YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 14:32-36

ရှင်မာကု 14:32-36 Judson Bible (JBMLE)

ထို​အ​ခါ ဂေ​သ​ရှေ​မန်​အ​ရပ်​သို့​ရောက်​ကြ​လျှင် ကိုယ်​တော်​က၊ ငါ​ဆု​တောင်း​စဉ်​တွင် သင်​တို့​သည် ဤ​အ​ရပ်၌ ထိုင်​နေ​ကြ​လော့​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​ပြီး​မှ၊- ပေ​တ​ရု၊ ယာ​ကုပ်၊ ယော​ဟန်​တို့​ကို​ခေါ်​သွား၍ မိန်း​မော​တွေ​ဝေ​ခြင်း၊ စိတ်​ပူ​ပန်​ခြင်း​သို့ ရောက်​တော်​မူ၏။- ထို​အ​ခါ ငါ​သည် သေ​လောက်​အောင် စိတ်​နှ​လုံး အ​လွန်​ညှိုး​ငယ်​ခြင်း​ရှိ၏။ ဤ​အ​ရပ်၌ စောင့်​နေ​ကြ​လော့​ဟု တ​ပည့်​တော်​သုံး​ယောက်​တို့​အား မိန့်​တော်​မူ၍၊- ထို​မှ အ​နည်း​ငယ်​လွန်​ပြန်​လျှင်၊ မြေ​ပေါ်​မှာ ပျပ်​ဝပ်၍ အို အ​ဘ​ခ​မည်း​တော်၊- ကိုယ်​တော်​သည် အ​လုံး​စုံ​တို့​ကို တတ်​နိုင်​တော်​မူ၏။ ဤ​ခွက်​ကို အ​ကျွန်ုပ်​မှ လွှဲ​တော်​မူ​ပါ။ သို့​သော်​လည်း အ​ကျွန်ုပ်​အ​လို​ရှိ​သည်​အ​တိုင်း မ​ဖြစ်​ပါ​စေ​နှင့်။ ကိုယ်​တော်​အ​လို​ရှိ​သည်​အ​တိုင်း ဖြစ်​ပါ​စေ​သော​ဟူ၍ ထို​အ​ချိန် နာ​ရီ​သည် မိ​မိ​နှင့် လွန်​သွား​နိုင်​လျှင် လွန်​သွား​ပါ​မည်​အ​ကြောင်း ဆု​တောင်း​တော်​မူ​ပြီး​မှ၊

ရှင်မာကု 14:32-36 Common Language Bible (BCL)

ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် ဂေ​သ​ရှေ​မန် ဟု​နာ​မည်​တွင်​သော​အ​ရပ်​သို့​ရောက်​ကြ​၏။ ကိုယ် တော်​သည် ``ငါ​ဆု​တောင်း​နေ​စဉ်​သင်​တို့​ဤ​နေ​ရာ ၌​ထိုင်​နေ​ကြ​လော့'' ဟု​တ​ပည့်​တော်​တို့​အား​မှာ ကြား​ပြီး​နောက်၊- ပေ​တ​ရု၊ ယာ​ကုပ်​နှင့်​ယော​ဟန်​တို့​ကို​မိ​မိ​နှင့် အ​တူ​ခေါ်​ဆောင်​သွား​တော်​မူ​၏။ ကိုယ်​တော်​သည် ပြင်း​စွာ​ပူ​ပင်​သော​က​ဖြစ်​တော်​မူ​သ​ဖြင့်၊- ``ငါ​သည်​သေ​လု​နီး​ပါး​စိတ်​ဒုက္ခ​ရောက်​လှ​၏။ သင်​တို့​ဤ​အ​ရပ်​တွင်​သ​တိ​နှင့်​စောင့်​နေ​ကြ လော့'' ဟု​တ​ပည့်​တော်​တို့​သုံး​ဦး​တို့​အား​မိန့် တော်​မူ​၏။ ထို​နောက်​ရှေ့​သို့​အ​နည်း​ငယ်​ကြွ​တော်​မူ​၍ မြေ​ပေါ် တွင်​ပျပ်​ဝပ်​တော်​မူ​ပြီး​လျှင် ``အ​ဖ​ခ​မည်း​တော်၊ ကိုယ်​တော်​သည်​အ​မှု​အ​ရာ​ခပ်​သိမ်း​ကို​တတ်​နိုင် တော်​မူ​ပါ​၏။ ဤ​ဒုက္ခ​ဝေ​ဒ​နာ​ခွက်​ကို​အ​ကျွန်ုပ် ထံ​မှ​လွှဲ​ဖယ်​ပေး​တော်​မူ​ပါ။ သို့​ရာ​တွင်​အ​ကျွန်ုပ် ၏​အ​လို​အ​တိုင်း​မ​ဟုတ်​ပါ။ ကိုယ်​တော်​၏​အ​လို တော်​အ​တိုင်း​ဖြစ်​စေ​တော်​မူ​ပါ'' ဟူ​၍​မိ​မိ ခံ​ရ​မည့်​ဝေ​ဒ​နာ​ကို​လွှဲ​ဖယ်​ရန်​ဖြစ်​နိုင်​ပါ က လွှဲ​ဖယ်​ပေး​တော်​မူ​ပါ​မည့်​အ​ကြောင်း​ဆု တောင်း​တော်​မူ​၏။

ရှင်မာကု 14:32-36 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် သူ​တို့​သည် ဂေသရှေမန်​အမည်​ရှိ​သော​အရပ်​သို့ ရောက်​ကြ​၏။ ကိုယ်တော်​က“ငါ​ဆုတောင်း​စဉ်​တွင် ဤ​နေရာ​၌ ထိုင်​နေ​ကြ​လော့”​ဟု တပည့်​တော်​တို့​အား မိန့်​တော်မူ​ပြီးလျှင် ပေတရု၊ ယာကုပ်​နှင့် ယောဟန်​တို့​ကို မိမိ​နှင့်အတူ​ခေါ်သွား​တော်မူ​၏။ ထိုအခါ ကိုယ်တော်​သည် ဝမ်းနည်း​ပူဆွေး​ခြင်း​နှင့် စိတ်ပူပန်​ခြင်း​ရှိ​သဖြင့် “ငါ​၏​စိတ်​ဝိညာဉ်​သည် သေ​လုမတတ် အလွန်​ဝမ်းနည်း​ခြင်း​ရှိ​၏။ ဤ​နေရာ​၌​နေ​၍ သတိ​နှင့်​စောင့်​နေ​ကြ​လော့”​ဟု သူ​တို့​အား မိန့်​တော်မူ​၏။ ထို့နောက် ရှေ့သို့​အနည်းငယ်​ကြွ​တော်မူ​ပြီး မြေ​ပေါ်၌​ပျပ်ဝပ်​လျက် ဖြစ်နိုင်​လျှင် ဤ​အချိန်​နာရီ​ကို မိမိ​ထံမှ​လွန်​သွား​စေ​မည့်​အကြောင်း ဆုတောင်း​ကာ “အို အဖ​ခမည်းတော်၊ ကိုယ်တော်​အတွက် အရာ​ခပ်သိမ်း​သည် ဖြစ်နိုင်​ပါ​၏။ ဤ​ခွက်​ကို အကျွန်ုပ်​ထံမှ ဖယ်ရှား​ပေး​တော်မူ​ပါ။ သို့သော် အကျွန်ုပ်​၏​အလို​အတိုင်း​မ​ဟုတ်​ဘဲ ကိုယ်တော်​၏​အလို​တော်​အတိုင်း​ဖြစ်​စေ​တော်မူ​ပါ”​ဟု တောင်းလျှောက်​တော်မူ​၏။