YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 14:22-26

ရှင်မာကု 14:22-26 Judson Bible (JBMLE)

ထို​အ​ခါ စား​လျက်​နေ​ကြ​စဉ်​တွင် ယေ​ရှု​သည်​မုန့်​ကို​ယူ၍၊ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍၊ ဤ​မုန့်​ကား ငါ၏​ကိုယ်​ဖြစ်၏။ ယူ၍​စား​ကြ​လော့​ဟု မိန့်​တော်​မူ​လျက် တ​ပည့်​တော်​တို့​အား ပေး​တော်​မူ၏။- ခွက်​ကို​လည်း​ယူ၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​မှ သူ​တို့​အား ပေး​တော်​မူ​လျှင်၊ ထို​သူ​ရှိ​သ​မျှ​တို့​သည် သောက်​ကြ၏။- ကိုယ်​တော်​က​လည်း၊ ဤ​ခွက်​ကား၊ ပ​ဋိ​ညာဉ်​တ​ရား​သစ်​နှင့် ဆိုင်၍၊ လူ​များ​အ​ဖို့​အ​လို​ငှာ သွန်း​သော ငါ၏​အ​သွေး​ဖြစ်၏။- ငါ​အ​မှန်​ဆို​သည်​ကား၊ ဤ​စ​ပျစ်​ရည်​မျိုး​အ​သစ်​ကို ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်၌ ငါ​မ​သောက်​မီ နေ့​တိုင်​အောင် ယ​ခု​မှ​စ၍ တစ်​ဖန်​ငါ​မ​သောက်​ရ​ဟု မိန့်​တော်​မူ၏။- ထို​နောက် သီ​ချင်း​ဆို​ပြီး​မှ သံ​လွင်​တောင်​သို့ ထွက်​သွား​ကြ၏။

ရှင်မာကု 14:22-26 Common Language Bible (BCL)

ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ည​စာ​စား နေ​ကြ​စဉ်​ကိုယ်​တော်​သည်​မုန့်​ကို​ယူ​၍ ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​တော်​မူ​၏။ ထို​နောက်​မုန့်​ကို​ဖဲ့​၍ ``ဤ​မုန့်​ကား​ငါ​၏​ကိုယ် ခန္ဓာ​ဖြစ်​၏။ ယူ​၍​စား​ကြ​လော့'' ဟု​မိန့်​တော်​မူ ပြီး​လျှင်​တ​ပည့်​တော်​တို့​အား​ဝေ​ပေး​တော် မူ​၏။ စ​ပျစ်​ရည်​ခွက်​ကို​လည်း​ယူ​၍​ဘု​ရား​သ​ခင် ၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​နောက် သူ​တို့ အား​ပေး​တော်​မူ​လျှင်​သူ​တို့​အား​လုံး​သည် သောက်​ကြ​၏။- ကိုယ်​တော်​က ``ဤ​စ​ပျစ်​ရည်​ကား​လူ​အ​များ အ​တွက်​သွန်း​သော ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ် တော်​ကို​တံ​ဆိပ်​ခတ်​နှိပ်​သော​ငါ​၏​သွေး​ဖြစ်​၏။- သင်​တို့​အား​ငါ​ဆို​သည်​ကား​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​တွင် စ​ပျစ်​ရည်​သစ်​ကို​သောက်​ရ​သည့် နေ့​မ​တိုင်​မီ ငါ​သည်​ဤ​စ​ပျစ်​ရည်​ကို​နောက်​တစ် ဖန်​သောက်​တော့​မည်​မ​ဟုတ်'' ဟု​တ​ပည့်​တော်​တို့ အား​မိန့်​တော်​မူ​၏။ ထို​နောက်​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် ဋ္ဌမ္မ သီ​ချင်း​ဆို​ပြီး​လျှင်​သံ​လွင်​တောင်​သို့​ထွက် သွား​ကြ​၏။

ရှင်မာကု 14:22-26 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် သူ​တို့​စား​လျက်​နေ​ကြ​စဉ် ကိုယ်တော်​သည် မုန့်​ကို​ယူ​၍ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် မုန့်​ကို​ဖဲ့​၍ သူ​တို့​အား​ပေး​လျက်“ယူ​ကြ​လော့။ ဤ​မုန့်​ကား ငါ​၏​ကိုယ်ခန္ဓာ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။ ခွက်​ကို​လည်း​ယူ​၍ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် သူ​တို့​အား ပေး​တော်မူ​ရာ သူ​တို့​အားလုံး​သည် ထို​ခွက်​ကို​သောက်​ကြ​၏။ ကိုယ်တော်​က​လည်း“ဤသည်ကား လူ​များစွာ​အဖို့​သွန်းလောင်း​သည့် ပဋိညာဉ်​နှင့်ဆိုင်သော ငါ​၏​သွေး​ဖြစ်​၏။ သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ဘုရားသခင်​၏​နိုင်ငံ​တော်​၌ အသစ်​ပြန်​သောက်​မည့် ထို​နေ့ရက်​တိုင်အောင် စပျစ်​သီး​မှ​ဖြစ်​သော​အရည်​ကို ငါ​လုံးဝ​သောက်​တော့မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏။ ထို့နောက် သူ​တို့​သည် ချီးမွမ်း​သီချင်း​သီဆို​ပြီးမှ သံလွင်​တောင်​သို့​ထွက်သွား​ကြ​၏။