YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 16:13-17

ရှင်မဿဲ 16:13-17 Judson Bible (JBMLE)

ယေ​ရှု​သည် ဖိ​လိ​ပ္ပု​ကဲ​သ​ရိ​မြို့၏ ကျေး​လက်​သို့ ကြွ​တော်​မူ​သော​အ​ခါ၊ လူ​များ​တို့​သည် လူ​သား​ဖြစ်​သော ငါ့​ကို အ​ဘယ်​သူ​ဖြစ်​သည် ဆို​ကြ​သ​နည်း​ဟု တ​ပည့်​တော်​တို့​ကို မေး​မြန်း​တော်​မူ​လျှင်၊- လူ​အ​ချို့​က၊ ကိုယ်​တော်​သည် ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​က၊ ဧ​လိ​ယ​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​က၊ ယေ​ရ​မိ​မှ​စ၍ ပ​ရော​ဖက်​တစ်​ပါး​ပါး​ဖြစ်​သည် ဟူ၍​လည်း​ကောင်း ဆို​ကြ​ပါ၏​ဟု လျှောက်​ကြ​သော်၊- သင်​တို့​လည်း ငါ့​ကို အ​ဘယ်​သူ​ဖြစ်​သည် ဆို​ကြ​သ​နည်း​ဟု မေး​မြန်း​တော်​မူ​လျှင်၊- ရှိ​မုန်​ပေ​တ​ရု​က၊ ကိုယ်​တော်​သည် ခ​ရစ်​တော်​တည်း​ဟူ​သော အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ​သည်​ဟု လျှောက်​လေ၏။- ယေ​ရှု​က​လည်း၊ ရှိ​မုန်​ဗာ​ယော​န၊ သင်​သည် မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ အ​သွေး​အ​သား​သည် ဤ​အ​ကြောင်း​အ​ရာ​ကို သင့်​အား ဖော်​ပြ​သည်​မ​ဟုတ်။ ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော ငါ့​ခ​မည်း​တော်​သည် ဖော်​ပြ​တော်​မူ​သ​တည်း။

ရှင်မဿဲ 16:13-17 Common Language Bible (BCL)

သ​ခင်​ယေ​ရှု​သည်​ကဲ​သ​ရိ​ဖိ​လိ​ပ္ပိ​နယ်​သို့​ရောက် ရှိ​တော်​မူ​သော​အ​ခါ​တ​ပည့်​တော်​တို့​အား ``လူ တို့​သည်​ငါ့​ကို​အ​ဘယ်​သူ​ဖြစ်​သည်​ဟု​ပြော​ဆို ကြ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ ``လူ​အ​ချို့​က​အ​ရှင်​သည်​ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန် ဖြစ်​သည်။ အ​ချို့​က​ဧ​လိ​ယ​ဖြစ်​သည်။ အ​ချို့​က ယေ​ရ​မိ​သို့​မ​ဟုတ်​အ​ခြား​ပ​ရော​ဖက်​တစ်​ပါး ပါး​ဖြစ်​သည်​ဟု​ပြော​ဆို​ကြ​ပါ​သည်'' ဟု​လျှောက် ကြ​၏။ ကိုယ်​တော်​က ``သင်​တို့​က​မူ​ငါ့​ကို​အ​ဘယ်​သူ​ဟု ဆို​ကြ​သ​နည်း'' ဟု​မေး​တော်​မူ​လျှင်၊ ပေ​တ​ရု​က ``အ​ရှင်​သည်​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​၏​သား​တော်​တည်း​ဟူ​သော​ခ​ရစ် တော်​ဖြစ်​ပါ​သည်'' ဟု​လျှောက်​လေ​၏။ သ​ခင်​ယေ​ရှု​က ``ယော​ဟန်​၏​သား​ရှိ​မုန်၊ သင်​သည် မင်္ဂလာ​ရှိ​၏။ ဤ​အ​ကြောင်း​ကို​သာ​မန်​လူ​တစ်​ယောက် အ​နေ​ဖြင့်​သင်​မ​သိ​နိုင်။ ကောင်း​ကင်​ဘုံ​ရှင်​ငါ​၏ ခ​မည်း​တော်​က​ဖော်​ပြ​တော်​မူ​၍​သာ​သင်​သိ သ​တည်း။

ရှင်မဿဲ 16:13-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ယေရှု​သည် ဆီဇာရီးယား​ဖိလိပ္ပိ​နယ်မြေ​ဒေသ​များ​သို့ ရောက်​တော်မူ​၏။ ကိုယ်တော်​သည် တပည့်​တော်​တို့​အား“လူ​တို့​သည် လူ့သား​ကို မည်သူ​ဖြစ်​သည်​ဟု ဆို​ကြ​သနည်း”​ဟူ၍ မေး​တော်မူ​၏။ တပည့်​တော်​တို့​က​လည်း “အချို့​တို့​က ဗတ္တိဇံ​ဆရာ​ယောဟန်​ဟု​ဆို​ကြ​၍ အချို့​တို့​က ဧလိယ​ဟု​ဆို​ကြ​ပါ​သည်။ အချို့​တို့​က​လည်း ယေရမိ​၊ သို့မဟုတ် ပရောဖက်​များ​ထဲမှ တစ်ပါးပါး​ဖြစ်​သည်​ဟု​ဆို​ကြ​ပါ​သည်”​ဟူ၍ လျှောက်​ကြ​၏။ ယေရှု​က“သင်​တို့​မူကား ငါ့​ကို မည်သူ​ဖြစ်​သည်​ဟု​ဆို​ကြ​သနည်း”​ဟူ၍ မေး​တော်မူ​လျှင် ရှိမုန်​ပေတရု​က “ကိုယ်တော်​သည် အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၏​သား​တော်​တည်းဟူသော ခရစ်တော်​ဖြစ်​ပါ​သည်”​ဟု ပြန်​လျှောက်​လေ​၏။ ထိုအခါ ယေရှု​က“ဗာယောန​ရှိမုန်၊ သင်​သည် မင်္ဂလာရှိ​၏။ အကြောင်းမူကား ဤ​အရာ​ကို အသွေး​အသား​က သင့်​အား ဖွင့်ပြ​သည်​မ​ဟုတ်​ဘဲ ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော​ငါ့​ခမည်းတော်​က ဖွင့်ပြ​တော်မူ​၏။