YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 9:9-12

ရှင်မဿဲ 9:9-12 Judson Bible (JBMLE)

ယေ​ရှု​သည် ထို​အ​ရပ်​မှ ကြွ​တော်​မူ​လျှင်၊ မဿဲ​အ​မည်​ရှိ​သော သူ​တစ်​ယောက်​သည် အ​ခွန်​ခံ​ရာ​တဲ၌ ထိုင်​နေ​သည်​ကို မြင်​သော်၊ ငါ့​နောက်​သို့​လိုက်​လော့​ဟု မိန့်​တော်​မူ၏။ ထို​သူ​သည်​လည်း ထ၍ နောက်​တော်​သို့ လိုက်​လေ၏။- ထို​နောက်​မှ အိမ်​တွင် စား​ပွဲ၌ လျောင်း​တော်​မူ​စဉ်၊ အ​ခွန်​ခံ​သော​သူ​များ​နှင့် ဆိုး​သော​သူ​များ​တို့​သည် လာ၍ ကိုယ်​တော်​မှ​စ​သော တ​ပည့်​တော်​တို့​နှင့်​တ​ကွ စား​ပွဲ၌​လျောင်း​ကြ၏။- ဖာ​ရိ​ရှဲ​တို့​သည် မြင်​လျှင် တ​ပည့်​တော်​တို့​အား၊ သင်​တို့​ဆ​ရာ​သည် အ​ခွန်​ခံ​သော​သူ၊ ဆိုး​သော​သူ​တို့​နှင့် အ​တူ အ​ဘယ်​ကြောင့် စား​သ​နည်း​ဟု​ဆို​ကြ၏။- ယေ​ရှု​သည် ကြား​တော်​မူ​လျှင်၊ ကျန်း​မာ​သော​သူ​တို့​သည် ဆေး​သ​မား​ကို အ​လို​မ​ရှိ​ကြ။ နာ​သော​သူ​တို့ သာ​လျှင် အ​လို​ရှိ​ကြ၏။

ရှင်မဿဲ 9:9-12 Common Language Bible (BCL)

သ​ခင်​ယေ​ရှု​သည်​ထို​အ​ရပ်​မှ​ထွက်​၍​ကြွ သွား​တော်​မူ​စဉ် အ​ကောက်​ခွန်​ရုံး​ခန်း​တွင်​ထိုင် လျက်​နေ​သော​မ​ဿဲ​ဆို​သူ​လူ​တစ်​ယောက်​ကို မြင်​တော်​မူ​၏။ ကိုယ်​တော်​က ``ငါ့​နောက်​သို့​လိုက် လော့'' ဟု​မိန့်​တော်​မူ​လျှင်​ထို​သူ​သည်​ထ​၍ နောက်​တော်​သို့​လိုက်​လေ​၏။ သ​ခင်​ယေ​ရှု​သည်​မ​ဿဲ​၏​အိမ်​တွင်​ည​စာ​စား လျက်​နေ​တော်​မူ​သော​အ​ခါ အ​ခွန်​ခံ​သူ​များ နှင့်​အ​ခြား​အ​ပယ်​ခံ​သူ​များ​သည်​လည်း​ပါ ဝင်​စား​သောက်​ကြ​၏။- ထို​အ​ခြင်း​အ​ရာ​ကို​ဖာ​ရိ​ရှဲ​တို့​မြင်​လျှင် ``သင် တို့​၏​ဆ​ရာ​သည်​အ​ဘယ်​ကြောင့်​ဤ​လူ​တန်း​စား များ​နှင့်​အ​တူ​ထိုင်​လျက်​စား​သောက်​နေ​ပါ​သ​နည်း'' ဟု​တ​ပည့်​တော်​တို့​အား​မေး​မြန်း​ကြ​၏။ ယင်း​သို့​မေး​မြန်း​သည်​ကို​သ​ခင်​ယေ​ရှု​ကြား တော်​မူ​လျှင် ``ကျန်း​မာ​သူ​သည်​ဆ​ရာ​ဝန်​ကို မ​လို။ ဖျား​နာ​သူ​သာ​လျှင်​လို​၏။

ရှင်မဿဲ 9:9-12 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ယေရှု​သည် ထို​အရပ်​မှ​ကြွ​တော်မူ​စဉ် အခွန်​ကောက်ခံ​ရာ​စခန်း​တွင်​ထိုင်​နေ​သည့် မဿဲ​ဟု​ခေါ်​သော​သူ​တစ်​ဦး​ကို​မြင်​၍“ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်မူ​သော် သူ​သည်​ထ​၍ နောက်​တော်​သို့​လိုက်​လေ​၏။ ထို့နောက် ကိုယ်တော်​သည် အိမ်​ထဲတွင် စားပွဲ​၌​ထိုင်​တော်မူ​စဉ် များစွာ​သော​အခွန်​ကောက်ခံ​သူ​တို့​နှင့်​အပြစ်သား​တို့​သည် ရောက်လာ​၍ တပည့်​တော်​တို့​နှင့်တကွ ယေရှု​နှင့်အတူ စားသောက်ပွဲ​၌​ထိုင်​ကြ​၏။ ထို​အခြင်းအရာ​ကို ဖာရိရှဲ​တို့​မြင်​လျှင် တပည့်​တော်​တို့​အား “သင်​တို့​၏​ဆရာ​သည် အဘယ်ကြောင့် အခွန်​ကောက်ခံ​သူ​များ၊ အပြစ်သား​များ​နှင့်အတူ စား​သောက်​သနည်း”​ဟု မေးမြန်း​ကြ​၏။ ကိုယ်တော်​သည် ထို​စကား​ကို​ကြား​လျှင်“ကျန်းမာ​သော​သူ​တို့​သည် ဆေးဆရာ​ကို မ​လိုအပ်​ကြ​ပေ။ နာမကျန်း​ဖြစ်​သော​သူ​တို့​သာလျှင် လိုအပ်​ကြ​၏။