ရှင်မာကု 14:32-39
ရှင်မာကု 14:32-39 Judson Bible (JBMLE)
ထိုအခါ ဂေသရှေမန်အရပ်သို့ရောက်ကြလျှင် ကိုယ်တော်က၊ ငါဆုတောင်းစဉ်တွင် သင်တို့သည် ဤအရပ်၌ ထိုင်နေကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူပြီးမှ၊- ပေတရု၊ ယာကုပ်၊ ယောဟန်တို့ကိုခေါ်သွား၍ မိန်းမောတွေဝေခြင်း၊ စိတ်ပူပန်ခြင်းသို့ ရောက်တော်မူ၏။- ထိုအခါ ငါသည် သေလောက်အောင် စိတ်နှလုံး အလွန်ညှိုးငယ်ခြင်းရှိ၏။ ဤအရပ်၌ စောင့်နေကြလော့ဟု တပည့်တော်သုံးယောက်တို့အား မိန့်တော်မူ၍၊- ထိုမှ အနည်းငယ်လွန်ပြန်လျှင်၊ မြေပေါ်မှာ ပျပ်ဝပ်၍ အို အဘခမည်းတော်၊- ကိုယ်တော်သည် အလုံးစုံတို့ကို တတ်နိုင်တော်မူ၏။ ဤခွက်ကို အကျွန်ုပ်မှ လွှဲတော်မူပါ။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဟူ၍ ထိုအချိန် နာရီသည် မိမိနှင့် လွန်သွားနိုင်လျှင် လွန်သွားပါမည်အကြောင်း ဆုတောင်းတော်မူပြီးမှ၊- ပြန်လာ၍ တပည့်တော်တို့သည် အိပ်ပျော်လျက် နေကြသည်ကိုတွေ့တော်မူလျှင်၊ ရှိမုန်၊ သင်သည် အိပ်ပျော်သလော။ တစ်နာရီခန့်မျှ စောင့်နေခြင်းငှာ မစွမ်းနိုင်သလော။- စုံစမ်းနှောင့်ယှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆုတောင်းလျက် စောင့်နေကြလော့။ စိတ်ဝိညာဉ်ကား စေတနာရှိငြားသော်လည်း၊ ကိုယ်မူကား အားနည်းသည်ဟု ပေတရုအား မိန့်တော်မူပြီးမှ၊- တစ်ဖန်သွား၍ ရှေ့မြွက်ဆိုသည်နည်းတူ ဆုတောင်းတော်မူ၏။
ရှင်မာကု 14:32-39 Common Language Bible (BCL)
ကိုယ်တော်နှင့်တပည့်တော်တို့သည် ဂေသရှေမန် ဟုနာမည်တွင်သောအရပ်သို့ရောက်ကြ၏။ ကိုယ် တော်သည် ``ငါဆုတောင်းနေစဉ်သင်တို့ဤနေရာ ၌ထိုင်နေကြလော့'' ဟုတပည့်တော်တို့အားမှာ ကြားပြီးနောက်၊- ပေတရု၊ ယာကုပ်နှင့်ယောဟန်တို့ကိုမိမိနှင့် အတူခေါ်ဆောင်သွားတော်မူ၏။ ကိုယ်တော်သည် ပြင်းစွာပူပင်သောကဖြစ်တော်မူသဖြင့်၊- ``ငါသည်သေလုနီးပါးစိတ်ဒုက္ခရောက်လှ၏။ သင်တို့ဤအရပ်တွင်သတိနှင့်စောင့်နေကြ လော့'' ဟုတပည့်တော်တို့သုံးဦးတို့အားမိန့် တော်မူ၏။ ထိုနောက်ရှေ့သို့အနည်းငယ်ကြွတော်မူ၍ မြေပေါ် တွင်ပျပ်ဝပ်တော်မူပြီးလျှင် ``အဖခမည်းတော်၊ ကိုယ်တော်သည်အမှုအရာခပ်သိမ်းကိုတတ်နိုင် တော်မူပါ၏။ ဤဒုက္ခဝေဒနာခွက်ကိုအကျွန်ုပ် ထံမှလွှဲဖယ်ပေးတော်မူပါ။ သို့ရာတွင်အကျွန်ုပ် ၏အလိုအတိုင်းမဟုတ်ပါ။ ကိုယ်တော်၏အလို တော်အတိုင်းဖြစ်စေတော်မူပါ'' ဟူ၍မိမိ ခံရမည့်ဝေဒနာကိုလွှဲဖယ်ရန်ဖြစ်နိုင်ပါ က လွှဲဖယ်ပေးတော်မူပါမည့်အကြောင်းဆု တောင်းတော်မူ၏။ ထိုနောက်ကိုယ်တော်သည်တပည့်တော်သုံးဦးတို့ ထံသို့ပြန်လာတော်မူရာ သူတို့အိပ်ပျော်လျက် နေကြသည်ကိုတွေ့တော်မူ၏။ သို့ဖြစ်၍ကိုယ်တော် က ``ရှိမုန်၊ သင်သည်အိပ်ပျော်နေသလော။ မအိပ်ဘဲ တစ်နာရီမျှပင်စောင့်၍မနေနိုင်သလော'' ဟု ပေတရုအားမိန့်တော်မူ၏။- ထို့နောက်ကိုယ်တော်က ``သင်တို့သည်စုံစမ်း သွေးဆောင်ရာသို့မလိုက်မပါအံ့သောငှာ ဆု တောင်းလျက်စောင့်နေကြလော့။ စိတ်ဆန္ဒရှိသော် လည်းကိုယ်ခန္ဓာကားအားနည်းသည်'' ဟုသူတို့ အားမိန့်တော်မူ၏။ ကိုယ်တော်သည်တစ်ဖန်ကြွတော်မူပြန်၍ အထက်နည်းအတိုင်းဆုတောင်းတော်မူ၏။
ရှင်မာကု 14:32-39 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထို့နောက် သူတို့သည် ဂေသရှေမန်အမည်ရှိသောအရပ်သို့ ရောက်ကြ၏။ ကိုယ်တော်က“ငါဆုတောင်းစဉ်တွင် ဤနေရာ၌ ထိုင်နေကြလော့”ဟု တပည့်တော်တို့အား မိန့်တော်မူပြီးလျှင် ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့ကို မိမိနှင့်အတူခေါ်သွားတော်မူ၏။ ထိုအခါ ကိုယ်တော်သည် ဝမ်းနည်းပူဆွေးခြင်းနှင့် စိတ်ပူပန်ခြင်းရှိသဖြင့် “ငါ၏စိတ်ဝိညာဉ်သည် သေလုမတတ် အလွန်ဝမ်းနည်းခြင်းရှိ၏။ ဤနေရာ၌နေ၍ သတိနှင့်စောင့်နေကြလော့”ဟု သူတို့အား မိန့်တော်မူ၏။ ထို့နောက် ရှေ့သို့အနည်းငယ်ကြွတော်မူပြီး မြေပေါ်၌ပျပ်ဝပ်လျက် ဖြစ်နိုင်လျှင် ဤအချိန်နာရီကို မိမိထံမှလွန်သွားစေမည့်အကြောင်း ဆုတောင်းကာ “အို အဖခမည်းတော်၊ ကိုယ်တော်အတွက် အရာခပ်သိမ်းသည် ဖြစ်နိုင်ပါ၏။ ဤခွက်ကို အကျွန်ုပ်ထံမှ ဖယ်ရှားပေးတော်မူပါ။ သို့သော် အကျွန်ုပ်၏အလိုအတိုင်းမဟုတ်ဘဲ ကိုယ်တော်၏အလိုတော်အတိုင်းဖြစ်စေတော်မူပါ”ဟု တောင်းလျှောက်တော်မူ၏။ ထို့နောက် ပြန်လာ၍ သူတို့အိပ်ပျော်နေကြသည်ကိုတွေ့တော်မူလျှင် ပေတရုအား“ရှိမုန်၊ သင်သည် အိပ်ပျော်နေသလော။ တစ်နာရီမျှ သတိနှင့်မစောင့်နိုင်သလော။ ဖြားယောင်းသွေးဆောင်ရာထဲသို့ မကျရောက်စေရန် သတိနှင့်စောင့်နေလျက် ဆုတောင်းကြလော့။ စိတ်ဝိညာဉ်သည် ထက်သန်သော်လည်း ကိုယ်ကာယမူကား အားနည်း၏”ဟု မိန့်တော်မူ၏။ တစ်ဖန် ထွက်သွား၍ အထက်ကတောင်းလျှောက်ခဲ့သည့်အတိုင်း ဆုတောင်းပြီးမှ