YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 18:1-35

ရှင်မဿဲ 18:1-35 Judson Bible (JBMLE)

ထို​အ​ခါ တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍ ကောင်း​ကင်​နိုင်​ငံ​တော်၌ အ​ဘယ်​သူ​သည် သာ၍​ကြီး​မြတ် ပါ​အံ့​နည်း​ဟု မေး​လျှောက်​ကြ​သော်၊- သူ​ငယ်​တစ်​ယောက်​ကို ခေါ်​တော်​မူ၍၊ တ​ပည့်​တော်​တို့​အ​လယ်၌ ထား​ပြီး​မှ၊- ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် ပြောင်း​လဲ၍ သူ​ငယ်​ကဲ့​သို့​မ​ဖြစ်​လျှင် ကောင်း​ကင်​နိုင်​ငံ​တော်​သို့ မ​ရောက်​ရ​ကြ။- ထို​ကြောင့် အ​ကြင်​သူ​သည် ဤ​သူ​ငယ်​ကဲ့​သို့ မိ​မိ​ကိုယ်​မိ​မိ နှိမ့်​ချ​အံ့၊ ထို​သူ​သည် ကောင်း​ကင်​နိုင်​ငံ​တော်၌ သာ၍ ကြီး​မြတ်​လိမ့်​မည်။- အ​ကြင်​သူ​သည် ငါ့​မျက်​နှာ​ကို​ထောက်၍ ဤ​ကဲ့​သို့​သော သူ​ငယ်​တစ်​စုံ​တစ်​ယောက်​ကို လက်​ခံ၏၊ ထို​သူ​သည် ငါ့​ကို​ပင် လက်​ခံ၏။- ငါ့​ကို​ယုံ​ကြည်​သော ဤ​သူ​ငယ် တစ်​စုံ​တစ်​ယောက်​ကို အ​ကြင်​သူ​သည် မှား​ယွင်း​စေ၏၊ ထို​သူ​သည် လည်​ပင်း၌ ကြိတ်​ဆုံ​ကျောက်​ကို ဆွဲ၍ နက်​နဲ​သော​ပင်​လယ်၌ နှစ်​မြှုပ်​ခြင်း​ကို ခံ​ရ​လျှင် အ​နေ​သာ၍ ကောင်း၏။ မှား​ယွင်း​စ​ရာ​အ​ကြောင်း​များ ရှိ​သော​ကြောင့် လော​ကီ​သား​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ မှား​ယွင်း​စ​ရာ​အ​ကြောင်း ရှိ​ရ​မည်။ သို့​သော်​လည်း မှား​ယွင်း​စ​ရာ​အ​ကြောင်း​ကို ဖြစ်​စေ​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။- သင်၏​လက်​ခြေ​သည် သင့်​ကို မှား​ယွင်း​စေ​လျှင် လက်​ခြေ​ကို ဖြတ်​ပစ်​လော့။ လက်​ခြေ​အ​စုံ​နှင့် ထာ​ဝ​ရ​မီး​ထဲ​သို့ ချ​ခြင်း​ကို ခံ​ရ​သည်​ထက် အင်္ဂါ​ချို့​တဲ့၍ အ​သက်​ရှင်​ခြင်း​သို့ ဝင်​စား​သော် သာ၍​ကောင်း၏။- သင်၏​မျက်​စိ​သည်​လည်း သင့်​ကို​မှား​ယွင်း​စေ​လျှင်၊ မျက်​စိ​ကို ထုတ်​ပစ်​လော့။ မျက်​စိ​နှစ်​ဖက်​စုံ​နှင့် င​ရဲ​မီး​ထဲ​သို့​ချ​ခြင်း​ကို ခံ​ရ​သည်​ထက် မျက်​စိ​တစ်​ဖက်​နှင့် အ​သက်​ရှင်​ခြင်း​သို့ ဝင်​စား​သော် သာ၍​ကောင်း၏။ သင်​တို့​သည် ဤ​သူ​ငယ် တစ်​စုံ​တစ်​ယောက်​ကို မ​ထီ​မဲ့​မြင် မ​ပြု​မည်​အ​ကြောင်း သ​တိ​ရှိ​ကြ​လော့။ ငါ​ဆို​သည်​ကား၊ သူ​တို့၏ ကောင်း​ကင်​တ​မန်​တို့​သည် ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ​သော ငါ့​အ​ဘ၏​မျက်​နှာ​တော်​ကို အ​စဉ်​မ​ပြတ် ဖူး​မြင်​ကြ၏။- ထို​မှ​တစ်​ပါး လူ​သား​သည် ပျောက်​သော​သူ​တို့​ကို ကယ်​တင်​အံ့​သော​ငှာ ကြွ​လာ​သ​တည်း။ အ​ဘယ်​သို့ ထင်​ကြ​သ​နည်း။ သိုး​တစ်​ရာ​ရှိ​သော​သူ၌ သိုး​တစ်​ကောင်​သည် လမ်း​လွဲ၍​ပျောက်​လျှင်၊ ထို​သူ​သည် ကိုး​ဆယ်​ကိုး​ကောင်​သော သိုး​တို့​ကို တောင်​ပေါ်​မှာ​ထား​ခဲ့​ပြီး​မှ၊ လမ်း​လွဲ၍​ပျောက်​သော သိုး​တစ်​ကောင်​ကို သွား၍​ရှာ​တတ်​သည် မ​ဟုတ်​လော။- တွေ့​ပြီး​လျှင်၊ လမ်း​မ​လွဲ မ​ပျောက်​သော​သိုး ကိုး​ဆယ်​ကိုး​ကောင်၌ ဝမ်း​မြောက်​ခြင်း​ရှိ​သည်​ထက်၊ ထို​သိုး​တစ်​ကောင်၌ သာ၍ ဝမ်း​မြောက်​ခြင်း​ရှိ​သည်​ဟု ငါ​အ​မှန်​ဆို၏။- ထို​နည်း​တူ ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် ဤ​သူ​ငယ်​တစ်​ယောက်​ကို​မျှ ပျက်​စီး​စေ​ခြင်း​ငှာ အ​လို​တော်​မ​ရှိ။ ထို​ကြောင့် သင်၏​ညီ​အစ်​ကို​သည် သင့်​ကို​ပြစ်​မှား​လျှင်၊ သူ့​ဆီ​သို့​သွား၍ နှစ်​ယောက်​တည်း​ချင်း သူ၏​အ​ပြစ်​ကို​ပြ၍ ဆုံး​မ​လော့။ သူ​သည် သင်၏​စ​ကား​ကို နား​ထောင်​လျှင် ညီ​အစ်​ကို ကို​ရ​ပြီ။- သို့​မ​ဟုတ် သင်၏​စ​ကား​ကို နား​မ​ထောင်​လျှင်။ လူ​နှစ်​ဦး​သုံး​ဦး သက်​သေ​ခံ၍ စ​ကား​ရှိ​သ​မျှ​တို့​ကို တည်​စေ​ခြင်း​ငှာ ကိုယ်​နှင့်​အ​တူ လူ​တစ်​ဦး​နှစ်​ဦး​ကို ခေါ်​ဦး​လော့။- ထို​သူ​တို့၏​စ​ကား​ကို နား​မ​ထောင်​လျှင် အ​သင်း​တော်​အား ကြား​ပြော​လော့။ အ​သင်း​တော်၏​စ​ကား​ကို နား​မ​ထောင်​လျှင်၊ သာ​သ​နာ​ပ​လူ ကဲ့​သို့​လည်း​ကောင်း၊ အ​ခွန်​ခံ ကဲ့​သို့​လည်း​ကောင်း ထို​သူ​ကို​မှတ်​လော့။- ငါ​အ​မှန်​ဆို​သည်​ကား၊ မြေ​ကြီး​ပေါ်​မှာ သင်​တို့ ချည်​နှောင်​သ​မျှ​သည် ကောင်း​ကင်​ဘုံ၌ ချည်​နှောင်​လျက် ရှိ​လိမ့်​မည်။ မြေ​ကြီး​ပေါ်​မှာ ဖြည်​လွှတ်​သ​မျှ​သည် ကောင်း​ကင်​ဘုံ၌ ဖြည်​လွှတ်​လျက် ရှိ​လိမ့်​မည်။- တစ်​ဖန် ငါ​ဆို​သည်​ကား၊ မြေ​ကြီး​ပေါ်​မှာ သင်​တို့​တွင် နှစ်​ယောက်​တို့​သည် သ​ဘော​ချင်း​တူ၍ ဆု​တောင်း​လျှင်၊ တောင်း​သ​မျှ​သော​ဆု​တို့​ကို ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော ငါ၏​ခ​မည်း​တော်​သည် ပေး​တော်​မူ​လ​တ္တံ့။- အ​ကြောင်း​မူ​ကား၊ အ​ကြင်​အ​ရပ်၌ လူ​နှစ်​ဦး​သုံး​ဦး​သုံး​ဦး​တို့​သည် ငါ၏​နာ​မ​ကို​ထောက်၍ စည်း​ဝေး​ကြ၏။ ထို​အ​ရပ်၌ သူ​တို့​အ​လယ်​မှာ င်​ရှိ​သည်​ဟု​မိ​န့်​တော်​မူ၏။ ထို​အ​ခါ ပေ​တ​ရု​သည် ချဉ်း​ကပ်၍၊ သ​ခင်၊ ညီ​အစ်​ကို​သည် အ​ကျွန်ုပ်​ကို​ပြစ်​မှား၍ အ​ကျွန်ုပ်​သည် သူ၏​အ​ပြစ်​ကို ဘယ်​နှစ်​ကြိမ် လွှတ်​ရ​ပါ​အံ့​နည်း။ ခု​နစ်​ကြိမ်​မြောက်​အောင် လွှတ်​ရ​ပါ​အံ့​လော​ဟု မေး​လျှောက်​သော်၊ ယေ​ရှု​က၊ ခု​နစ်​ကြိမ်​မြောက်​အောင် လွှတ်​ရ​မည် ငါ​မ​ဆို။- အ​ကြိမ်​ခု​နစ်​ဆယ် ခု​နစ်​လီ​မြောက်​အောင် လွှတ်​ရ​မည် ငါ​ဆို၏။- ထို​ကြောင့် ကောင်း​ကင်​နိုင်​ငံ​တော်​သည်၊ မိ​မိ​ကျွန်​များ​တို့​ကို စာ​ရင်း​ယူ​ခြင်း​ငှာ အ​လို​ရှိ​သော​မင်း​ကြီး တစ်​ဦး​နှင့် တူ၏။- စာ​ရင်း​ယူ​စဉ်​တွင်၊ ငွေ​အ​ခွက်​တစ်​သိန်း​ကြွေး​တင်​သော​သူ​တစ်​ယောက်​ကို ရှေ့​တော်​သို့​ဆောင်​ခဲ့​ကြ၏။- ထို​သူ​သည် ကြွေး​ဆပ်​ရန်​မ​ရှိ​သော​ကြောင့်၊ ကိုယ်​မှ​စ၍ သား​မ​ယား​ဥ​စ္စာ​ရှိ​သ​မျှ​တို့​ကို​ရောင်း၍ ကြွေး​ကို​ဆပ်​စေ​ဟု သူ၏​သ​ခင်​စီ​ရင်၏။- ထို​ကျွန်​သည် ညွတ်​ပျပ်​ဝပ်​တွား​လျက်၊ သ​ခင်၊ ကျွန်​တော်​ကို သည်း​ခံ​တော်​မူ​ပါ။ ကြွေး​ရှိ​သ​မျှ​ကို ဆပ်​ပါ​မည်​ဟု