YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 16:1-28

ရှင်မဿဲ 16:1-28 Judson Bible (JBMLE)

ထို​အ​ခါ ဖာ​ရိ​ရှဲ​နှင့် ဇ​ဒ္ဒု​ကဲ​တို့​သည် ကိုယ်​တော်​ကို စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ငှာ ချဉ်း​ကပ်၍၊ မိုး​ကောင်း​ကင်​က​ဖြစ်​သော နိ​မိတ်​လ​က္ခ​ဏာ​ကို ပြ​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်​ကြ၏။- ကိုယ်​တော်​က​လည်း၊ သင်​တို့​သည် ညဉ့်​ဦး​ယံ၌ ပြော​ဆို​တတ်​သည်​ကား၊ ယ​ခု မိုး​တိမ်​နီ​သည်​ဖြစ်၍ မိုး​ကြည်​လင်​လိမ့်​မည်​ဟု ဆို​တတ်​ကြ၏။ နံ​နက်​ယံ၌​ကား၊ ယ​ခု မိုး​အုံ့​လျက်​ရှိ၏။ နီ​မောင်း​သော​အ​ဆင်း​လည်း ရှိ၏။ ယ​နေ့ မိုး​သက်​မုန်​တိုင်း လာ​လိမ့်​မည်​ဟု ဆို​တတ်​ကြ၏။ လျှို့​ဝှက်​သော​သူ​တို့၊ သင်​တို့​သည် မိုး​ကောင်း​ကင်၏​မျက်​နှာ​ကို ပိုင်း​ခြား၍ သိ​နိုင်​ကြ၏။ ကပ်​ကာ​လ၏ နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို ပိုင်း​ခြား၍ မ​သိ​နိုင်​ကြ။- ဆိုး​ညစ်၍ မျောက်​မ​ထား​သော​အ​မျိုး​သည် နိ​မိတ်​လ​က္ခ​ဏာ​ကို တောင်း​သည်​မှာ၊ ပ​ရော​ဖက်​ယော​န၏ နိ​မိတ်​လ​က္ခ​ဏာ​မှ​တစ်​ပါး အ​ဘယ်​လ​က္ခ​ဏာ​ကို​မျှ သူ​တို့​အား မ​ပြ​ရာ​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊ ထို​သူ​တို့​ရှိ​ရာ​မှ ထွက်၍ ကြွ​တော်​မူ၏။ တ​ပည့်​တော်​တို့​သည် ကမ်း​တစ်​ဖက်​သို့ သွား​ကြ​သော​အ​ခါ မုန့်​ကို​ယူ​ခြင်း​ငှာ မေ့​လျော့​ကြ၏။- ယေ​ရှု​က​လည်း၊ ဖာ​ရိ​ရှဲ​နှင့် ဇ​ဒ္ဒု​ကဲ​တို့၏​တ​ဆေး​ကို သ​တိ​နှင့် ကြဉ်​ရှောင်​ကြ​ဟု မိန့်​တော်​မူ၏။- တ​ပည့်​တော်​တို့​က​လည်း၊ ငါ​တို့၌ မုန့်​မ​ပါ​သော​ကြောင့် ဤ​စ​ကား​ကို​မိန့်​တော်​မူ​သည်​ဟု အ​ချင်း​ချင်း ဆွေး​နွေး​ပြော​ဆို​ကြ၏။- ယေ​ရှု​သည် သိ​တော်​မူ​လျှင်၊ ယုံ​ကြည်​အား​နည်း​သော​သူ​တို့၊ သင်​တို့၌​မုန့်​မ​ပါ​သည်​ကို ထောက်၍ အ​ဘယ်​ကြောင့် အ​ချင်း​ချင်း ဆွေး​နွေး​ပြော​ဆို​ကြ​သ​နည်း။- မုန့်​ငါး​လုံး​ကို လူ​ငါး​ထောင်​စား၍ စား​ကြွင်း ဘယ်​နှစ်​တောင်း ကောက်​သိမ်း​သည်​ကို​လည်း​ကောင်း၊ မု​န့်​ခု​နစ်​လုံး​ကို လူ​လေး​ထောင်​စား၍ စား​ကြွင်း ဘယ်​နှစ်​တောင်း​ကောက်​သိမ်း​သည်​ကို လည်း​ကောင်း၊- သင်​တို့​သည် နှ​လုံး​မ​သွင်း မ​အောက်​မေ့​ဘဲ နေ​ကြ​သေး​သ​လော။- ဖာ​ရိ​ရှဲ​နှင့် ဇ​ဒ္ဒု​ကဲ​တို့၏ တ​ဆေး​ကို ကြဉ်​ရှောင်​ကြ ဟူ​သော​စ​ကား​ကို ငါ​ပြော​သည်​တွင်၊ မုန့်​ကို​အ​မှတ်​ပြု၍ ငါ​မ​ပြော​သည်​ကို သင်​တို့​သည် နား​မ​လည်​ဘဲ အ​ဘယ်​သို့​နေ​ကြ​သ​နည်း​ဟု မိန့်​တော်​မူ၏။- ထို​အ​ခါ တ​ပည့်​တော်​တို့​သည် မုန့်၏​တ​ဆေး​ကို ကြဉ်​ရှောင်​ကြ​ဟု မိန့်​တော်​မ​မူ။ ဖာ​ရိ​ရှဲ​နှင့် ဇ​ဒ္ဒု​ကဲ​တို့၏ ဩ​ဝါ​ဒ​ကို ကြဉ်​ရှောင်​ကြ​ဟု မိန့်​တော်​မူ​သည်​ကို နား​လည်​ကြ​သ​တည်း။ ယေ​ရှု​သည် ဖိ​လိ​ပ္ပု​ကဲ​သ​ရိ​မြို့၏ ကျေး​လက်​သို့ ကြွ​တော်​မူ​သော​အ​ခါ၊ လူ​များ​တို့​သည် လူ​သား​ဖြစ်​သော ငါ့​ကို အ​ဘယ်​သူ​ဖြစ်​သည် ဆို​ကြ​သ​နည်း​ဟု တ​ပည့်​တော်​တို့​ကို မေး​မြန်း​တော်​မူ​လျှင်၊- လူ​အ​ချို့​က၊ ကိုယ်​တော်​သည် ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​က၊ ဧ​လိ​ယ​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​က၊ ယေ​ရ​မိ​မှ​စ၍ ပ​ရော​ဖက်​တစ်​ပါး​ပါး​ဖြစ်​သည် ဟူ၍​လည်း​ကောင်း ဆို​ကြ​ပါ၏​ဟု လျှောက်​ကြ​သော်၊- သင်​တို့​လည်း ငါ့​ကို အ​ဘယ်​သူ​ဖြစ်​သည် ဆို​ကြ​သ​နည်း​ဟု မေး​မြန်း​တော်​မူ​လျှင်၊- ရှိ​မုန်​ပေ​တ​ရု​က၊ ကိုယ်​တော်​သည် ခ​ရစ်​တော်​တည်း​ဟူ​သော အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ​သည်​ဟု လျှောက်​လေ၏။- ယေ​ရှု​က​လည်း၊ ရှိ​မုန်​ဗာ​ယော​န၊ သင်​သည် မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ အ​သွေး​အ​သား​သည် ဤ​အ​ကြောင်း​အ​ရာ​ကို သင့်​အား ဖော်​ပြ​သည်​မ​ဟုတ်။ ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော ငါ့​ခ​မည်း​တော်​သည် ဖော်​ပြ​တော်​မူ​သ​တည်း။- ငါ​ဆို​သည်​ကား၊ သင်​သည် ပေ​တ​ရု​ဖြစ်၏။ ဤ​ကျောက်​ပေါ်​မှာ ငါ့​အ​သင်း​ကို ငါ​တည်​ဆောက်​မည်။ ထို​အ​သင်း​ကို မ​ရ​ဏ​နိုင်​ငံ၏ တံ​ခါး​တို့​သည် မ​နိုင်​ရာ။- ကောင်း​ကင်​နိုင်​ငံ​တော်၏ သော့​တို့​ကို​လည်း သင့်​အား ငါ​ပေး​မည်။ သင်​သည် မြေ​ကြီး​ပေါ်​မှာ ချည်​နှောင်​သ​မျှ​သည် ကောင်း​ကင်​ဘုံ၌ ချည်​နှောင်​လျက် ရှိ​လိမ့်​မည်။ မြေ​ကြီး​ပေါ်​မှာ ဖြည်​လွှတ်​သ​မျှ​သည် ကောင်း​ကင်​ဘုံ၌ ဖြည်​လွှတ်​လျက် ရှိ​လိမ့်​မည်​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊- ကိုယ်​တော်​သည် ခ​ရစ်​တော်​ဖြစ်​ကြောင်း​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​စိမ့်​သော​ငှာ တ​ပည့်​တော်​တို့​ကို ပ​ညတ်​တော်​မူ၏။ ထို​မှ​တစ်​ပါး ကိုယ်​တော်​သည် ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ရ​မည်။ လူ​အ​ကြီး​အ​ကဲ၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့​လက်၌ များ​စွာ​ခံ​ရ​မည်။ အ​သေ​သတ်​ခြင်း​ကို​လည်း ခံ​ရ​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟူ​သော အ​ကြောင်း​များ​ကို ထို​အ​ခါ​မှ​စ၍ တ​ပည့်​တော်​တို့​အား ပြ​တော်​မူ၏။- ထို​အ​ခါ ပေ​တ​ရု​သည် ကိုယ်​တော်​ကို မိ​မိ​နှင့်​အ​တူ ခေါ်၍၊ သ​ခင်၊ ကိုယ်​တော်၌ ဤ​သို့ မ​ဖြစ်​ပါ​စေ​နှင့်။ ဤ​အ​မှု​သည် ကိုယ်​တော်၌ မ​ရောက်​ရာ​ဟု အ​ပြစ်​တင်​သော​စ​ကား​ကို လျှောက်​သော်၊- ကိုယ်​တော်​သည် မျက်​နှာ​တော်​ကို​လှည့်၍ အ​ချင်း​ရန်​သူ၊ ငါ့​နောက်​သို့​ဆုတ်​လော့။ သင်​သည် ငါ​တိုက်​မိ၍ လဲ​စ​ရာ​အ​ကြောင်း ဖြစ်၏။ သင်​သည် ဘု​ရား​သ​ခင်၏​အ​ရာ​ကို စိတ်​မ​စွဲ​လမ်း၊ လူ​တို့၏​အ​ရာ​ကို​သာ စွဲ​လမ်း​သည်​ဟု မိန့်​တော်​မူ၏။ ထို​အ​ခါ ယေ​ရှု​က၊ ငါ၌ ဆည်း​ကပ်​လို​သော​သူ​ဖြစ်​လျှင် ကိုယ်​ကို​ကိုယ် ငြင်း​ပယ်​ရ​မည်။ ကိုယ်​လက်​ဝါး​ကပ်​တိုင်​ကို ထမ်း၍ ငါ့​နောက်​သို့ လိုက်​ရ​မည်။- အ​ကြင်​သူ​သည် မိ​မိ​အ​သက်​ကို ကယ်​ဆယ်​ခြင်း​ငှာ အ​လို​ရှိ၏။ ထို​သူ​သည် အ​သက်​ရှုံး​လိမ့်​မည်။ အ​ကြင်​သူ​သည် ငါ့​ကြောင့် အ​သက်​ရှုံး၏၊ ထို​သူ​သည် အ​သက်​ကို တွေ့​လိမ့်​မည်။- လူ​သည် ဤ​စ​ကြ​ဝ​ဠာ​ကို အ​ကြွင်း​မဲ့​အ​စိုး​ရ၍ မိ​မိ​အ​သက်​ဝိ​ညာဉ် ရှုံး​လျှင် အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။ မိ​မိ​အ​သက်​ဝိ​ညာဉ်​ကို အ​ဘယ်​ဥ​စ္စာ​နှင့် ရွေး​နိုင်​သ​နည်း။- လူ​သား​သည် မိ​မိ​အ​ဘ​ခ​မည်း​တော်၏ ဘုန်း​အာ​နု​ဘော်​ကို ဆောင်​လျက်၊ ကောင်း​ကင်​တ​မန် အ​ခြံ​အ​ရံ​တို့​နှင့် ကြွ​လာ​တော်​မူ​လ​တ္တံ့။ ထို​အ​ခါ သူ​အ​သီး​အ​သီး ကျင့်​သော​အ​ကျင့်​နှင့် အ​လျောက် အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​တော်​မူ​လ​တ္တံ့။- ငါ​အ​မှန်​ဆို​သည်​ကား၊ လူ​သား​သည် နိုင်​ငံ​တော်​တည်​လျက် ကြွ​လာ​တော်​မူ​သည်​ကို၊ ဤ​အ​ရပ်၌​ရှိ​သော သူ​အ​ချို့​တို့​သည် မ​မြင်​မီ သေ​ခြင်း​သို့​မ​ရောက်​ရ​ကြ​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ၏။

