YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 19:23-28

ရှင်မဿဲ 19:23-28 Judson Bible (JBMLE)

ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​ဆို​သည်​ကား၊ ငွေ​ရ​တတ်​သော​သူ​သည် ကောင်း​ကင်​နိုင်​ငံ​တော်​သို့ ဝင်​ခဲ​လှ၏။- တစ်​ဖန် ငါ​ဆို​သည်​ကား၊ ကု​လား​အုတ်​သည် အပ်​န​ဖား​ကို လျှို​လွယ်၏။ ငွေ​ရ​တတ်​သော​သူ​သည် ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သို့ ဝင်​ခဲ​သည်​ဟု တ​ပည့်​တော်​တို့​အား​မိန့်​တော်​မူ၏။- ထို​သူ​တို့​သည်​ကြား​လျှင် အ​လွန်​မိန်း​မော​တွေ​ဝေ​ခြင်း​ရှိ၍၊ သို့​ဖြစ်​လျှင် အ​ဘယ်​သူ​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​နိုင်​မည်​နည်း​ဟု ပြော​ဆို​ကြ၏။- ယေ​ရှု​သည်​လည်း သူ​တို့​ကို​ကြည့်​ရှု၍ ဤ​အ​မှု​ကို လူ​မ​တတ်​နိုင်။ သို့​သော်​လည်း ဘု​ရား​သ​ခင်​သည် ခပ်​သိမ်း​သော အ​မှု​တို့​ကို တတ်​နိုင်​တော်​မူ​သည်​ဟု မိန့်​တော်​မူ၏။ ထို​အ​ခါ ပေ​တ​ရု​က၊ အ​ကျွန်ုပ်​တို့​သည် ရှိ​သ​မျှ​ကို​စွန့်​ပစ်၍ ကိုယ်​တော်​နောက်​သို့ လိုက်​ကြ​ပါ​ပြီ။ အ​ဘယ်​အ​ကျိုး​ကို ရ​ကြ​ပါ​မည်​နည်း​ဟု လျှောက်​လေ​သော်၊- ယေ​ရှု​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ အ​လုံး​စုံ​သော​အ​ရာ​တို့​ကို အ​သစ်​ပြု​ပြင်​သော​ကာ​လ၌ လူ​သား​သည် ဘုန်း​ရှိ​သော ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သော​အ​ခါ၊ ငါ့​နောက်​သို့​လိုက်​ကြ​သော သင်​တို့​သည် တစ်​ဆယ်​နှစ်​ခု​သော ပ​လ္လင်​ပေါ်​မှာ ထိုင်​လျက်၊ ဣ​သ​ရေ​လ​လူ တစ်​ဆယ်​နှစ်​မျိုး​ကို စစ်​ကြော​စီ​ရင်​ရ​ကြ​လ​တ္တံ့။

ရှင်မဿဲ 19:23-28 Common Language Bible (BCL)