လျှောက်​လျှင်၊- သူ၏​သ​ခင်​သည် သ​နား​ခြင်း​ရှိ​သ​ဖြင့် ကြွေး​ရှိ​သ​မျှ​ကို​လွှတ်၍ ချမ်း​သာ​ပေး​လေ၏။ ထို​ကျွန်​သည် ထွက်​သွား​ရာ​တွင် မိ​မိ​ငွေ​ဒေ​နာ​ရိ​တစ်​ရာ ကြွေး​တင်​သော ကျွန်​ချင်း​တစ်​ယောက်​ကို တွေ့​လျှင်၊ လည်​ပင်း​ကို​ကိုင်​ညှစ်၍ ငါ့​ငွေ​ကို​ဆပ်​ပေး​လော့​ဟု ဆို၏။- ထို​ကျွန်​ချင်း​သည် ကျွေး​ရှင်၏​ခြေ​ရင်း၌ ပျပ်​ဝပ်​လျက် ကျွန်​တော်​ကို သည်း​ခံ​တော်​မူ​ပါ။ ကြွေး​ရှိ​သ​မျှ​ကို ဆပ်​ပါ​မည်​ဟု တောင်း​ပန်​သော်​လည်း၊- ငွေ​ရှင်​သည် နား​မ​ထောင်​ဘဲ​သွား၍ ကြွေး​ကို​မ​ဆပ်​မီ​တိုင်​အောင် သူ့​ကို​ထောင်​ထဲ​မှာ လှောင်​ထား၏။- ထို​အ​မှု​အ​ရာ​ကို အ​ခြား​သော​ကျွန်​ချင်း​တို့​သည် မြင်​လျှင် အ​လွန်​နာ​ကြည်း​သော​စိတ်​နှင့် သွား၍၊ ပြု​လေ​သ​မျှ​တို့​ကို မိ​မိ​တို့​သ​ခင်၌ ကြား​လျှောက်​ကြ၏။- ထို​အ​ခါ သ​ခင်​သည် ထို​ကျွန်​ကို​ခေါ်၍၊ ဟယ် ဆိုး​ညစ်​သော​ကျွန်၊ သင်​သည် ငါ့​ကို​တောင်း​ပန်​သော​ကြောင့် သင်၌​တင်​သ​မျှ​သော​ကြွေး​ကို ငါ​ရှင်း​လင်း​စေ၏။- ငါ​သည် သင့်​ကို​သ​နား​သ​ကဲ့​သို့ သင်​သည်​လည်း ကျွန်​ချင်း​ကို မ​သ​နား​အပ်​သ​လော​ဟု ဆို​လျက်၊- အ​မျက်​ထွက်၍ ကြွေး​ရှိ​သ​မျှ​ကို မ​ဆပ်​မီ​တိုင်​အောင် အာ​ဏာ​သား​တို့​လက်​ကို အပ်​လေ၏။- သင်​တို့​သည်​လည်း ညီ​အစ်​ကို​အ​ချင်း​ချင်း​တို့​ကို စိတ်​နှ​လုံး​ပါ​လျက် အ​ပြစ်​မ​လွှတ်​လျှင်၊ ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော ငါ၏​အ​ဘ​သည် ထို​နည်း​တူ သင်​တို့​ကို စီ​ရင်​တော်​မူ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။

ရှင်မဿဲ 18:1-35 Common Language Bible (BCL)

ထို​အ​ခါ​တ​ပည့်​တော်​တို့​သည်​သ​ခင်​ယေ​ရှု​ထံ တော်​သို့​ချဉ်း​ကပ်​၍ ``ကောင်း​ကင်​နိုင်​ငံ​တော်​တွင် မည်​သူ​သည်​အ​ကြီး​မြတ်​ဆုံး​နည်း'' ဟု​မေး လျှောက်​ကြ​၏။ ကိုယ်​တော်​သည်​က​လေး​သူ​ငယ်​တစ်​ယောက်​ကို ခေါ်​ယူ​ပြီး​လျှင်​တ​ပည့်​တော်​တို့​၏​ရှေ့​တွင် ရပ်​နေ​စေ​တော်​မူ​၏။- ထို​နောက်​ကိုယ်​တော်​က ``အ​မှန်​အ​ကန်​သင်​တို့ အား​ငါ​ဆို​သည်​ကား၊ သင်​တို့​သည်​စိတ်​ပြောင်း​လဲ ၍​က​လေး​သူ​ငယ်​ကဲ့​သို့​ဖြစ်​မှ​သာ​လျှင်​ကောင်း ကင်​နိုင်​ငံ​တော်​သို့​ဝင်​ရ​လိမ့်​မည်။- ဤ​က​လေး​သူ​ငယ်​ကဲ့​သို့​စိတ်​နှိမ့်​ချ​သူ​သည် ကောင်း​ကင်​နိုင်​ငံ​တော်​တွင်​အ​ကြီး​မြတ်​ဆုံး ဖြစ်​လိမ့်​မည်။- ငါ​၏​နာ​မ​ကို​ထောက်​၍​ဤ​သို့​သော​က​လေး သူ​ငယ်​တစ်​စုံ​တစ်​ယောက်​ကို​လက်​ခံ​သူ​သည် ငါ့​ကို​လက်​ခံ​၏။ ``ငါ့​ကို​ယုံ​ကြည်​ကိုး​စား​သည့်​က​လေး​သူ​ငယ် တစ်​စုံ​တစ်​ယောက်​အား​ယုံ​ကြည်​ခြင်း​ပျက်​ပြယ် စေ​သော​သူ​မူ​ကား လည်​တွင်​ကြိတ်​ဆုံ​ကျောက်​ကြီး ကို​ဆွဲ​လျက်​ပင်​လယ်​နက်​ထဲ​သို့​အ​ချ​ခံ​ရ​လျှင် သူ့​အ​ဖို့​သာ​၍​ကောင်း​၏။- လူ​သား​တို့​အား​ယုံ​ကြည်​ခြင်း​ပျက်​ပြယ်​စေ သော​အ​ရာ​များ​ရှိ​သည့်​အ​တွက်​လူ​သား​တို့ သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ ယုံ​ကြည်​ခြင်း​ကို​ပျက် ပြယ်​စေ​သော​အ​ရာ​များ​ကား​မု​ချ​ရှိ​မည်။ သို့ ရာ​တွင်​ယုံ​ကြည်​ခြင်း​ပျက်​ပြယ်​မှု​ကို​ဖြစ် စေ​သော​သူ​သည်​အ​မင်္ဂလာ​ရှိ​၏။ ``သင်​၏​ခြေ​သော်​လည်း​ကောင်း၊ လက်​သော်​လည်း ကောင်း​သင်​၏​ယုံ​ကြည်​ခြင်း​ကို​ပျက်​ပြယ်​စေ​လျှင် ထို​ခြေ​ထို​လက်​ကို​ဖြတ်​ပစ်​လော့။ ထာ​ဝ​ရ​မီး ထဲ​သို့​ခြေ​လက်​အ​စုံ​နှင့်​ကျ​ရ​သည်​ထက်​ကိုယ် အင်္ဂါ​ချို့​တဲ့​လျက်​ထာ​ဝ​ရ​အ​သက်​ရ​ခြင်း​က သာ​၍​ကောင်း​၏။- သင်​၏​မျက်​စိ​သည်​သင်​၏​ယုံ​ကြည်​ခြင်း​ကို​ပျက် ပြယ်​စေ​လျှင်​ထို​မျက်​စိ​ကို​ထုတ်​ပစ်​လော့။ င​ရဲ​မီး ထဲ​သို့​မျက်​စိ​အ​စုံ​နှင့်​ကျ​ရ​သည်​ထက်​မျက်​စိ တစ်​လုံး​ချို့​တဲ့​လျက် ထာ​ဝ​ရ​အ​သက်​ကို​ရ​ခြင်း က​သာ​၍​ကောင်း​၏။ ``သင်​တို့​သည်​အ​ဘယ်​က​လေး​သူ​ငယ်​ကို​မျှ အ​ထင်​အ​မြင်​မ​သေး​မိ​စေ​ရန်​သ​တိ​ထား ကြ​လော့။ သင်​တို့​အား​ငါ​ဆို​သည်​ကား၊ ထို​သူ​ငယ် တို့​၏​ကောင်း​ကင်​တ​မန်​များ​သည်​ကောင်း​ကင်​ဘုံ ရှင်​ငါ့​ခ​မည်း​တော်​၏​ရှေ့​တော်​မှောက်​၌​အ​စဉ် မ​ပြတ်​ခ​စား​လျက်​ရှိ​ကြ​၏။- (လူ​သား​သည်​ပျောက်​ဆုံး​သူ​တို့​ကို​ကယ်​တင် ရန်​ကြွ​လာ​ခြင်း​ဖြစ်​၏။) ``သင်​တို့​သည်​အ​ဘယ်​သို့​ထင်​မှတ်​ကြ​သ​နည်း။ လူ​တစ်​ယောက်​သည်​မိ​မိ​မှာ​ရှိ​သည့်​သိုး​တစ်​ရာ အ​နက်​တစ်​ကောင်​ပျောက်​သွား​လျှင်​ကိုး​ဆယ် ကိုး​ကောင်​ကို​တောင်​ပေါ်​စား​ကျက်​တွင်​ထား​ခဲ့ ပြီး​လျှင်​ပျောက်​သော​သိုး​ကို​လိုက်​၍​မ​ရှာ​ဘဲ နေ​ပါ​မည်​လော။- ပျောက်​သော​သိုး​ကို​ရှာ​၍​တွေ့​သော​အ​ခါ​မ​ပျောက် သည့်​သိုး​ကိုး​ဆယ့်​ကိုး​ကောင်​အ​တွက်​ရွှင်​လန်း​ဝမ်း မြောက်​သည်​ထက် ထို​သိုး​အ​တွက်​ပို​၍​ရွှင်​လန်း ဝမ်း​မြောက်​သည်​ဟု​သင်​တို့​အား​အ​မှန်​အ​ကန် ငါ​ဆို​၏။- ထို​နည်း​တူ​စွာ​ကောင်း​ကင်​ဘုံ​ရှင်​သင်​တို့​၏​အ​ဖ သည်​လည်း ဤ​က​လေး​သူ​ငယ်​တစ်​စုံ​တစ်​ယောက် ပျောက်​ဆုံး​လမ်း​လွဲ​သွား​သည်​ကို​အ​လို​တော် မ​ရှိ။ ``သင်​၏​ညီ​အစ်​ကို​သည်​သင့်​ကို​ပြစ်​မှား​လျှင်​သူ့ အ​ပြစ်​ကို​ဖော်​ပြ​ရန်​သူ့​ထံ​သို့​သွား​လော့။ သို့​ရာ တွင်​သင်​တို့​နှစ်​ယောက်​တည်း​သာ​တွေ့​ဆုံ​၍​ပြော ဆို​လော့။ သင်​၏​စ​ကား​ကို​နား​ထောင်​လျှင်​ထို ညီ​အစ်​ကို​နှင့်​သင်​သည်​ပြန်​၍​သင့်​မြတ်​သွား လေ​ပြီ။- သို့​ရာ​တွင်​သူ​သည်​သင်​၏​စ​ကား​ကို​နား​မ​ထောင် ပါ​မူ​သင်​၏​စွပ်​စွဲ​ချက်​မှန်​သ​မျှ​အ​တည်​ဖြစ် စေ​ရန် ကျမ်း​စာ​လာ​သည်​အ​တိုင်း​အ​သိ​သက်​သေ နှစ်​ယောက်​သုံး​ယောက်​ကို​ခေါ်​လော့။- အ​ကယ်​၍​သူ​သည်​ထို​သူ​တို့​၏​စ​ကား​ကို​လည်း နား​မ​ထောင်​ပြန်​လျှင်​အ​သင်း​တော်​အား​တိုင်​ကြား လော့။ အ​သင်း​တော်​၏​စ​ကား​ကို​ပင်​နား​မ​ထောင် လျှင်​ထို​သူ​အား​ဘု​ရား​မဲ့​သူ​တစ်​ယောက်၊ သို့ မ​ဟုတ်​အ​ခွန်​ခံ​သူ​တစ်​ယောက်​ကဲ့​သို့​မှတ်​ယူ လော့။ ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား၊ လော​က​တွင်​သင်​တို့​တား​မြစ်​သ​မျှ​ကို​ဘု​ရား သ​ခင်​သည်​ကောင်း​ကင်​ဘုံ​၌​တား​မြစ်​တော်​မူ လိမ့်​မည်။ လော​က​တွင်​သင်​တို့​ခွင့်​ပြု​သ​မျှ ကို​ကောင်း​ကင်​ဘုံ​၌​ခွင့်​ပြု​တော်​မူ​လိမ့်​မည်။ ``ထို့​ပြင်​အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည် ကား၊ လော​က​တွင်​သင်​တို့​အ​နက်​လူ​နှစ်​ယောက် မျှ​စိတ်​တူ​သ​ဘော​တူ​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု ပါ​လျှင် ကောင်း​ကင်​ဘုံ​ရှင်​ငါ​၏​ခ​မည်း​တော် သည်​သင်​တို့​တောင်း​လျှောက်​သ​မျှ​သော​အ​ရာ ကို​ပေး​သ​နား​တော်​မူ​လိမ့်​မည်။- အ​ဘယ်​ကြောင့်​ဆို​သော်​လူ​နှစ်​ယောက်​သုံး​ယောက် တို့​သည်​ငါ့​နာ​မ​ကို​အ​မှီ​ပြု​၍​စု​ဝေး​လျှင် စု ဝေး​ရာ​တွင်​သူ​တို့​နှင့်​အ​တူ​ငါ​ရှိ​မည်​ဖြစ် သော​ကြောင့်​တည်း။ ထို​နောက်​ပေ​တ​ရု​သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ် ၍ ``အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​၏​ညီ​အစ်​ကို​သည် အ​ကျွန်ုပ်​ကို​ပြစ်​မှား​လျှင်​သူ့​အား​အ​ကြိမ်​မည် မျှ​အ​ပြစ်​ဖြေ​လွှတ်​ရ​ပါ​မည်​နည်း။ ခု​နစ်​ကြိမ် တိုင်​အောင်​ဖြေ​လွှတ်​ရ​ပါ​မည်​လော'' ဟု​မေး လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``ခု​နစ်​ကြိမ်​တိုင်​အောင်​ဖြေ​လွှတ်​ရ မည်​ဟု​သင့်​အား​ငါ​မ​ဆို။ အ​ကြိမ်​ခု​နစ်​ဆယ် ခု​နစ်​လီ​တိုင်​အောင်​ဖြေ​လွှတ်​ရ​မည်​ဟု​ငါ​ဆို​၏။- သို့​ဖြစ်​၍​ကောင်း​ကင်​နိုင်​ငံ​တော်​သည်​မိ​မိ​၏​ကျွန် များ​နှင့်​စာ​ရင်း​ရှင်း​လို​သည့်​ဘု​ရင်​တစ်​ပါး ကြုံ​တွေ့​ရ​သည့်​အ​ဖြစ်​အ​ပျက်​နှင့်​တူ​၏။- သူ​သည်​စာ​ရင်း​စ​၍​ရှင်း​သော​အ​ခါ​ငွေ​သန်း​ပေါင်း များ​စွာ​ကြွေး​တင်​သူ​လူ​တစ်​ယောက်​ကို​ခေါ်​စေ​၏။- ထို​သူ​သည်​ထို​အ​ကြွေး​ကို​ပေး​ဆပ်​နိုင်​စွမ်း​မ​ရှိ သ​ဖြင့်​မင်း​ကြီး​က​ထို​သူ​နှင့်​တ​ကွ​သား​မ​ယား၊ ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို​ရောင်း​၍​ပေး​ဆပ်​စေ ရန်​အ​မိန့်​ချ​မှတ်​တော်​မူ​၏။- သို့​ဖြစ်​၍​ထို​သူ​သည်​မင်း​ကြီး​၏​ရှေ့​တွင်​ဝပ်​တွား လျက် `အ​ကျွန်ုပ်​ကို​သည်း​ခံ​တော်​မူ​ပါ။ အ​ကြွေး များ​ပြေ​လည်​အောင်​ပေး​ဆပ်​ပါ​မည်' ဟု​လျှောက်​၏။- မင်း​ကြီး​သည်​သူ့​ကို​သ​နား​သ​ဖြင့်​အ​ကြွေး​များ ကို​စာ​ရင်း​မှ​ပယ်​ဖျက်​ပြီး​လျှင်​လွတ်​ငြိမ်း​ချမ်း​သာ ခွင့်​ပေး​လိုက်​၏။'' ``သို့​ရာ​တွင်​သူ​သည်​ထွက်​သွား​သော​အ​ခါ​မိ​မိ အား​အ​ကြွေး​ငွေ​တစ်​ရာ​ပေး​ဆပ်​ရန်​ရှိ​သူ​ကျွန်​ချင်း တစ်​ယောက်​ကို​တွေ့​လျှင် ထို​ကျွန်​၏​လည်​ကို​ကိုင်​ညှစ် ၍ `သင်​ပေး​ဆပ်​ရန်​ရှိ​သော​အ​ကြွေး​ကို​ပေး​ဆပ် လော့'' ဟု​ဆို​၏။- ထို​ကျွန်​သည်​ဒူး​ထောက်​လျက် `အ​ကျွန်ုပ်​ကို​သည်း​ခံ ပါ။ အ​ကြွေး​ရှိ​သ​မျှ​ကို​ပေး​ဆပ်​ပါ​မည်' ဟု​တောင်း