YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 16:1-4

ရှင်မဿဲ 16:1-4 Judson Bible (JBMLE)

ထို​အ​ခါ ဖာ​ရိ​ရှဲ​နှင့် ဇ​ဒ္ဒု​ကဲ​တို့​သည် ကိုယ်​တော်​ကို စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ငှာ ချဉ်း​ကပ်၍၊ မိုး​ကောင်း​ကင်​က​ဖြစ်​သော နိ​မိတ်​လ​က္ခ​ဏာ​ကို ပြ​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်​ကြ၏။- ကိုယ်​တော်​က​လည်း၊ သင်​တို့​သည် ညဉ့်​ဦး​ယံ၌ ပြော​ဆို​တတ်​သည်​ကား၊ ယ​ခု မိုး​တိမ်​နီ​သည်​ဖြစ်၍ မိုး​ကြည်​လင်​လိမ့်​မည်​ဟု ဆို​တတ်​ကြ၏။ နံ​နက်​ယံ၌​ကား၊ ယ​ခု မိုး​အုံ့​လျက်​ရှိ၏။ နီ​မောင်း​သော​အ​ဆင်း​လည်း ရှိ၏။ ယ​နေ့ မိုး​သက်​မုန်​တိုင်း လာ​လိမ့်​မည်​ဟု ဆို​တတ်​ကြ၏။ လျှို့​ဝှက်​သော​သူ​တို့၊ သင်​တို့​သည် မိုး​ကောင်း​ကင်၏​မျက်​နှာ​ကို ပိုင်း​ခြား၍ သိ​နိုင်​ကြ၏။ ကပ်​ကာ​လ၏ နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို ပိုင်း​ခြား၍ မ​သိ​နိုင်​ကြ။- ဆိုး​ညစ်၍ မျောက်​မ​ထား​သော​အ​မျိုး​သည် နိ​မိတ်​လ​က္ခ​ဏာ​ကို တောင်း​သည်​မှာ၊ ပ​ရော​ဖက်​ယော​န၏ နိ​မိတ်​လ​က္ခ​ဏာ​မှ​တစ်​ပါး အ​ဘယ်​လ​က္ခ​ဏာ​ကို​မျှ သူ​တို့​အား မ​ပြ​ရာ​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊ ထို​သူ​တို့​ရှိ​ရာ​မှ ထွက်၍ ကြွ​တော်​မူ၏။

ရှင်မဿဲ 16:1-4 Common Language Bible (BCL)

ဖာ​ရိ​ရှဲ​များ​နှင့်​ဇဒ္ဒု​ကဲ​များ​သည်​အ​ထံ​တော် သို့​လာ​၍​ကိုယ်​တော်​အား​ပ​ရိ​ယာယ်​ဆင်​လျက် ``ဘု​ရား​သ​ခင်​သည်​ကိုယ်​တော်​အား​စေ​လွှတ် တော်​မူ​ကြောင်း​သိ​နိုင်​ရန်​နိ​မိတ်​လက္ခ​ဏာ​ကို ပြ​တော်​မူ​ပါ'' ဟု​တောင်း​ဆို​ကြ​၏။- ကိုယ်​တော်​က ``နေ​ဝင်​ချိန်​၌​မိုး​တိမ်​နီ​လျှင် ရာ​သီ​ဥ​တု​သာ​ယာ​လိမ့်​မည်​ဟူ​၍​လည်း​ကောင်း၊- နံ​နက်​ချိန်​၌​မိုး​တိမ်​နီ​၍​အုံ့​မှိုင်း​နေ​လျှင်​မိုး​ရွာ လိမ့်​မည်​ဟူ​၍​လည်း​ကောင်း​သင်​တို့​ပြော​တတ်​ကြ​၏။ သင်​တို့​သည်​မိုး​ကောင်း​ကင်​ကို​ကြည့်​ခြင်း​အား​ဖြင့် မိုး​လေ​ဝ​သ​၏​အ​ခြေ​အ​နေ​ကို​သိ​နိုင်​ကြ​ပါ လျက် မျက်​မှောက်​ခေတ်​ကာ​လ​၏​အ​ရိပ်​အ​ခြေ​ကို မူ​ပိုင်း​ခြား​၍​မ​သိ​နိုင်​ကြ​ပါ​သ​လော။- ဤ​ခေတ်​လူ​တို့​သည်​အ​လွန်​ဆိုး​ညစ်​၍​ဘု​ရား သ​ခင်​ကို​ယုံ​ကြည်​ခြင်း​ကင်း​မဲ့​ကြ​ပါ​သည် တ​ကား။ သင်​တို့​သည်​နိ​မိတ်​လက္ခ​ဏာ​ကို​တောင်း ဆို​ကြ​၏။ သို့​ရာ​တွင်​ယော​န​၏​နိ​မိတ်​လက္ခ​ဏာ မှ​တစ်​ပါး​အ​ဘယ်​နိ​မိတ်​လက္ခ​ဏာ​မျှ​သင်​တို့ တွေ့​မြင်​ရ​ကြ​လိမ့်​မည်​မဟုတ်'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​ကိုယ်​တော်​သည်​ထို​သူ​တို့​ထံ​မှ​ထွက် ခွာ​သွား​တော်​မူ​၏။

ရှင်မဿဲ 16:1-4 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုအခါ ဖာရိရှဲ​နှင့် ဇဒ္ဒုကဲ​တို့​သည် ကိုယ်တော်​ကို​စမ်းသပ်​လို​သဖြင့် ချဉ်းကပ်​လာ​၍ ကောင်းကင်​မှ​နိမိတ်​လက္ခဏာ​ကို ပြ​ပေး​ပါ​ရန် တောင်းဆို​ကြ​၏။ ကိုယ်တော်​က​လည်း“[သင်​တို့​သည် ညနေချမ်း​အချိန်​ရောက်​သောအခါ ‘မိုး​ကောင်းကင်​နီရဲ​သည်​ဖြစ်၍ ရာသီဥတု​သာယာ​လိမ့်မည်’​ဟု ဆို​တတ်​ကြ​၏။ နံနက်​စောစော​အချိန်​တွင်​လည်း ‘မိုး​ကောင်းကင်​အုံ့မှိုင်း​လျက်​နီရဲ​သည်​ဖြစ်၍ ယနေ့​မုန်တိုင်း​လာ​လိမ့်မည်’​ဟု ဆို​တတ်​ကြ​၏။ သင်​တို့​သည်​မိုး​ကောင်းကင်​၏​အသွင်အပြင်​ကို ပိုင်းခြား​၍​သိ​ကြ​သော်လည်း အချိန်​ကာလ​များ​၏​နိမိတ်​လက္ခဏာ​များ​ကို​မူ ပိုင်းခြား​၍​မ​သိ​နိုင်​ကြ။] ဆိုးညစ်​၍ ဖောက်ပြန်​သော​မျိုးဆက်​သည် နိမိတ်​လက္ခဏာ​ကို​တောင်းဆို​သော်လည်း ယောန​၏​နိမိတ်​လက္ခဏာ​မှတစ်ပါး မည်သည့်​နိမိတ်​လက္ခဏာ​ကို​မျှ ပြ​လိမ့်မည်​မ​ဟုတ်”​ဟု ပြန်​၍​မိန့်​တော်မူ​ပြီးလျှင် သူ​တို့​ထံမှ ထွက်ခွာ​သွား​တော်မူ​၏။