ရှင်မဿဲ 16:1-28 Common Language Bible (BCL)

ဖာ​ရိ​ရှဲ​များ​နှင့်​ဇဒ္ဒု​ကဲ​များ​သည်​အ​ထံ​တော် သို့​လာ​၍​ကိုယ်​တော်​အား​ပ​ရိ​ယာယ်​ဆင်​လျက် ``ဘု​ရား​သ​ခင်​သည်​ကိုယ်​တော်​အား​စေ​လွှတ် တော်​မူ​ကြောင်း​သိ​နိုင်​ရန်​နိ​မိတ်​လက္ခ​ဏာ​ကို ပြ​တော်​မူ​ပါ'' ဟု​တောင်း​ဆို​ကြ​၏။- ကိုယ်​တော်​က ``နေ​ဝင်​ချိန်​၌​မိုး​တိမ်​နီ​လျှင် ရာ​သီ​ဥ​တု​သာ​ယာ​လိမ့်​မည်​ဟူ​၍​လည်း​ကောင်း၊- နံ​နက်​ချိန်​၌​မိုး​တိမ်​နီ​၍​အုံ့​မှိုင်း​နေ​လျှင်​မိုး​ရွာ လိမ့်​မည်​ဟူ​၍​လည်း​ကောင်း​သင်​တို့​ပြော​တတ်​ကြ​၏။ သင်​တို့​သည်​မိုး​ကောင်း​ကင်​ကို​ကြည့်​ခြင်း​အား​ဖြင့် မိုး​လေ​ဝ​သ​၏​အ​ခြေ​အ​နေ​ကို​သိ​နိုင်​ကြ​ပါ လျက် မျက်​မှောက်​ခေတ်​ကာ​လ​၏​အ​ရိပ်​အ​ခြေ​ကို မူ​ပိုင်း​ခြား​၍​မ​သိ​နိုင်​ကြ​ပါ​သ​လော။- ဤ​ခေတ်​လူ​တို့​သည်​အ​လွန်​ဆိုး​ညစ်​၍​ဘု​ရား သ​ခင်​ကို​ယုံ​ကြည်​ခြင်း​ကင်း​မဲ့​ကြ​ပါ​သည် တ​ကား။ သင်​တို့​သည်​နိ​မိတ်​လက္ခ​ဏာ​ကို​တောင်း ဆို​ကြ​၏။ သို့​ရာ​တွင်​ယော​န​၏​နိ​မိတ်​လက္ခ​ဏာ မှ​တစ်​ပါး​အ​ဘယ်​နိ​မိတ်​လက္ခ​ဏာ​မျှ​သင်​တို့ တွေ့​မြင်​ရ​ကြ​လိမ့်​မည်​မဟုတ်'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​ကိုယ်​တော်​သည်​ထို​သူ​တို့​ထံ​မှ​ထွက် ခွာ​သွား​တော်​မူ​၏။ တ​ပည့်​တော်​တို့​သည်​အိုင်​တစ်​ဖက်​ကမ်း​သို့​ရောက် ကြ​၏။ သူ​တို့​သည်​အ​စား​အ​စာ​များ​ကို​မ​ယူ ခဲ့​မိ​ကြ။- သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​ဖာ​ရိ​ရှဲ​နှင့်​ဇဒ္ဒုကဲ တို့​၏​တ​ဆေး​ကို​သ​တိ​နှင့်​ရှောင်​ကြဉ်​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ တ​ပည့်​တော်​တို့​သည်​မိ​မိ​တို့​၌​စား​စ​ရာ​မ​ပါ လာ​သည့်​အ​တွက်​ဤ​သို့​ကိုယ်​တော်​မိန့်​တော်​မူ​ခြင်း ဖြစ်​သည်​ဟု​အ​ချင်း​ချင်း​ပြော​ဆို​လျက်​နေ​ကြ​၏။ ယင်း​သို့​ပြော​ဆို​နေ​သည်​ကို​သ​ခင်​ယေ​ရှု​သိ​တော် မူ​သ​ဖြင့် ``သင်​တို့​သည်​အ​စား​အ​စာ​မ​ပါ​သည် ကို​အ​ဘယ်​ကြောင့်​ဆွေး​နွေး​နေ​ကြ​သ​နည်း။- ယုံ​ကြည်​ခြင်း​အား​နည်း​သူ​တို့၊ ယ​ခု​တိုင်​အောင် ပင်​မ​သိ​နား​မ​လည်​နိုင်​ကြ​သ​လော။- မုန့်​ငါး​လုံး​ကို​လူ​ငါး​ထောင်​စား​၍​ဘယ်​နှစ်​တောင်း