YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 14:32-42

ရှင်မာကု 14:32-42 Judson Bible (JBMLE)

ထို​အ​ခါ ဂေ​သ​ရှေ​မန်​အ​ရပ်​သို့​ရောက်​ကြ​လျှင် ကိုယ်​တော်​က၊ ငါ​ဆု​တောင်း​စဉ်​တွင် သင်​တို့​သည် ဤ​အ​ရပ်၌ ထိုင်​နေ​ကြ​လော့​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​ပြီး​မှ၊- ပေ​တ​ရု၊ ယာ​ကုပ်၊ ယော​ဟန်​တို့​ကို​ခေါ်​သွား၍ မိန်း​မော​တွေ​ဝေ​ခြင်း၊ စိတ်​ပူ​ပန်​ခြင်း​သို့ ရောက်​တော်​မူ၏။- ထို​အ​ခါ ငါ​သည် သေ​လောက်​အောင် စိတ်​နှ​လုံး အ​လွန်​ညှိုး​ငယ်​ခြင်း​ရှိ၏။ ဤ​အ​ရပ်၌ စောင့်​နေ​ကြ​လော့​ဟု တ​ပည့်​တော်​သုံး​ယောက်​တို့​အား မိန့်​တော်​မူ၍၊- ထို​မှ အ​နည်း​ငယ်​လွန်​ပြန်​လျှင်၊ မြေ​ပေါ်​မှာ ပျပ်​ဝပ်၍ အို အ​ဘ​ခ​မည်း​တော်၊- ကိုယ်​တော်​သည် အ​လုံး​စုံ​တို့​ကို တတ်​နိုင်​တော်​မူ၏။ ဤ​ခွက်​ကို အ​ကျွန်ုပ်​မှ လွှဲ​တော်​မူ​ပါ။ သို့​သော်​လည်း အ​ကျွန်ုပ်​အ​လို​ရှိ​သည်​အ​တိုင်း မ​ဖြစ်​ပါ​စေ​နှင့်။ ကိုယ်​တော်​အ​လို​ရှိ​သည်​အ​တိုင်း ဖြစ်​ပါ​စေ​သော​ဟူ၍ ထို​အ​ချိန် နာ​ရီ​သည် မိ​မိ​နှင့် လွန်​သွား​နိုင်​လျှင် လွန်​သွား​ပါ​မည်​အ​ကြောင်း ဆု​တောင်း​တော်​မူ​ပြီး​မှ၊- ပြန်​လာ၍ တ​ပည့်​တော်​တို့​သည် အိပ်​ပျော်​လျက် နေ​ကြ​သည်​ကို​တွေ့​တော်​မူ​လျှင်၊ ရှိ​မုန်၊ သင်​သည် အိပ်​ပျော်​သ​လော။ တစ်​နာ​ရီ​ခန့်​မျှ စောင့်​နေ​ခြင်း​ငှာ မ​စွမ်း​နိုင်​သ​လော။- စုံ​စမ်း​နှောင့်​ယှက်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း ဆု​တောင်း​လျက် စောင့်​နေ​ကြ​လော့။ စိတ်​ဝိ​ညာဉ်​ကား စေ​တ​နာ​ရှိ​ငြား​သော်​လည်း၊ ကိုယ်​မူ​ကား အား​နည်း​သည်​ဟု ပေ​တ​ရု​အား မိန့်​တော်​မူ​ပြီး​မှ၊- တစ်​ဖန်​သွား၍ ရှေ့​မြွက်​ဆို​သည်​နည်း​တူ ဆု​တောင်း​တော်​မူ၏။- ထို​နောက် တ​ပည့်​တော်​တို့​ရှိ​ရာ​သို့​ပြန်၍၊ သူ​တို့​သည် မျက်​စိ​လေး​လံ​သ​ဖြင့် တစ်​ဖန် အိပ်​ပျော်​လျက်​နေ​ကြ​သည်​ကို တွေ့​တော်​မူ၏။ သူ​တို့​သည် အ​ဘယ်​သို့ လျှောက်​ရ​မည်​ကို မ​သိ​ကြ။- သုံး​ကြိမ်​မြောက်​အောင် သူ​တို့​ရှိ​ရာ​သို့ ပြန်​လာ​လျှင်၊ ယ​ခု​အိပ်​ပျော်၍ ငြိမ်​ဝပ်​စွာ​နေ​ကြ​လော့။ အ​မှု​လွန်​ပြီ။ လူ​သား​ကို ဆိုး​သော​သူ​တို့​လက်​သို့ အပ်​နှံ​ရ​သော​အ​ချိန် ရောက်​လာ​ပြီ။- ထ​ကြ။ ငါ​တို့​သည် သွား​ကြ​ကုန်​အံ့။ ငါ့​ကို အပ်​နှံ​သော​သူ​သည် ရောက်​လာ​ပြီ​ဟု မိန့်​တော်​မူ၏။

ရှင်မာကု 14:32-42 Common Language Bible (BCL)

ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် ဂေ​သ​ရှေ​မန် ဟု​နာ​မည်​တွင်​သော​အ​ရပ်​သို့​ရောက်​ကြ​၏။ ကိုယ် တော်​သည် ``ငါ​ဆု​တောင်း​နေ​စဉ်​သင်​တို့​ဤ​နေ​ရာ ၌​ထိုင်​နေ​ကြ​လော့'' ဟု​တ​ပည့်​တော်​တို့​အား​မှာ ကြား​ပြီး​နောက်၊- ပေ​တ​ရု၊ ယာ​ကုပ်​နှင့်​ယော​ဟန်​တို့​ကို​မိ​မိ​နှင့် အ​တူ​ခေါ်​ဆောင်​သွား​တော်​မူ​၏။ ကိုယ်​တော်​သည် ပြင်း​စွာ​ပူ​ပင်​သော​က​ဖြစ်​တော်​မူ​သ​ဖြင့်၊- ``ငါ​သည်​သေ​လု​နီး​ပါး​စိတ်​ဒုက္ခ​ရောက်​လှ​၏။ သင်​တို့​ဤ​အ​ရပ်​တွင်​သ​တိ​နှင့်​စောင့်​နေ​ကြ လော့'' ဟု​တ​ပည့်​တော်​တို့​သုံး​ဦး​တို့​အား​မိန့် တော်​မူ​၏။ ထို​နောက်​ရှေ့​သို့​အ​နည်း​ငယ်​ကြွ​တော်​မူ​၍ မြေ​ပေါ် တွင်​ပျပ်​ဝပ်​တော်​မူ​ပြီး​လျှင် ``အ​ဖ​ခ​မည်း​တော်၊ ကိုယ်​တော်​သည်​အ​မှု​အ​ရာ​ခပ်​သိမ်း​ကို​တတ်​နိုင် တော်​မူ​ပါ​၏။ ဤ​ဒုက္ခ​ဝေ​ဒ​နာ​ခွက်​ကို​အ​ကျွန်ုပ် ထံ​မှ​လွှဲ​ဖယ်​ပေး​တော်​မူ​ပါ။ သို့​ရာ​တွင်​အ​ကျွန်ုပ် ၏​အ​လို​အ​တိုင်း​မ​ဟုတ်​ပါ။ ကိုယ်​တော်​၏​အ​လို တော်​အ​တိုင်း​ဖြစ်​စေ​တော်​မူ​ပါ'' ဟူ​၍​မိ​မိ ခံ​ရ​မည့်​ဝေ​ဒ​နာ​ကို​လွှဲ​ဖယ်​ရန်​ဖြစ်​နိုင်​ပါ က လွှဲ​ဖယ်​ပေး​တော်​မူ​ပါ​မည့်​အ​ကြောင်း​ဆု တောင်း​တော်​မူ​၏။ ထို​နောက်​ကိုယ်​တော်​သည်​တ​ပည့်​တော်​သုံး​ဦး​တို့ ထံ​သို့​ပြန်​လာ​တော်​မူ​ရာ သူ​တို့​အိပ်​ပျော်​လျက် နေ​ကြ​သည်​ကို​တွေ့​တော်​မူ​၏။ သို့​ဖြစ်​၍​ကိုယ်​တော် က ``ရှိ​မုန်၊ သင်​သည်​အိပ်​ပျော်​နေ​သ​လော။ မ​အိပ်​ဘဲ တစ်​နာ​ရီ​မျှ​ပင်​စောင့်​၍​မ​နေ​နိုင်​သ​လော'' ဟု ပေ​တ​ရု​အား​မိန့်​တော်​မူ​၏။- ထို့​နောက်​ကိုယ်​တော်​က ``သင်​တို့​သည်​စုံ​စမ်း သွေး​ဆောင်​ရာ​သို့​မ​လိုက်​မ​ပါ​အံ့​သော​ငှာ ဆု တောင်း​လျက်​စောင့်​နေ​ကြ​လော့။ စိတ်​ဆန္ဒ​ရှိ​သော် လည်း​ကိုယ်​ခန္ဓာ​ကား​အား​နည်း​သည်'' ဟု​သူ​တို့ အား​မိန့်​တော်​မူ​၏။ ကိုယ်​တော်​သည်​တစ်​ဖန်​ကြွ​တော်​မူ​ပြန်​၍ အ​ထက်​နည်း​အ​တိုင်း​ဆု​တောင်း​တော်​မူ​၏။- ထို့​နောက်​တ​ပည့်​တော်​သုံး​ဦး​တို့​ထံ​သို့​ကြွ လာ​တော်​မူ​သော​အ​ခါ သူ​တို့​သည်​မျက်​စိ လေး​လံ​သ​ဖြင့် တစ်​ဖန်​အိပ်​ပျော်​နေ​ကြ​သည် ကို​တွေ့​မြင်​တော်​မူ​၏။ သူ​တို့​သည်​ကိုယ်​တော် အား​အ​ဘယ်​သို့​လျှောက်​ထား​ရ​မည်​ကို မ​သိ​ကြ။ ကိုယ်​တော်​သည်​သူ​တို့​ထံ​သို့​တ​တိ​ယ​အ​ကြိမ် ကြွ​လာ​တော်​မူ​၍ ``သင်​တို့​သည်​ယ​ခု​တိုင်​အိပ် ပျော်​လျက်၊ နား​လျက်​နေ​ကြ​သေး​သ​လော။ တော် လောက်​ပြီ။ လူ​သား​ကို​ဆိုး​ယုတ်​သူ​များ​လက် သို့​အပ်​နှံ​သော​အ​ချိန်​ယ​ခု​ရောက်​လာ​ပြီ။- လာ​ကြ။ ငါ​တို့​သွား​ကြ​ကုန်​အံ့။ ငါ့​အား​ရန်​သူ့ လက်​သို့​အပ်​မည့်​သူ​သည်​ရောက်​လာ​ပြီ'' ဟု မိန့်​တော်​မူ​၏။

ရှင်မာကု 14:32-42 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် သူ​တို့​သည် ဂေသရှေမန်​အမည်​ရှိ​သော​အရပ်​သို့ ရောက်​ကြ​၏။ ကိုယ်တော်​က“ငါ​ဆုတောင်း​စဉ်​တွင် ဤ​နေရာ​၌ ထိုင်​နေ​ကြ​လော့”​ဟု တပည့်​တော်​တို့​အား မိန့်​တော်မူ​ပြီးလျှင် ပေတရု၊ ယာကုပ်​နှင့် ယောဟန်​တို့​ကို မိမိ​နှင့်အတူ​ခေါ်သွား​တော်မူ​၏။ ထိုအခါ ကိုယ်တော်​သည် ဝမ်းနည်း​ပူဆွေး​ခြင်း​နှင့် စိတ်ပူပန်​ခြင်း​ရှိ​သဖြင့် “ငါ​၏​စိတ်​ဝိညာဉ်​သည် သေ​လုမတတ် အလွန်​ဝမ်းနည်း​ခြင်း​ရှိ​၏။ ဤ​နေရာ​၌​နေ​၍ သတိ​နှင့်​စောင့်​နေ​ကြ​လော့”​ဟု သူ​တို့​အား မိန့်​တော်မူ​၏။ ထို့နောက် ရှေ့သို့​အနည်းငယ်​ကြွ​တော်မူ​ပြီး မြေ​ပေါ်၌​ပျပ်ဝပ်​လျက် ဖြစ်နိုင်​လျှင် ဤ​အချိန်​နာရီ​ကို မိမိ​ထံမှ​လွန်​သွား​စေ​မည့်​အကြောင်း ဆုတောင်း​ကာ “အို အဖ​ခမည်းတော်၊ ကိုယ်တော်​အတွက် အရာ​ခပ်သိမ်း​သည် ဖြစ်နိုင်​ပါ​၏။ ဤ​ခွက်​ကို အကျွန်ုပ်​ထံမှ ဖယ်ရှား​ပေး​တော်မူ​ပါ။ သို့သော် အကျွန်ုပ်​၏​အလို​အတိုင်း​မ​ဟုတ်​ဘဲ ကိုယ်တော်​၏​အလို​တော်​အတိုင်း​ဖြစ်​စေ​တော်မူ​ပါ”​ဟု တောင်းလျှောက်​တော်မူ​၏။ ထို့နောက် ပြန်လာ​၍ သူ​တို့​အိပ်ပျော်​နေ​ကြ​သည်​ကို​တွေ့​တော်မူ​လျှင် ပေတရု​အား“ရှိမုန်၊ သင်​သည် အိပ်ပျော်​နေ​သလော။ တစ်​နာရီ​မျှ သတိ​နှင့်​မ​စောင့်​နိုင်​သလော။ ဖြားယောင်း​သွေးဆောင်​ရာ​ထဲသို့ မ​ကျရောက်​စေရန် သတိ​နှင့်​စောင့်​နေ​လျက် ဆုတောင်း​ကြ​လော့။ စိတ်​ဝိညာဉ်​သည် ထက်သန်​သော်လည်း ကိုယ်ကာယ​မူကား အားနည်း​၏”​ဟု မိန့်​တော်မူ​၏။ တစ်ဖန် ထွက်သွား​၍ အထက်​က​တောင်းလျှောက်​ခဲ့​သည့်​အတိုင်း ဆုတောင်း​ပြီးမှ နောက်တစ်ဖန် ပြန်လာ​၍ တပည့်​တော်​တို့​သည် မျက်စိ​လေးလံ​သဖြင့် အိပ်ပျော်​နေ​ကြ​သည်​ကို​တွေ့​တော်မူ​၏။ သူ​တို့​သည်​လည်း ကိုယ်တော်​အား မည်သို့​လျှောက်​ရ​မည်​ကို​မ​သိ​ကြ။ ထို့နောက် ကိုယ်တော်​သည် တတိယ​အကြိမ်​ပြန်လာ​၍“ယခု​တိုင်အောင်​အိပ်ပျော်​လျက် အနားယူ​နေ​ကြ​သလော။ တော်လောက်​ပေ​၏။ အချိန်​ရောက်လာ​ပြီ။ ကြည့်ရှု​လော့။ လူ့သား​သည် အပြစ်သား​တို့​၏​လက်​သို့ အပ်နှံ​ခြင်း​ခံရ​တော့မည်။ ထ​ကြ။ သွား​ကြ​စို့။ ငါ့​ကို​အပ်နှံ​မည့်​သူ​ရောက်လာ​ပြီ”​ဟု မိန့်​တော်မူ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။