သ​ခင်​ယေ​ရှု​က​လည်း ``အ​မှန်​အ​ကန်​ငါ​ဆို​သည်​ကား၊ ဥစ္စာ​ကြွယ်​ဝ​သူ​သည်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သို့ ဝင်​နိုင်​ရန်​ခဲ​ယဉ်း​လှ​၏။- တစ်​ဖန်​ငါ​ဆို​သည်​ကား၊ အပ်​န​ဖား​ကို​ကု​လား​အုတ် လျှို​ဝင်​ရန်​လွယ်​လိမ့်​မည်။ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော် သို့​ဥစ္စာ​ကြွယ်​ဝ​သူ​ဝင်​နိုင်​ရန်​ကား​ခဲ​ယဉ်း​လှ​၏'' ဟု တ​ပည့်​တော်​တို့​အား​မိန့်​တော်​မူ​၏။ တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​၏​စ​ကား​ကို​ကြား လျှင်​လွန်​စွာ​အံ့​သြ​ကြ​သ​ဖြင့် ``သို့​ဖြစ်​လျှင် အ​ဘယ်​သူ​သည်​ကယ်​တင်​ခြင်း​ကို​ရ​နိုင်​ပါ​မည် နည်း'' ဟု​မေး​လျှောက်​ကြ​၏။ သ​ခင်​ယေ​ရှု​သည် သူ​တို့​ကို​စိုက်​ကြည့်​တော်​မူ လျက် ``လူ​သည်​မိ​မိ​ကိုယ်​ကို​ကယ်​တင်​ရန်​မ​တတ် နိုင်။ ဘု​ရား​သ​ခင်​မူ​ကား အ​ရာ​ခပ်​သိမ်း​ကို​တတ် နိုင်​တော်​မူ​၏'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​ပေ​တ​ရု​က ``အ​ကျွန်ုပ်​တို့​သည်​အ​လုံး စုံ​သော​အ​ရာ​တို့​ကို​စွန့်​ပစ်​၍​ကိုယ်​တော်​၏​နောက် တော်​သို့​လိုက်​ခဲ့​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တို့​အ​ဘယ် အ​ကျိုး​ကို​ခံ​စား​ရ​ကြ​ပါ​မည်​နည်း'' ဟု​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``ငါ​အ​မှန်​အ​ကန်​ဆို​သည် ကား​အ​သစ်​ပြု​ပြင်​ရာ​ကာ​လ​တွင်​လူ​သား​သည် ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သည့်​ပလ္လင်​တော်​မှာ ထိုင်​တော်​မူ​သော​အ​ခါ ငါ​၏​တ​ပည့်​ဖြစ်​သူ သင်​တို့​သည်​လည်း​ပလ္လင်​တစ်​ဆယ့်​နှစ်​ခု​ပေါ်​မှာ ထိုင်​၍ ဣ​သ​ရေ​လ​အ​နွယ်​တစ်​ဆယ့်​နှစ်​ပါး​ကို တ​ရား​စီ​ရင်​ရ​ကြ​လတ္တံ့။

ရှင်မဿဲ 19:23-28 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုအခါ ယေရှု​က“သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ချမ်းသာ​သော​သူ​သည် ကောင်းကင်​နိုင်ငံ​တော်​သို့​ဝင်​ရန် ခဲယဉ်း​လှ​၏။ တစ်ဖန် သင်​တို့​အား ငါ​ဆို​သည်​ကား ချမ်းသာ​သော​သူ​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​သို့​ဝင်​ရန်​ထက် ကုလားအုတ်​သည် အပ်​နဖားပေါက်​မှ​လျှိုဝင်​ရန် ပို၍​လွယ်ကူ​၏”​ဟု တပည့်​တော်​တို့​အား မိန့်​တော်မူ​၏။ တပည့်​တော်​တို့​သည် ထို​စကား​ကို​ကြား​လျှင် အလွန်​အံ့အားသင့်​လျက် “သို့ဖြစ်လျှင် မည်သူ​သည် ကယ်တင်​ခြင်း​ခံရ​နိုင်​ပါ​မည်နည်း”​ဟု ပြောဆို​ကြ​၏။ သို့သော် ယေရှု​သည် သူ​တို့​ကို​စူးစိုက်​ကြည့်​လျက်“ဤ​အရာ​သည် လူ​တို့​အတွက် မ​ဖြစ်နိုင်​သော်လည်း ဘုရားသခင်​အတွက် အရာ​ခပ်သိမ်း​သည် ဖြစ်နိုင်​၏”​ဟု မိန့်​တော်မူ​၏။ ထိုအခါ ပေတရု​က “အကျွန်ုပ်​တို့​သည် ရှိသမျှ​ကို​စွန့်​၍ ကိုယ်တော်​၏​နောက်​သို့​လိုက်​ခဲ့​ကြ​ပါ​ပြီ။ သို့ဖြစ်လျှင် အကျွန်ုပ်​တို့ မည်သည့်​အရာ​ကို ရရှိ​ပါ​မည်နည်း”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား အလုံးစုံ​တို့​ကို​အသစ်​ပြုပြင်​သော​ကာလ​၌ လူ့သား​သည် မိမိ​၏​ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သော​ပလ္လင်​ပေါ်တွင်​ထိုင်​သောအခါ ငါ့​နောက်​သို့​လိုက်​သော​သင်​တို့​သည်​လည်း ပလ္လင်​တစ်ဆယ့်နှစ်​ခု​ပေါ်​ထိုင်​လျက် အစ္စရေး​မျိုးနွယ်စု​တစ်ဆယ့်နှစ်​စု​ကို တရား​စီရင်​ရ​ကြ​လိမ့်မည်။