ကောက်​သိမ်း​ရ​သည်​ကို​သင်​တို့​သ​တိ​မ​ရ​ကြ​ပါ သ​လော။ မုန့်​ခု​နစ်​လုံး​ကို​လူ​လေး​ထောင်​စား​၍​ဘယ် နှစ်​တောင်း​ကောက်​သိမ်း​ရ​သည်​ကို​လည်း​သ​တိ​မ​ရ ကြ​ပါ​သ​လော။ အ​စား​အ​စာ​နှင့်​ပတ်​သက်​၍ ငါ​ပြော​ဆို​နေ​ခြင်း​မ​ဟုတ်​ကြောင်း​ကို​သင်​တို့ အ​ဘယ်​ကြောင့်​နား​မ​လည်​ကြ​သ​နည်း။- ဖာ​ရိ​ရှဲ​နှင့်​ဇဒ္ဒု​ကဲ​တို့​၏​တ​ဆေး​ကို​ရှောင်​ကြဉ် ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​တ​ပည့်​တော်​တို့​သည်​မုန့်​လုပ်​တ​ဆေး ကို​ရှောင်​ကြဉ်​ရန်​မ​ဟုတ်​ဘဲ​ဖာ​ရိ​ရှဲ​နှင့်​ဇဒ္ဒု​ကဲ တို့​၏​သွန်​သင်​ချက်​များ​ကို​မ​လိုက်​နာ​ရန် ကိုယ်​တော်​သ​တိ​ပေး​တော်​မူ​ကြောင်း​နား​လည် ကြ​၏။ သ​ခင်​ယေ​ရှု​သည်​ကဲ​သ​ရိ​ဖိ​လိ​ပ္ပိ​နယ်​သို့​ရောက် ရှိ​တော်​မူ​သော​အ​ခါ​တ​ပည့်​တော်​တို့​အား ``လူ တို့​သည်​ငါ့​ကို​အ​ဘယ်​သူ​ဖြစ်​သည်​ဟု​ပြော​ဆို ကြ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ ``လူ​အ​ချို့​က​အ​ရှင်​သည်​ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန် ဖြစ်​သည်။ အ​ချို့​က​ဧ​လိ​ယ​ဖြစ်​သည်။ အ​ချို့​က ယေ​ရ​မိ​သို့​မ​ဟုတ်​အ​ခြား​ပ​ရော​ဖက်​တစ်​ပါး ပါး​ဖြစ်​သည်​ဟု​ပြော​ဆို​ကြ​ပါ​သည်'' ဟု​လျှောက် ကြ​၏။ ကိုယ်​တော်​က ``သင်​တို့​က​မူ​ငါ့​ကို​အ​ဘယ်​သူ​ဟု ဆို​ကြ​သ​နည်း'' ဟု​မေး​တော်​မူ​လျှင်၊ ပေ​တ​ရု​က ``အ​ရှင်​သည်​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​၏​သား​တော်​တည်း​ဟူ​သော​ခ​ရစ် တော်​ဖြစ်​ပါ​သည်'' ဟု​လျှောက်​လေ​၏။ သ​ခင်​ယေ​ရှု​က ``ယော​ဟန်​၏​သား​ရှိ​မုန်၊ သင်​သည် မင်္ဂလာ​ရှိ​၏။ ဤ​အ​ကြောင်း​ကို​သာ​မန်​လူ​တစ်​ယောက် အ​နေ​ဖြင့်​သင်​မ​သိ​နိုင်။ ကောင်း​ကင်​ဘုံ​ရှင်​ငါ​၏ ခ​မည်း​တော်​က​ဖော်​ပြ​တော်​မူ​၍​သာ​သင်​သိ သ​တည်း။- ထို့​ကြောင့်​သင်​၏​နာ​မည်​သည်​ကျောက်​ဟု​အ​နက် ရှိ​သော​ပေ​တ​ရု​ဖြစ်​၍​ထို​ကျောက်​တည်း​ဟူ​သော အုတ်​မြစ်​ပေါ်​မှာ​ငါ​၏​အ​သင်း​တော်​ကို​တည်​ဆောက် မည်။ သေ​ခြင်း​တ​ရား​ပင်​လျှင်​ထို​အ​သင်း​တော်​ကို မ​နိုင်​ရ။- ငါ​သည်​သင့်​အား​ကောင်း​ကင်​နိုင်​ငံ​တော်​၏​သော့ များ​ကို​ပေး​အပ်​မည်။ လော​က​တွင်​သင်​တား​မြစ် သ​မျှ​ကို​ဘု​ရား​သ​ခင်​သည်​ကောင်း​ကင်​ဘုံ​တွင် လည်း​တား​မြစ်​တော်​မူ​မည်။ လော​က​တွင်​သင်​ခွင့် ပြု​သ​မျှ​ကို​ကောင်း​ကင်​ဘုံ​တွင်​လည်း​ခွင့်​ပြု တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​ကိုယ်​တော်​သည်​မိ​မိ​ခ​ရစ်​တော်​ဖြစ်​တော် မူ​ကြောင်း​ကို​အ​ဘယ်​သူ​အား​မျှ​မ​ပြော​ရန်​တပည့် တော်​တို့​အား​ပ​ညတ်​တော်​မူ​၏။ သ​ခင်​ယေ​ရှု​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​သွား​၍ ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ၊ ယဇ်​ပု​ရော​ဟိတ် ကြီး​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ​၏​လက် တွင်​ဒုက္ခ​ဝေ​ဒ​နာ​ခံ​တော်​မူ​ရ​မည့်​အ​ကြောင်း ကို​လည်း​ကောင်း၊ သုံး​ရက်​မြောက်​သော​နေ့​၌​သေ ခြင်း​မှ​ထ​မြောက်​တော်​မူ​မည့်​အ​ကြောင်း​ကို လည်း​ကောင်း​တ​ပည့်​တော်​တို့​အား​ထို​အ​ချိန် မှ​စ​၍​ပွင့်​လင်း​စွာ​ဖော်​ပြ​တော်​မူ​၏။ ပေ​တ​ရု​သည်​ကိုယ်​တော်​အား​မ​လှမ်း​မ​ကမ်း​နေ​ရာ သို့​ပင့်​ဖိတ်​ပြီး​လျှင် ``သ​ခင်​ဘု​ရား၊ ကိုယ်​တော်​ရှင် ဖော်​ပြ​ခဲ့​သည့်​အ​မှု​အ​ရာ​များ​မ​ဖြစ်​ပျက်​စေ ရန်​ဘုရား​သ​ခင်​ဆီး​တား​တော်​မူ​ပါ​စေ​သော။ ကိုယ်​တော်​ရှင်​သည်​ထို​အ​မှု​အ​ရာ​များ​နှင့် အ​ဘယ်​အ​ခါ​၌​မျှ​မ​ကြုံ​မ​တွေ့​ရ​ပါ​စေ​နှင့်'' ဟု​ပြစ်​တင်​လျှောက်​ထား​၏။ ကိုယ်​တော်​သည်​လှည့်​၍​ပေ​တ​ရု​အား ``အ​ချင်း စာ​တန်၊ ငါ့​နောက်​သို့​ဆုတ်​လော့။ သင်​သည်​ငါ့ အ​တွက်​ဆူး​ငြောင့်​ခ​လုတ်​သ​ဖွယ်​ဖြစ်​၏။ သင် သည်​ဘု​ရား​သ​ခင်​၏​ရှု​ထောင့်​က​မ​တွေး၊ လူ ၏​ရှု​ထောင့်​က​သာ​တွေး​၏'' ဟု​မိန့်​တော်​မူ​သည်။ ထို​နောက်​သ​ခင်​ယေ​ရှု​က ``ငါ့​တ​ပည့်​ဖြစ်​လို​သူ သည်​ကိုယ်​ကျိုး​ကို​စွန့်​ရ​မည်။ ကိုယ့်​လက်​ဝါး​ကပ် တိုင်​ကို​ထမ်း​၍​ငါ့​နောက်​သို့​လိုက်​ရ​မည်။- မိ​မိ​အ​သက်​ကို​ကယ်​လို​သူ​သည်​အ​သက်​ဆုံး​ရှုံး​ရ လိမ့်​မည်။ ငါ​၏​အ​တွက်​အ​သက်​ဆုံး​ရှုံး​ရ​သူ​သည် အ​သက်​ကို​ရ​လိမ့်​မည်။- လူ​သည်​လော​က​တစ်​ခု​လုံး​ကို​အ​စိုး​ရ​သော်​လည်း မိ​မိ​၏​အ​သက်​ဆုံး​ရှုံး​လျှင်​အ​ဘယ်​အ​ကျိုး​ရှိ မည်​နည်း။ မိ​မိ​၏​အ​သက်​ကို​အ​ဘယ်​အ​ရာ​နှင့် လဲ​လှယ်​နိုင်​မည်​နည်း။- လူ​သား​သည်​ခ​မည်း​တော်​၏​ဘုန်း​အ​သ​ရေ​ကို ဆောင်​လျက်​ကောင်း​ကင်​တ​မန်​များ​နှင့်​အ​တူ ကြွ​လာ​တော်​မူ​လတ္တံ့။ ထို​အ​ခါ​လူ​အ​ပေါင်း​တို့ အား​မိ​မိ​တို့​၏​အ​ကျင့်​အ​လျောက်​အ​ကျိုး အ​ပြစ်​ကို​ဆပ်​ပေး​တော်​မူ​လိမ့်​မည်။- အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား​ဤ အ​ရပ်​ရှိ​လူ​အ​ချို့​တို့​သည် လူ​သား​အား​ဘု​ရင် အ​ဖြစ်​နှင့်​ကြွ​လာ​တော်​မူ​သည်​ကို​မ​မြင်​မီ မ​သေ​ရ​ကြ'' ဟု​မိန့်​တော်​မူ​၏။

ရှင်မဿဲ 16:1-28 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုအခါ ဖာရိရှဲ​နှင့် ဇဒ္ဒုကဲ​တို့​သည် ကိုယ်တော်​ကို​စမ်းသပ်​လို​သဖြင့် ချဉ်းကပ်​လာ​၍ ကောင်းကင်​မှ​နိမိတ်​လက္ခဏာ​ကို ပြ​ပေး​ပါ​ရန် တောင်းဆို​ကြ​၏။ ကိုယ်တော်​က​လည်း“[သင်​တို့​သည် ညနေချမ်း​အချိန်​ရောက်​သောအခါ ‘မိုး​ကောင်းကင်​နီရဲ​သည်​ဖြစ်၍ ရာသီဥတု​သာယာ​လိမ့်မည်’​ဟု ဆို​တတ်​ကြ​၏။ နံနက်​စောစော​အချိန်​တွင်​လည်း ‘မိုး​ကောင်းကင်​အုံ့မှိုင်း​လျက်​နီရဲ​သည်​ဖြစ်၍ ယနေ့​မုန်တိုင်း​လာ​လိမ့်မည်’​ဟု ဆို​တတ်​ကြ​၏။ သင်​တို့​သည်​မိုး​ကောင်းကင်​၏​အသွင်အပြင်​ကို ပိုင်းခြား​၍​သိ​ကြ​သော်လည်း အချိန်​ကာလ​များ​၏​နိမိတ်​လက္ခဏာ​များ​ကို​မူ ပိုင်းခြား​၍​မ​သိ​နိုင်​ကြ။] ဆိုးညစ်​၍ ဖောက်ပြန်​သော​မျိုးဆက်​သည် နိမိတ်​လက္ခဏာ​ကို​တောင်းဆို​သော်လည်း ယောန​၏​နိမိတ်​လက္ခဏာ​မှတစ်ပါး မည်သည့်​နိမိတ်​လက္ခဏာ​ကို​မျှ ပြ​လိမ့်မည်​မ​ဟုတ်”​ဟု ပြန်​၍​မိန့်​တော်မူ​ပြီးလျှင် သူ​တို့​ထံမှ ထွက်ခွာ​သွား​တော်မူ​၏။ တပည့်​တော်​တို့​သည် တစ်ဖက်ကမ်း​သို့​လာ​ကြ​သောအခါ မုန့်​ကို​ယူဆောင်​လာ​ရန် မေ့လျော့​ကြ​၏။ ထိုအခါ ယေရှု​က“ဖာရိရှဲ​နှင့်​ဇဒ္ဒုကဲ​တို့​၏​တဆေး​ကို အထူး​သတိထား​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ တပည့်​တော်​တို့​က​လည်း “ငါ​တို့​မုန့်​မ​ယူဆောင်​ခဲ့​သောကြောင့်​ဖြစ်​သည်”​ဟု အချင်းချင်း​အချေအတင်​ပြောဆို​ကြ​၏။ ထိုသို့​ပြောဆို​ကြ​သည်​ကို ယေရှု​သိ​တော်မူ​လျှင်“ယုံကြည်​ခြင်း​အားနည်း​သော​သူ​တို့၊ သင်​တို့​၌​မုန့်​မ​ပါ​ကြောင်း​ကို အဘယ်ကြောင့် အချင်းချင်း​အချေအတင်​ပြောဆို​ကြ​သနည်း။ သင်​တို့​နား​မ​လည်​ကြ​သေး​သလော။ မုန့်​ငါး​လုံး​ကို လူ​ငါးထောင်​စား​၍ ဘယ်နှ​တောင်း​ကောက်​သိမ်း​ခဲ့​ရ​သည်​ကို​လည်းကောင်း၊ မုန့်​ခုနစ်​လုံး​ကို လူ​လေးထောင်​စား​၍ ဘယ်နှ​တောင်း​ကောက်​သိမ်း​ခဲ့​ရ​သည်​ကို​လည်းကောင်း