ​ယ​အ​ကြိမ်​ကြက်​တွန်​လေ​၏။ ထို​အ​ခါ ``ကြက်​နှစ်​ကြိမ်​မ​တွန်​မီ​သင်​သည်​ငါ့ ကို​မ​သိ​ဟူ​၍​သုံး​ကြိမ်​မြောက်​အောင်​ငြင်း​ဆို လိမ့်​မည်'' ဟု​သ​ခင်​ယေ​ရှု​မိန့်​တော်​မူ​ခဲ့​သည့် စ​ကား​ကို ပေ​တ​ရု​သည်​ပြန်​လည်​သ​တိ​ရ သ​ဖြင့်​ငို​ကြွေး​လေ​၏။

ရှင်မာကု 14:66-72 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ပေတရု​သည် ခြံဝင်း​အောက်​ဘက်​၌​ရှိ​စဉ် ယဇ်ပုရောဟိတ်​မင်း​၏​အစေခံ​မိန်းမ​တစ်​ဦး​သည်​လာ​၍ မီးလှုံ​နေ​သော​ပေတရု​ကို​တွေ့​လျှင် သူ့​ကို​စူးစိုက်​ကြည့်​လျက် “သင်​သည်​လည်း နာဇရက်​မြို့သား​ယေရှု​နှင့်အတူ​ရှိ​ခဲ့​သည်”​ဟု ဆို​၏။ သို့သော် ပေတရု​သည် “သင်​ပြော​နေ​သည့်​အရာ​ကို ငါ​မ​သိ၊ နား​လည်း​မ​လည်”​ဟု ငြင်းဆို​လျက် ခြံ​အဝင်​ဝ​ဘက်သို့​ထွက်သွား​ရာ ကြက်​တွန်​လေ​၏။ ထို့နောက် ထို​အစေခံ​မိန်းမ​သည် ပေတရု​ကို နောက်တစ်ဖန်​တွေ့​သဖြင့် အနီး​၌​ရပ်​နေ​သော​သူ​တို့​အား “ဤ​သူ​သည် သူ​တို့​ထဲက​တစ်​ဦး​ဖြစ်​သည်”​ဟု ဆို​၏။ သို့သော် ပေတရု​သည် တစ်ဖန်​ငြင်းဆို​လေ​၏။ ထို့နောက် ခဏ​ကြာ​လျှင် အနီး​၌​ရပ်​နေ​သော​သူ​တို့​က “သင်​သည် အမှန်ပင် သူ​တို့​အထဲမှ​တစ်​ဦး​ဖြစ်​၏။ အကြောင်းမူကား သင်​သည်​လည်း ဂါလိလဲ​နယ်သား​ဖြစ်​၏”​ဟု ထပ်၍ ပေတရု​အား​ဆို​ကြ​၏။ ပေတရု​က​လည်း “သင်​တို့​ပြော​နေ​သည့်​လူ​ကို ငါ​မ​သိ”​ဟု တိုင်တည်​၍​ကျိန်ဆို​လေ​၏။ ထို​ခဏချင်း​တွင် ဒုတိယ​အကြိမ် ကြက်​တွန်​လေ​၏။ ထိုအခါ ပေတရု​သည်“ကြက်​နှစ်​ကြိမ်​မ​တွန်​မီ သင်​သည် ငါ့​ကို သုံး​ကြိမ်​တိုင်တိုင်​ငြင်းပယ်​လိမ့်မည်”​ဟု ယေရှု​မိန့်​တော်မူ​ခဲ့​သော​စကား​ကို သတိရ​သဖြင့် ချုံးပွဲချ​ငိုကြွေး​လေ​၏။