YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 7:24-29

ရှင်မဿဲ 7:24-29 Judson Bible (JBMLE)

အ​ကြင်​သူ​သည် ငါ​ဟော​ပြော​သော ဤ​စ​ကား​ကို ကြား၍​နား​ထောင်၏။ ထို​သူ​သည် ကျောက်​ပေါ်​မှာ အိမ်​ဆောက်​သော ပ​ညာ​ရှိ​နှင့် တူ​ကြောင်း​ကို ငါ​ပုံ​ပြ​မည်။- မိုး​ရွာ၍ ရေ​စီး​သည်​နှင့် လေ​လာ၍ ထို​အိမ်​ကို တိုက်​သည်​ရှိ​သော်၊ ကျောက်​ပေါ်​မှာ တည်​သော​ကြောင့် မ​ပြို​မ​လဲ​နေ၏။- အ​ကြင်​သူ​သည် ငါ​ဟော​ပြော​သော ဤ​စ​ကား​ကို​ကြား၍ နား​မ​ထောင်​ဘဲ​နေ၏။ ထို​သူ​သည် သဲ​ပေါ်​မှာ အိမ်​ဆောက်​သော လူ​မိုက်​နှင့်​တူ​ကြောင်း​ကို ငါ​ပုံ​ပြ​မည်။- မိုး​ရွာ၍ ရေ​စီး​သည်​နှင့် လေ​လာ၍ ထို​အိမ်​ကို တိုက်​သော​အ​ခါ၊ ကြီး​စွာ​သော ပြို​လဲ​ခြင်း​သို့ ရောက်​လေ​သည်​ဟု ဟော​တော်​မူ၏။- ထို​ဒေ​သ​နာ​တော်​ကို ယေ​ရှု​ဟော​တော်​မူ​သည် အ​ဆုံး၌ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ​ခြင်း​ကို အ​လွန်​အံ့​ဩ​ကြ၏။- အ​ကြောင်း​မူ​ကား၊ ကျမ်း​ပြု​ဆ​ရာ​နည်း​တူ မ​ဟုတ်၊ အ​စိုး​ရ​သော သူ​နည်း​တူ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ၏။

ရှင်မဿဲ 7:24-29 Common Language Bible (BCL)

`ငါ​ဟော​ပြော​သော​ဤ​တ​ရား​စ​ကား​ကို​ကြား​၍ လိုက်​လျှောက်​သူ​သည်​ကျောက်​ပေါ်​တွင်​အိမ်​ဆောက် သည့်​ပ​ညာ​ရှိ​နှင့်​တူ​၏။- မိုး​သည်း​ထန်​စွာ​ရွာ​၍​မြစ်​ရေ​လျှံ​ကာ​မုန်​တိုင်း​ထန် လျက် ထို​အိမ်​ကို​တိုက်​ခတ်​သော်​လည်း​ထို​အိမ်​သည် ကျောက်​ပေါ်​မှာ​တည်​သော​ကြောင့်​မ​ပြို​မ​လဲ​ချေ။- ငါ​ဟော​ပြော​သော​ဤ​တ​ရား​စ​ကား​ကို​ကြား ပြီး​နောက် မ​လိုက်​မ​လျှောက်​သူ​သည်​သဲ​ပေါ်​မှာ အိမ်​ဆောက်​သော​လူ​မိုက်​နှင့်​တူ​၏။- မိုး​သည်း​ထန်​စွာ​ရွာ​၍​မြစ်​ရေ​လျှံ​ကာ​မုန်​တိုင်း​ထန် လျက် ထို​အိမ်​ကို​တိုက်​ခတ်​သည်​ရှိ​သော်​ထို​အိမ်​သည် ပြို​လဲ​၍​သွား​၏။ ထို​အိမ်​၏​အ​ပျက်​အ​စီး​မှာ ကြီး​လှ​စွာ​တ​ကား။'' သ​ခင်​ယေ​ရှု​ဤ​သို့​ဟော​ပြော​ပြီး​သည့်​အ​ဆုံး​၌ လူ​ပ​ရိ​သတ်​တို့​သည်​ကိုယ်​တော်​၏​သွန်​သင်​ပုံ​ကို လွန်​စွာ​အံ့​သြ​ကြ​ကုန်​၏။- အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည်​ကျမ်း​တတ် ဆ​ရာ​တို့​ကဲ့​သို့​မ​ဟုတ်​ဘဲ အာ​ဏာ​ရှိ​ကဲ့​သို့​ဟော ပြော​သွန်​သင်​တော်​မူ​သော​ကြောင့်​ဖြစ်​သည်။

ရှင်မဿဲ 7:24-29 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့ဖြစ်၍ ငါ​ဟောပြော​သော ဤ​တရား​စကား​တို့​ကို​ကြား​၍ ကျင့်သုံး​သော​သူ​တိုင်း​သည် ကျောက်​ပေါ်၌ မိမိ​အိမ်​ကို​ဆောက်​သည့် ပညာ​သတိ​ရှိ​သော​သူ​နှင့်​တူ​၏။ မိုး​ရွာ​၍ မြစ်​ရေ​စီးဆင်း​လာ​ကာ လေ​ထန်​သဖြင့် ထို​အိမ်​ကို​တိုက်ခတ်​သော်လည်း ကျောက်​ပေါ်၌​အုတ်မြစ်​ချ​ထား​သောကြောင့် ထို​အိမ်​သည် မ​ပြိုလဲ​ပေ။ ငါ​ဟောပြော​သော ဤ​တရား​စကား​တို့​ကို​ကြား​၍ မ​ကျင့်သုံး​သော​သူ​တိုင်း​သည် သဲ​ပေါ်၌ မိမိ​အိမ်​ကို​ဆောက်​သည့် မိုက်မဲ​သော​သူ​နှင့်​တူ​၏။ မိုး​ရွာ​၍ မြစ်​ရေ​စီးဆင်း​လာ​ကာ လေ​ထန်​သဖြင့် ထို​အိမ်​ကို​တိုက်ခတ်​သောအခါ ထို​အိမ်​သည်​ပြိုလဲ​သွား​၏။ ၎င်း​၏​ပြိုလဲ​ခြင်း​သည်​လည်း ဆိုးရွား​လှ​ပေ​၏။” ဤ​တရား​စကား​တို့​ကို ယေရှု​သွန်သင်​တော်မူ​ပြီး​သောအခါ လူထု​ပရိသတ်​တို့​သည် ကိုယ်တော်​၏​သွန်သင်​ချက်​ကို အံ့ဩ​ချီးမွမ်း​ကြ​၏။ အကြောင်းမူကား ကိုယ်တော်​သည် သူ​တို့​၏​ကျမ်းပြု​ဆရာ​များ​ကဲ့သို့​မ​ဟုတ်​ဘဲ အခွင့်​အာဏာ​ရှိ​သော​သူ​ကဲ့သို့ သွန်သင်​တော်မူ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။