YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 7:15-20

ရှင်မဿဲ 7:15-20 Judson Bible (JBMLE)

အ​တွင်း၌ ကြမ်း​တမ်း​သော တော​ခွေး​ဖြစ်​လျက် သိုး​ရေ​ကို​ခြုံ၍ သင်​တို့​ရှိ​ရာ​သို့​လာ​သော မိ​စ္ဆာ​ပ​ရော​ဖက်​တို့​ကို သ​တိ​နှင့် ရှောင်​ကြ​လော့။- ထို​သူ​တို့၏​အ​ကျင့်​ကို ထောက်၍ သူ​တို့၏​သ​ဘော​ကို သိ​ကြ​လိမ့်​မည်။ ဆူး​ပင်၌ စ​ပျစ်​သီး​ကို ဆွတ်​တတ်​သ​လော။ ဆူး​လေ​ပင်၌ သင်္ဘော​သ​ဖန်း​သီး​ကို ဆွတ်​တတ်​သ​လော။- ကောင်း​သော​အ​ပင်​သည် ကောင်း​သော​အ​သီး၊ မ​ကောင်း​သော​အ​ပင်​သည် မ​ကောင်း​သော​အ​သီး​ကို သီး​တတ်၏။- ကောင်း​သော​အ​ပင်​သည် မ​ကောင်း​သော​အ​သီး၊ မ​ကောင်း​သော​အ​ပင်​သည် ကောင်း​သော​အ​သီး​ကို မ​သီး​နိုင်။- ကောင်း​သော​အ​သီး မ​သီး​သော အ​ပင်​ရှိ​သ​မျှ​တို့​ကို ခုတ်​လှဲ၍ မီး​ထဲ​သို့ ချ​လိုက်​တတ်၏။- သို့​ဖြစ်​လျှင် ထို​ပ​ရော​ဖက်​တို့၏ အ​ကျင့်​ကို​ထောက်​သော် သူ​တို့၏ သ​ဘော​ကို သိ​ရ​ကြ​လိမ့်​မည်။

ရှင်မဿဲ 7:15-20 Common Language Bible (BCL)

``သိုး​ရေ​ခြုံ​ဝံ​ပု​လွေ​သား​ရဲ​နှင့်​တူ​သော​မိစ္ဆာ ပ​ရော​ဖက်​တို့​ကို​သ​တိ​နှင့်​ရှောင်​ကြ​လော့။- သူ​တို့​သည်​မိစ္ဆာ​ပ​ရော​ဖက်​များ​ဖြစ်​ကြောင်း​ကို သူ​တို့​၏​အ​ပြု​အ​မူ​အား​ဖြင့် သင်​တို့​သိ​ရှိ​ကြ လိမ့်​မည်။ စ​ပျစ်​သီး​ကို​ဆူး​ပင်​မှ​လည်း​ကောင်း၊ သင်္ဘော​သ​ဖန်း​သီး​ကို​ဆူး​ချုံ​မှ​လည်း​ကောင်း လူ​တို့​ဆွတ်​ခူး​ကြ​သ​လော။- အပင်​ကောင်း​သည်​အ​သီး​ကောင်း​ကို​သီး​တတ်​၏။ အ​ပင်​ညံ့​သည်​အ​သီး​ညံ့​ကို​သီး​တတ်​၏။- အ​ပင်​ကောင်း​သည်​အ​သီး​ညံ့​မ​သီး​နိုင်။ အ​ပင်​ညံ့ သည်​လည်း အ​သီး​ကောင်း​ကို​မ​သီး​နိုင်။- လူ​တို့​သည်​အ​သီး​ကောင်း​ကို​မ​သီး​သည့်​အ​ပင် ရှိ​သ​မျှ​ကို​ခုတ်​လှဲ​၍ မီး​ထဲ​သို့​ပစ်​ချ​တတ်​ကြ​၏။- သို့​ဖြစ်​၍​မိစ္ဆာ​ပ​ရော​ဖက်​တို့​ကို​သူ​တို့​၏​အ​ပြု အ​မူ​အား​ဖြင့် သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။

ရှင်မဿဲ 7:15-20 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ပရောဖက်​အတုအယောင်​များ​ကို သတိထား​ကြ​လော့။ သူ​တို့​သည် သိုးရေ​ခြုံ​လျက် သင်​တို့​ထံသို့​လာ​သော်လည်း အတွင်း​၌​ကား အငမ်းမရ​ဖြစ်​သည့်​ဝံပုလွေ​ကဲ့သို့​ဖြစ်​ကြ​၏။ သူ​တို့​၏​အသီး​များ​အားဖြင့် သူ​တို့​ကို သင်​တို့​သိ​ကြ​လိမ့်မည်။ ဆူးပင်​မှ စပျစ်သီး​ကို​လည်းကောင်း၊ ဆူးလေပင်​မှ သဖန်းသီး​ကို​လည်းကောင်း ဆွတ်ခူး​ရ​လေ့​ရှိ​သလော။ ထိုနည်းတူ ကောင်း​သော​အပင်​တိုင်း​သည် ကောင်း​သော​အသီး​ကို​သီး​တတ်​၏။ မကောင်း​သော​အပင်​မူကား မကောင်း​သော​အသီး​ကို​သီး​တတ်​၏။ ကောင်း​သော​အပင်​သည် မကောင်း​သော​အသီး​ကို​မ​သီး​နိုင်။ မကောင်း​သော​အပင်​သည်​လည်း ကောင်း​သော​အသီး​ကို​မ​သီး​နိုင်။ ကောင်း​သော​အသီး​မ​သီး​သော​အပင်​တိုင်း​သည် ခုတ်လှဲ​ခြင်း​ခံရ​၍ မီး​ထဲသို့ ပစ်ချ​ခြင်း​ခံရ​လိမ့်မည်။ သို့ဖြစ်၍ သူ​တို့​၏​အသီး​များ​အားဖြင့် သူ​တို့​ကို သင်​တို့​သိ​ကြ​လိမ့်မည်။