YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 4:12-17

ရှင်မဿဲ 4:12-17 Judson Bible (JBMLE)

ယော​ဟန်​သည် ထောင်​ထဲ​သို့​ရောက်​ကြောင်း​ကို ယေ​ရှု​သည်​ကြား​လျှင်၊ ဂါ​လိ​လဲ​ပြည်​သို့ ကြွ​တော်​မူ၍၊- နာ​ဇ​ရက်​မြို့​ကို စွန့်​သွား​လျက်၊ ဇာ​ဗု​လုန်​ခ​ရိုင်၊ နဿ​လိ​ခ​ရိုင်​စပ်​ကြား​တွင် အိုင်​နှင့်​နီး​စပ်​သော က​ပေ​ရ​နောင်​မြို့​သို့ ရောက်၍ နေ​တော်​မူ၏။- ဤ​အ​ကြောင်း​အ​ရာ​ကား၊ ပ​ရော​ဖက်​ဟေ​ရှာ​ယ၏ နှုတ်​ထွက်​ပြည့်​စုံ​မည် အ​ကြောင်း​တည်း။- နှုတ်​ထွက်​အ​ချက် ဟူ​မူ​ကား၊ ဇာ​ဗု​လုန်​ခ​ရိုင်​နှင့် နဿ​လိ​ခ​ရိုင်​တည်း​ဟူ​သော အိုင်​နား​လျှောက်​သော​လမ်း၊ ယော်​ဒန်​မြစ်​တစ်​ဖက်၊ တစ်​ပါး​အ​မျိုး​သား​နေ​ရာ ဂါ​လိ​လဲ​ပြည်၊- မှောင်​မိုက်​ထဲ​မှာ​ရှိ​နေ​သော လူ​များ​တို့​သည် ကြီး​စွာ​သော​အ​လင်း​ကို မြင်​ရ၍၊ သေ​မင်း၏​နိုင်​ငံ​အ​ရိပ်​တွင် ရှိ​နေ​သော​သူ​တို့၌ အ​လင်း​ပေါ်​ထွန်း​လျက်​ရှိ၏​ဟု ဟော​ထား​သ​တည်း။- ထို​အ​ခါ​မှ​စ၍ ယေ​ရှု​က၊ နောင်​တ​ရ​ကြ​လော့။ ကောင်း​ကင်​နိုင်​ငံ​တော်​သည် တည်​လု​နီး​ပြီ ဟူ​သော တ​ရား​ကို ဟော​စ​ပြု​တော်​မူ၏။

ရှင်မဿဲ 4:12-17 Common Language Bible (BCL)

သ​ခင်​ယေ​ရှု​သည်​ယော​ဟန်​အ​ဖမ်း​ခံ​ရ​ကြောင်း ကို​ကြား​သော​အ​ခါ​ဂါ​လိ​လဲ​ပြည်​သို့​ထွက်​ခွာ သွား​တော်​မူ​၏။- ကိုယ်​တော်​သည်​နာ​ဇ​ရက်​မြို့​တွင်​နေ​ထိုင်​တော် မ​မူ​ဘဲ​ဇာ​ဗု​လုန်​နယ်​နှင့်​န​ဿ​လိ​နယ်​စပ်​ကြား၊ ဂါ​လိ​လဲ​အိုင်​အ​နီး​ရှိ​က​ပေ​ရ​နောင်​မြို့​သို့ သွား​ရောက်​နေ​ထိုင်​တော်​မူ​၏။- ဤ​သို့​ပြု​တော်​မူ​ရ​ခြင်း​မှာ​ပ​ရော​ဖက်​ဟေ ရှာ​ယ​၏​ဟော​ကြား​ချက်​မှန်​ကန်​လာ​စေ​ရန် ပင်​ဖြစ်​သ​တည်း။ ပ​ရော​ဖက်​ဟေ​ရှာ​ယ​က၊ ``အို ဇာ​ဗု​လုန်​နယ်​နှင့်​န​ဿ​လိ​နယ်၊ယော်​ဒန်​မြစ် တစ်​ဖက်​ကမ်း၊အိုင်​လမ်း​တစ်​လျှောက်၊ လူ​မျိုး​ခြား​တို့​နေ​ထိုင်​ရာ​ဂါ​လိ​လဲ​ပြည်၊ အ​မှောင်​တွင်​နေ​ထိုင်​ကြ​သော​သူ​တို့​သည် အ​လင်း​ရောင်​ကြီး​ကို​မြင်​ရ​လေ​ပြီ။ သေ​မင်း​အ​ရိပ်​တွင်​နေ​ထိုင်​ကြ​သူ​တို့​၏​အ​ပေါ်​သို့ အ​လင်း​ရောင်​သက်​ရောက်​လိမ့်​မည်'' ဟု​ဟော​ကြား​ခဲ့​၏။ ထို​အ​ခါ​မှ​စ​၍​သ​ခင်​ယေ​ရှု​သည် ``နောင်​တ​ရ ကြ​လော့။ ကောင်း​ကင်​နိုင်​ငံ​တော်​တည်​လု​နီး​ပြီ'' ဟု​ဟော​ကြား​တော်​မူ​၏။

ရှင်မဿဲ 4:12-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယောဟန်​အကျဉ်းချ​ခံရ​ကြောင်း​ကို ယေရှု​သည်​ကြား​လျှင် ဂါလိလဲ​နယ်​သို့ ကြွ​တော်မူ​၏။ ထို့နောက် နာဇရက်​မြို့​ကို​စွန့်ခွာ​၍ ပင်လယ်​ကမ်းနား​၌​ရှိ​သော ကပေရနောင်​မြို့​သို့ သွားရောက်​နေထိုင်​တော်မူ​၏။ ထို​မြို့​သည် ဇာဗုလုန်​နယ်​နှင့်​နဿလိ​နယ်​ဆိုင်ရာ​အရပ်​ဒေသ​၌​ရှိ​၏။ ဤသည်ကား ပရောဖက်​ဟေရှာယ​အားဖြင့် မိန့်​တော်မူ​သော​အရာ ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း။ မိန့်​တော်မူ​ချက်​မှာ “ဇာဗုလုန်​နယ်​နှင့်​နဿလိ​နယ်၊ ပင်လယ်​လမ်း​တစ်လျှောက်၊ ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း၊ လူမျိုးခြား​တို့​၏​ဂါလိလဲ​နယ်၊ အမှောင်​ထဲ၌​နေထိုင်​သော​သူ​တို့​သည် ကြီးမား​သော​အလင်း​ကို​မြင်​ရ​ကြ​၍ သေ​ခြင်း​အရိပ်​လွှမ်းမိုး​သော​ပြည်​၌ နေထိုင်​သော​သူ​တို့​ထံသို့ အလင်း​ပေါ်ထွက်​လာ​ပြီ”​ဟူ၍​ဖြစ်​၏။ ထို​အချိန်​မှစ၍ ယေရှု​သည်“ကောင်းကင်​နိုင်ငံ​တော်​ပေါ်ထွန်း​လုနီး​ပြီ​ဖြစ်၍ နောင်တရ​ကြ​လော့”​ဟု စတင်​ဟောပြော​တော်မူ​၏။