ပန်​၏။- သို့​ရာ​တွင်​ကြွေး​ရှင်​သည်​နား​မ​ထောင်​ဘဲ​မိ​မိ​၏ အ​ကြွေး​ကို​ပြေ​လည်​အောင်​မ​ပေး​မ​ဆပ်​မ​ချင်း ထို​ကျွန်​ကို​အ​ကျဉ်း​ချ​ထား​လေ​သည်။- ထို​အ​ခြင်း​အ​ရာ​ကို​အ​ခြား​သော​ကျွန်​ချင်း​တို့ သိ​မြင်​လျှင်​လွန်​စွာ​စိတ်​ဆိုး​၍ မိ​မိ​တို့​၏​အ​ရှင် ထံ​သို့​သွား​ပြီး​လျှင်​ဖြစ်​ပျက်​သ​မျှ​တို့​ကို လျှောက်​ထား​ကြ​၏။- ထို​အ​ခါ​မင်း​ကြီး​သည်​ထို​ကျွန်​ကို​ခေါ်​၍`ဟယ် ကျွန်​ယုတ်၊ သင်​ငါ့​ကို​တောင်း​ပန်​သော​အ​ခါ​သင် ပေး​ဆပ်​ရန်​အ​ကြွေး​ရှိ​သ​မျှ​ကို​ငါ​ပယ်​ဖျက် ခဲ့​၏။- သင့်​ကို​ငါ​သ​နား​သ​ကဲ့​သို့​သင်​သည်​လည်း ကျွန်​ချင်း​ကို​မ​သ​နား​အပ်​သ​လော' ဟု​ဆို​၏။- မင်း​ကြီး​သည်​အ​မျက်​ထွက်​၍​ထို​ကျွန်​ကို​အ​ကြွေး မ​ကျေ​မ​ချင်း​အ​ကျဉ်း​ချ​ထား​လေ​၏။'' ထို​နောက်​သ​ခင်​ယေ​ရှု​က​သင်​တို့​သည်​ညီ​အစ်​ကို အ​ချင်း​ချင်း​တစ်​ယောက်​၏​အ​ပြစ်​ကို​တစ်​ယောက် အ​မှန်​တ​ကယ်​မ​ဖြေ​မ​လွှတ်​လျှင် ကောင်း​ကင်​ဘုံ ရှင်​ငါ​၏​အ​ဖ​သည်​လည်း​သင်​တို့​၏​အ​ပြစ်​ကို ဖြေ​လွှတ်​တော်​မူ​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော် မူ​၏။

ရှင်မဿဲ 18:1-35 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို​အချိန်​တွင် တပည့်​တော်​တို့​သည် ယေရှု​ထံသို့​ချဉ်းကပ်​လာ​၍ “ကောင်းကင်​နိုင်ငံ​တော်​တွင် မည်သူ​သည် အကြီးမြတ်ဆုံး​ဖြစ်​သနည်း”​ဟု မေးလျှောက်​ကြ​၏။ ထိုအခါ ကိုယ်တော်​သည် သူငယ်​တစ်​ယောက်​ကို​ခေါ်​၍ သူ​တို့​အလယ်​၌ ရပ်​စေ​ပြီးလျှင် “သင်​တို့​အား ငါ​အမှန်​ဆို​မည်။ သင်​တို့​သည် ပြောင်းလဲ​၍ ကလေး​သူငယ်​များ​ကဲ့သို့​မ​ဖြစ်​လျှင် ကောင်းကင်​နိုင်ငံ​တော်​သို့ မည်သည့်​အခါ​မျှ ဝင်​ရ​လိမ့်မည်​မ​ဟုတ်။ ထို့ကြောင့် ဤ​သူငယ်​ကဲ့သို့ မိမိကိုယ်ကို​နှိမ့်ချ​သော​သူ​သည် ကောင်းကင်​နိုင်ငံ​တော်​၌ အကြီးမြတ်ဆုံး​ဖြစ်​၏။ ဤသို့​သော​သူငယ်​တစ်​ယောက်​ကို ငါ​၏​နာမ​၌ လက်ခံ​သော​သူ​သည်​လည်း ငါ့​ကို​လက်ခံ​၏။ သို့သော် ငါ့​ကို​ယုံကြည်​သည့် ဤ​ငယ်​သော​သူ​များ​ထဲမှ တစ်စုံတစ်ဦး​ကို မှားယွင်း​စေ​သော​သူ​သည် ကြီးမား​သော​ကြိတ်ဆုံ​ကျောက်​ကို သူ့​လည်ပင်း​၌​ဆွဲ​လျက် ပင်လယ်​၏​ရေနက်ရာ​တွင် နှစ်မြှုပ်​ခံရ​လျှင် သူ့​အတွက် သာ၍​ကောင်း​၏။ ဤ​လောက​သည် မှားယွင်း​စေ​သော​အရာ​များ​ကြောင့် အမင်္ဂလာရှိ​၏။ မှားယွင်း​စေ​သော​အရာ​များ​သက်ရောက်​မည်ကို လွှဲရှောင်​၍​မ​ရ​နိုင်။ သို့သော် မှားယွင်း​စေ​သော​အရာ​ကို သက်ရောက်​စေ​သော​သူ​သည် အမင်္ဂလာရှိ​၏။ သင်​၏​လက်​၊ သို့မဟုတ် သင်​၏​ခြေ​သည် သင့်​ကို​မှားယွင်း​စေ​လျှင် ၎င်း​ကို​ဖြတ်​၍ လွှင့်ပစ်​လော့။ လက်​နှစ်​ဖက်​၊ သို့မဟုတ် ခြေ​နှစ်​ဖက်​ပါ​လျက် ထာဝရ​မီး​ထဲသို့ ပစ်ချ​ခြင်း​ခံရ​သည်​ထက် လက်​တစ်ဖက်​၊ သို့မဟုတ် ခြေ​တစ်ဖက်​နှင့် အသက်ရှင်​ခြင်း​သို့​ဝင်စား​ရ​သည်​က သင့်​အတွက် သာ၍​ကောင်း​၏။ ထို့ပြင် သင်​၏​မျက်စိ​သည် သင့်​ကို​မှားယွင်း​စေ​လျှင် ၎င်း​ကို​ထုတ်​၍ လွှင့်ပစ်​လော့။ မျက်စိ​နှစ်​လုံး​ပါ​လျက် ငရဲ​မီး​ထဲသို့ ပစ်ချ​ခြင်း​ခံရ​သည်​ထက် မျက်စိ​တစ်​လုံး​နှင့် အသက်ရှင်​ခြင်း​သို့​ဝင်စား​ရ​သည်​က သင့်​အတွက် သာ၍​ကောင်း​၏။ ဤ​ငယ်​သော​သူ​များ​ထဲမှ တစ်စုံတစ်ဦး​ကို မထီမဲ့မြင်​မ​ပြု​မိ​စေရန် သတိပြု​ကြ​လော့။ အကြောင်းမူကား ကောင်းကင်​ဘုံ​ရှိ သူ​တို့​၏​ကောင်းကင်တမန်​တို့​သည် ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော ငါ့​ခမည်းတော်​၏​မျက်နှာ​တော်​ကို အစဉ်မပြတ်​ဖူးမြင်​ရ​ကြ​သည်​ဟု သင်​တို့​အား ငါ​ဆို​၏။ [အမှန်စင်စစ် လူ့သား​သည် ပျောက်ဆုံး​သော​သူ​တို့​ကို ကယ်တင်​ရန် ကြွလာ​၏။] သင်​တို့​မည်သို့​ထင်​ကြ​သနည်း။ တစ်စုံတစ်ယောက်​သော​သူ​၌ သိုး​အကောင်​တစ်ရာ​ရှိ​ပြီး ၎င်း​တို့​ထဲမှ တစ်​ကောင်​သည် လမ်းလွဲ​ပျောက်ဆုံး​လျှင် သူ​သည် ကိုးဆယ့်ကိုး​ကောင်​ကို တောင်​ပေါ်၌​ထားခဲ့​၍ လမ်းလွဲ​ပျောက်ဆုံး​နေ​သော​သိုး​ကို သွား​၍​ရှာ​မည်​မ​ဟုတ်​လော။ သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား သူ​သည် ထို​သိုး​ကို​တွေ့​လျှင် လမ်းလွဲ​ပျောက်ဆုံး​ခြင်း​မ​ရှိ​သော ကိုးဆယ့်ကိုး​ကောင်​အတွက် ဝမ်းမြောက်​သည်​ထက် ထို​သိုး​တစ်​ကောင်​အတွက် ပို၍​ဝမ်းမြောက်​လိမ့်မည်။ ထိုနည်းတူ ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော​သင်​တို့​အဖ​သည် ဤ​ငယ်​သော​သူ​များ​ထဲမှ တစ်​ယောက်​ကို​မျှ ပျက်စီး​စေရန် အလို​တော်​မ​ရှိ။ သင်​၏​ညီအစ်ကို​သည် သင့်​အား​ပြစ်မှား​လျှင် သွား​၍ နှစ်ကိုယ်​ကြား သူ့​ကို​ဆိုဆုံးမ​လော့။ သူ​သည် သင်​၏​စကား​ကို​နားထောင်​လျှင် သင်​၏​ညီအစ်ကို​ကို သင်​ရရှိ​ပြီ။ နား​မ​ထောင်​လျှင်​မူကား သက်သေ​နှစ်​ဦး​၊ သို့မဟုတ် သုံး​ဦး​၏​ထွက်ဆို​ချက်​အားဖြင့် စကား​အားလုံး​ကို​အတည်ပြု​စေရန်အခြား​တစ်​ဦး​၊ သို့မဟုတ် နှစ်​ဦး​ကို သင်​နှင့်အတူ​ခေါ်သွား​လော့။ သူ​သည် ထို​သူ​တို့​၏​စကား​ကို​ဂရုမစိုက်​လျှင် အသင်းတော်​အား ပြောကြား​လော့။ အသင်းတော်​၏​စကား​ကို​လည်း ဂရုမစိုက်​လျှင် သာသနာပ​လူမျိုးခြား​နှင့်​အခွန်​ကောက်ခံ​သူ​ကဲ့သို့ သူ့​ကို​မှတ်ယူ​လော့။ သင်​တို့​အား ငါ​အမှန်​ဆို​မည်။ မြေကြီး​ပေါ်၌ သင်​တို့​ချည်နှောင်​သမျှ​သည် ကောင်းကင်​ဘုံ​၌ ချည်နှောင်​ခြင်း​ခံရ​လျက်​ရှိ​လိမ့်မည်။ မြေကြီး​ပေါ်၌ သင်​တို့​ဖြေလွှတ်​သမျှ​သည်​လည်း ကောင်းကင်​ဘုံ​၌ ဖြေလွှတ်​ခြင်း​ခံရ​လျက်​ရှိ​လိမ့်မည်။ တစ်ဖန် သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား သင်​တို့​တွင် လူ​နှစ်​ဦး​သည် မိမိ​တို့​တောင်းလျှောက်​သည့်​အရာ​အားလုံး​အတွက် မြေကြီး​ပေါ်၌ စိတ်သဘော​တူ​ကြ​လျှင် ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော ငါ့​ခမည်းတော်​သည် သူ​တို့​အတွက် ၎င်း​ကို ပြည့်စုံ​စေ​တော်မူ​လိမ့်မည်။ အကြောင်းမူကား လူ​နှစ်​ဦး​၊ သို့မဟုတ် သုံး​ဦး​တို့​သည် ငါ​၏​နာမ​ဖြင့် တစ်နေရာရာ​တွင် စုဝေး​ကြ​သောအခါ ထို​နေရာ​တွင် သူ​တို့​အလယ်​၌ ငါ​ရှိ​၏”​ဟု မိန့်​တော်မူ​၏။ ထိုအခါ ပေတရု​သည် အထံ​တော်​သို့​ချဉ်းကပ်​၍ “သခင်​ဘုရား၊ အကျွန်ုပ်​၏​ညီအစ်ကို​သည် အကျွန်ုပ်​ကို​ပြစ်မှား​သည့်​အခါ သူ့​ကို အကြိမ်​မည်မျှ ခွင့်လွှတ်​ရ​ပါ​မည်နည်း။ ခုနစ်ကြိမ်​တိုင်အောင်​လော”​ဟု မေးလျှောက်​လေ​၏။ ယေရှု​က​လည်း“ခုနစ်ကြိမ်​တိုင်အောင်​ဟု ငါ​မ​ဆို​ဘဲ ခုနစ်​ကြိမ်​ကို ခုနစ်ဆယ်​လီ​တိုင်အောင်​ဟု ငါ​ဆို​၏။ ထို့ကြောင့် ကောင်းကင်​နိုင်ငံ​တော်​သည် မိမိ​အစေအပါး​တို့​နှင့်​စာရင်း​ရှင်း​လို​သော ဘုရင်​တစ်​ပါး​နှင့်​တူ​၏။ သူ​သည် စာရင်း​စတင်​ရှင်း​သောအခါ တာလန်​တစ်သောင်း​အကြွေး​တင်​သူ​တစ်​ယောက်​ကို ရှေ့​တော်​သို့​ခေါ်ဆောင်​ခဲ့​ကြ​၏။ သို့သော် ထို​သူ​၌ အကြွေး​ဆပ်​စရာ​မ​ရှိ​သောကြောင့် သူ​ကိုယ်တိုင်​မှစ၍ သား​မယား​နှင့် သူ​ပိုင်ဆိုင်​သော​အရာ​အားလုံး​တို့​ကို​ရောင်း​၍ အကြွေး​ဆပ်​ရန် သူ့​သခင်​သည် အမိန့်​ချ​လေ​၏။ ထိုအခါ ထို​အစေအပါး​သည် ပျပ်ဝပ်​လျက် သခင်​ကို​ရှိခိုး​ကာ ‘အကျွန်ုပ်​ကို​သည်းခံ​တော်မူ​ပါ။ အကြွေး​ရှိသမျှ​ကို ပြန်ဆပ်​ပါ​မည်’​ဟု တောင်းလျှောက်​လေ​၏။ ထို​အစေအပါး​၏​သခင်​သည် ကြင်နာ​စိတ်​ရှိ​၍ သူ့​ကို​လွှတ်​ပေး​ကာ သူ​၏​အကြွေး​ကို လျှော်ပစ်​လေ​၏။ သို့သော် ထို​အစေအပါး​သည် ထွက်သွား​၍ သူ့​ထံ၌ ဒေနာရိ​တစ်ရာ​အကြွေး​တင်​သော အစေအပါး​ချင်း​တစ်​ဦး​ကို​တွေ့​လျှင် သူ့​ကို​ဖမ်း​၍ လည်ပင်း​ညှစ်​လျက် ‘သင်​ယူထား​သော​အကြွေး​ကို ပြန်​ဆပ်​လော့’​ဟု ဆို​၏။ ထိုအခါ ထို​အစေအပါး​ချင်း​သည် ပျပ်ဝပ်​လျက် ‘အကျွန်ုပ်​ကို​သည်းခံ​ပါ။ သင့်​အား အကြွေး​ပြန်​ဆပ်​ပါ​မည်’​ဟု တောင်းပန်​လေ​၏။ သို့သော် သူ​သည် လက်​မ​ခံ​ဘဲ သွား​၍ ထို​အစေအပါး​ချင်း​အား သူ​ယူထား​သော​အကြွေး​ကို ပြန်ဆပ်​သည့်​တိုင်အောင် ထောင်​ထဲ၌ ထည့်​ထား​လေ​၏။ အခြား​သော​အစေအပါး​ချင်း​များ​သည် ထို​အဖြစ်အပျက်​ကို​မြင်​လျှင် အလွန်​စိတ်မကောင်း​ဖြစ်​ကာ သူ​တို့​၏​သခင်​ထံသို့​သွား​၍ ဖြစ်​လေ​သမျှ​တို့​ကို လျှောက်​ထား​ကြ​၏။ ထိုအခါ သခင်​သည် ထို​အစေအပါး​ကို​ခေါ်​၍ ‘ဆိုးညစ်​သော​အစေအပါး၊ သင်​သည် ငါ့​ကို​တောင်းပန်​သောကြောင့် အကြွေး​ရှိသမျှ​ကို သင့်​အတွက် ငါ​လျှော်ပစ်​ခဲ့​၏။ ငါ​သည် သင့်​ကို​သနား​သကဲ့သို့ သင်​သည်​လည်း အစေအပါး​ချင်း​ကို သနား​သင့်​သည်​မ​ဟုတ်​လော’​ဟု ဆို​၏။ ဤသို့ဖြင့် သူ​၏​သခင်​သည်​အမျက်ထွက်​ကာ အကြွေး​ရှိသမျှ​ကို ပြန်ဆပ်​သည့်​တိုင်အောင် သူ့​ကို အကျဉ်းချ​နှိပ်စက်​သော​သူ​တို့​လက်​သို့ အပ်​လေ​၏။ သင်​တို့​တစ်ဦးစီ​သည် မိမိ​ညီအစ်ကို​ကို စိတ်နှလုံး​ထဲမှ​ခွင့်​မ​လွှတ်​လျှင်​ကောင်းကင်ဘုံ​ရှင် ငါ့​ခမည်းတော်​သည်​လည်း သင်​တို့​ကို ထိုနည်းတူ​ပြု​တော်မူ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။