YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 1:14-20

ရှင်မာကု 1:14-20 Judson Bible (JBMLE)

ယော​ဟန်​သည် ထောင်​ထဲ​သို့​ရောက်​သည်​နောက်၊ ယေ​ရှု​သည် ဂါ​လိ​လဲ​ပြည်​သို့ ကြွ​တော်​မူ​လျှင်၊- အ​ချိန်​ပြည့်​စုံ​ပြီ၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သည် တည်​လု​နီး​ပြီ၊ နောင်​တ​ရ​ကြ​လော့။ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ယုံ​ကြည်​ကြ​လော့​ဟူ​သော ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​တော်​မူ၏။ ဂါ​လိ​လဲ​အိုင်​နား​မှာ ကြွ​တော်​မူ​စဉ်၊ ရှိ​မုန်​နှင့် အ​န္ဒြေ ညီ​အစ်​ကို​နှစ်​ယောက်​သည် တံ​ငါ​ဖြစ်၍၊ အိုင်​တွင် ပိုက်​ကွန်​ဖြန့်​ချ​သည်​ကို မြင်​တော်​မူ​လျှင်၊- ထို​သူ​တို့​အား ငါ့​နောက်​သို့ လိုက်​ကြ​လော့။ သင်​တို့​သည် လူ​ကို​မျှား​သော​တံ​ငါ​ဖြစ်​စေ​ခြင်း​ငှာ ငါ​ပြု​မည်​ဟု အ​မိန့်​တော်​ရှိ​သော်၊- ထို​သူ​တို့​သည် ချက်​ချင်း​ပိုက်​ကွန်​ကို​စွန့်​ပစ်၍ နောက်​တော်​သို့ လိုက်​ကြ၏။- ထို​မှ အ​နည်း​ငယ်​လွန်​ပြန်​လျှင် ဇေ​ဗေ​ဒဲ၏​သား​ယာ​ကုပ်​နှင့် ယော​ဟန် ညီ​အစ်​ကို​နှစ်​ယောက်​တို့​သည် လှေ​ပေါ်​မှာ ပိုက်​ကွန်​ပြင်​နေ​သည်​ကို မြင်၍ ချက်​ချင်း​ခေါ်​တော်​မူ၏။- ထို​သူ​တို့​သည်​လည်း လှေ​ပေါ်​မှာ​ရှိ​သော သူ​ငှား​တို့​နှင့်​တ​ကွ အ​ဘ​ဇေ​ဗေ​ဒဲ​ကို​စွန့်​ပစ်၍ နောက်​တော်​သို့ လိုက်​ကြ၏။

ရှင်မာကု 1:14-20 Common Language Bible (BCL)

