YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 28:12-15

ရှင်မဿဲ 28:12-15 Judson Bible (JBMLE)

ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​အ​ကြီး​အ​ကဲ​တို့​သည် စု​ဝေး၍ တိုင်​ပင်​ပြီး​မှ စစ်​သူ​ရဲ​တို့​အား ငွေ​အ​များ​ကို ပေး၍၊- ည​အ​ခါ ငါ​တို့​အိပ်​ပျော်​စဉ်​တွင် ထို​သူ၏ တ​ပည့်​တို့​သည်​လာ၍ အ​လောင်း​ကို ခိုး​သွား​ကြ​သည်​ဟု သင်​တို့​ပြော​ကြ​လော့။- ထို​အ​ကြောင်း​ကို မြို့​ဝန်​မင်း​ကြား​ပြန်​လျှင်၊ ငါ​တို့​သည် သူ့​ကို​ဖျောင်း​ဖျ၍ သင်​တို့၌ အ​မှု​မ​ရှိ​စေ​ခြင်း​ငှာ ငါ​ပြု​မည်​ဟု၊- သွန်​သင်​သည်​နှင့်​အ​ညီ စစ်​သူ​ရဲ​တို့​သည် ငွေ​ကို​ယူ၍​ပြု​ကြ၏။ ထို​စ​ကား​ကို ယ​ခု​တိုင်​အောင် ယု​ဒ​လူ​တို့​သည် အ​နှံ့​အ​ပြား ပြော​ဆို​ကြ၏။

ရှင်မဿဲ 28:12-15 Common Language Bible (BCL)

ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ဘာ​သာ​ရေး​ခေါင်း ဆောင်​များ​သည်​စု​ရုံး​တိုင်​ပင်​ကြ​ပြီး​နောက်​စစ် သား​များ​အား​ငွေ​အ​မြောက်​အ​မြား​ပေး​၍၊- ``ညဥ့်​အ​ခါ​ငါ​တို့​အိပ်​ပျော်​နေ​ခိုက်​ထို​သူ​၏ တ​ပည့်​တို့​သည်​လာ​၍​အ​လောင်း​ကို​ခိုး​ယူ​သွား ကြ​ပါ​သည်'' ဟု​ပြော​ကြ​လော့။- အ​ကယ်​၍​ထို​သ​တင်း​ကို​ဘု​ရင်​ခံ​မင်း​ကြား​သိ သွား​ပါ​လျှင် သင်​တို့​အ​ပေါ်​တွင်​အ​မှု​မ​ပတ်​စေ​ရန် သူ့​အား​ငါ​တို့​ဖျောင်း​ဖျ​ပေး​မည်'' ဟု​ဆို​ကြ​၏။ စစ်​သား​တို့​သည်​ငွေ​ကို​ယူ​၍​ယဇ်​ပု​ရော​ဟိတ်​ကြီး များ​သင်​ကြား​ပေး​လိုက်​သည့်​အ​တိုင်း​ပြော​ကြ​၏။ စစ်​သား​တို့​ပြော​ကြား​သည့်​သ​တင်း​ကို​ယ​နေ့​တိုင် အောင်​ယု​ဒ​အ​မျိုး​သား​တို့​သည်​အနှံ့​အြုပား​ပြော​ဆို ကြ​၏။

ရှင်မဿဲ 28:12-15 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုအခါ ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​သည် သက်ကြီးဝါကြီး​တို့​နှင့်အတူ​စုဝေး​၍ တိုင်ပင်​ဆွေးနွေး​ကြ​ပြီးမှ စစ်သား​တို့​အား ငွေ​အမြောက်အမြား​ပေး​လျက် “ ‘ည​အချိန် ငါ​တို့​အိပ်ပျော်​နေ​စဉ် သူ​၏​တပည့်​တို့​သည် လာ​၍ အလောင်း​ကို​ခိုး​သွား​ကြ​သည်’​ဟု ပြော​ကြ​လော့။ ဤ​သတင်း​သည် ဘုရင်ခံ​၏​နား​သို့​ပေါက်ကြား​ခဲ့​လျှင် သူ့​ကို ငါ​တို့​ဖျောင်းဖျ​၍ သင်​တို့​၌​စိုးရိမ်​စရာ​မ​ရှိ​စေရန် ဆောင်ရွက်​ပေး​မည်”​ဟု ဆို​ကြ​၏။ ထိုအခါ စစ်သား​တို့​သည် ငွေ​ကို​ယူ​၍ သူ​တို့​အား သင်ပေး​ထား​သည့်​အတိုင်း​ပြု​ကြ​၏။ ဤသို့ဖြင့် ထို​သတင်း​သည် ဂျူး​လူမျိုး​တို့​ကြား​တွင် ယနေ့​တိုင်အောင်​ပျံ့နှံ့​လျက်​ရှိ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။