ယော​ဟန်​အ​ကျဉ်း​ခံ​ရ​ပြီး​နောက်​သ​ခင်​ယေ​ရှု​သည် ဂါ​လိ​လဲ​ပြည်​သို့​ကြွ​လာ​၍ ``ချိန်း​ချက်​တော်​မူ​ရာ အ​ချိန်​ကျ​ပြီ။ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​တည် လု​နီး​ပြီ။ နောင်​တ​ရ​၍​သ​တင်း​ကောင်း​ကို​ခံ​ယူ ယုံ​ကြည်​ကြ​လော့'' ဟု​ဘု​ရား​သ​ခင်​ထံ​မှ သ​တင်း​ကောင်း​ကို​ဟော​ပြော​တော်​မူ​၏။ ကိုယ်​တော်​သည်​ဂါ​လိ​လဲ​ကမ်း​ခြေ​တွင်​လျှောက်​သွား တော်​မူ​စဉ် ရှိ​မုန်​နှင့်​ညီ​အန္ဒြေ​ကို​မြင်​တော်​မူ​၏။ သူ​တို့ သည်​တံ​ငါ​သည်​များ​ဖြစ်​သည်​အ​လျောက် အိုင်​ထဲ တွင်​ကွန်​ပစ်​နေ​ကြ​သ​တည်း။- သ​ခင်​ယေ​ရှု​က ``လာ​ကြ။ ငါ့​နောက်​သို့​လိုက်​ကြ။ သင်​တို့​ကို​လူ​ဖမ်း​တံ​ငါ​များ​ဖြစ်​စေ​မည်'' ဟု ထို​သူ​တို့​အား​မိန့်​တော်​မူ​၏။- ထို​သူ​တို့​သည်​ချက်​ချင်း မိ​မိ​တို့​၏​ပိုက်​ကွန်​များ ကို​စွန့်​ပစ်​၍​နောက်​တော်​သို့​လိုက်​ကြ​၏။ ကိုယ်​တော်​သည်​ဆက်​လက်​၍​အ​နည်း​ငယ်​လျှောက် သွား​သော​အ​ခါ ဇေ​ဗေ​ဒဲ​၏​သား​များ​ဖြစ်​ကြ သော​ယာ​ကုပ်​နှင့်​ညီ​ယော​ဟန်​ကို​မြင်​တော်​မူ​၏။ သူ​တို့​သည်​လှေ​ထဲ​တွင်​ပိုက်​ကွန်​များ​ကို​အ​သင့် ပြင်​လျက်​နေ​ကြ​၏။- ကိုယ်​တော်​သည်​သူ​တို့​ကို​မြင်​လျှင်​ချက်​ချင်း​ခေါ်​ယူ တော်​မူ​သ​ဖြင့် သူ​တို့​သည်​ဖ​ခင်​ဇေ​ဗေ​ဒဲ​ကို​လူ ငှား​များ​နှင့်​လှေ​ထဲ​တွင်​ထား​ခဲ့​၍​နောက်​တော်​သို့ လိုက်​ကြ​၏။

ရှင်မာကု 1:14-20 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယောဟန်​အကျဉ်းချ​ခံရ​ပြီးနောက် ယေရှု​သည် ဂါလိလဲ​နယ်​သို့​ကြွ​တော်မူ​၍ ဘုရားသခင်​၏​ကောင်းမြတ်​သော​သတင်း​ကို ဟောပြော​လျက် “အချိန်​ပြည့်စုံ​ပြီ။ ဘုရားသခင်​၏​နိုင်ငံ​တော်​လည်း ပေါ်ထွန်း​လုနီး​ပြီ။ နောင်တရ​၍ ကောင်းမြတ်​သော​သတင်း​ကို ယုံကြည်​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ ဂါလိလဲ​ပင်လယ်​ကမ်းနား​တွင် ကြွ​တော်မူ​စဉ် တံငါသည်​များ​ဖြစ်​ကြ​သော ရှိမုန်​နှင့်​သူ​၏​ညီ​အန္ဒြေ​တို့​သည် ပင်လယ်​ထဲတွင် ပိုက်ကွန်​ချ​နေ​ကြ​သည်​ကို မြင်​တော်မူ​၏။ ယေရှု​က“ငါ့​နောက်​သို့​လိုက်​ကြ​လော့။ သင်​တို့​အား လူ​ကို​ဖမ်း​သော​တံငါသည်​ဖြစ်​စေ​မည်”​ဟု သူ​တို့​အား မိန့်​တော်မူ​လျှင် သူ​တို့​သည် ချက်ချင်း​ပင် ပိုက်ကွန်​များ​ကို​ထားခဲ့​၍ နောက်​တော်​သို့​လိုက်​ကြ​၏။ တစ်ဖန် အနည်းငယ်​ဆက်၍​ကြွ​တော်မူ​ရာ ဇေဗေဒဲ​၏​သား ယာကုပ်​နှင့်​သူ​၏​ညီ​ယောဟန်​တို့​ကို မြင်​တော်မူ​၏။ သူ​တို့​သည် လှေ​ထဲ၌ ပိုက်ကွန်​များ​ကို​ဖာထေး​နေ​ကြ​၏။ ကိုယ်တော်​သည် သူ​တို့​ကို​ချက်ချင်း​ခေါ်​တော်မူ​လျှင် သူ​တို့​သည် မိမိ​တို့​ဖခင်​ဇေဗေဒဲ​ကို လူငှား​တို့​နှင့်အတူ လှေ​ထဲ၌​ထားခဲ့​၍ နောက်​တော်​သို့​လိုက်​ကြ​၏။