မ​မှတ်မိ​ကြ​သလော။ မုန့်​နှင့်​ပတ်သက်၍ သင်​တို့​အား ငါ​ပြော​သည်​မ​ဟုတ်​ကြောင်း​ကို အဘယ်ကြောင့် သင်​တို့​နား​မ​လည်​ကြ​သနည်း။ ဖာရိရှဲ​နှင့်​ဇဒ္ဒုကဲ​တို့​၏​တဆေး​ကို​မူကား သတိထား​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ ထိုအခါ တပည့်​တော်​တို့​သည် ကိုယ်တော်​က မုန့်​၏​တဆေး​ကို​သတိထား​ရန် မိန့်​တော်မူ​သည်​မ​ဟုတ်​ဘဲ ဖာရိရှဲ​နှင့်​ဇဒ္ဒုကဲ​တို့​၏​သွန်သင်​ချက်​တို့​ကို​သတိထား​ရန် မိန့်​တော်မူ​ကြောင်း နားလည်​ကြ​၏။ ထို့နောက် ယေရှု​သည် ဆီဇာရီးယား​ဖိလိပ္ပိ​နယ်မြေ​ဒေသ​များ​သို့ ရောက်​တော်မူ​၏။ ကိုယ်တော်​သည် တပည့်​တော်​တို့​အား“လူ​တို့​သည် လူ့သား​ကို မည်သူ​ဖြစ်​သည်​ဟု ဆို​ကြ​သနည်း”​ဟူ၍ မေး​တော်မူ​၏။ တပည့်​တော်​တို့​က​လည်း “အချို့​တို့​က ဗတ္တိဇံ​ဆရာ​ယောဟန်​ဟု​ဆို​ကြ​၍ အချို့​တို့​က ဧလိယ​ဟု​ဆို​ကြ​ပါ​သည်။ အချို့​တို့​က​လည်း ယေရမိ​၊ သို့မဟုတ် ပရောဖက်​များ​ထဲမှ တစ်ပါးပါး​ဖြစ်​သည်​ဟု​ဆို​ကြ​ပါ​သည်”​ဟူ၍ လျှောက်​ကြ​၏။ ယေရှု​က“သင်​တို့​မူကား ငါ့​ကို မည်သူ​ဖြစ်​သည်​ဟု​ဆို​ကြ​သနည်း”​ဟူ၍ မေး​တော်မူ​လျှင် ရှိမုန်​ပေတရု​က “ကိုယ်တော်​သည် အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၏​သား​တော်​တည်းဟူသော ခရစ်တော်​ဖြစ်​ပါ​သည်”​ဟု ပြန်​လျှောက်​လေ​၏။ ထိုအခါ ယေရှု​က“ဗာယောန​ရှိမုန်၊ သင်​သည် မင်္ဂလာရှိ​၏။ အကြောင်းမူကား ဤ​အရာ​ကို အသွေး​အသား​က သင့်​အား ဖွင့်ပြ​သည်​မ​ဟုတ်​ဘဲ ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော​ငါ့​ခမည်းတော်​က ဖွင့်ပြ​တော်မူ​၏။ သင့်​အား ငါ​ဆို​သည်​ကား သင်​သည် ပေတရု​ဖြစ်​၏။ ဤ​ကျောက်​ပေါ်၌ ငါ​၏​အသင်းတော်​ကို ငါ​တည်ဆောက်​မည်။ မရဏာ​နိုင်ငံ​၏​တံခါး​တို့​သည်​လည်း ထို​အသင်းတော်​ကို အနိုင်ရ​ကြ​မည်​မ​ဟုတ်။ ကောင်းကင်​နိုင်ငံ​တော်​၏​သော့​များ​ကို သင့်​အား ငါ​ပေး​မည်။ မြေကြီး​ပေါ်၌ သင်​ချည်နှောင်​သမျှ​သည် ကောင်းကင်​ဘုံ​၌ ချည်နှောင်​ခြင်း​ခံရ​လျက်​ရှိ​လိမ့်မည်။ မြေကြီး​ပေါ်၌ သင်​ဖြေလွှတ်​သမျှ​သည်​လည်း ကောင်းကင်​ဘုံ​၌ ဖြေလွှတ်​ခြင်း​ခံရ​လျက်​ရှိ​လိမ့်မည်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ ထို့နောက် ကိုယ်တော်​က မိမိ​သည်​ခရစ်တော်​ဖြစ်​ကြောင်း မည်သူ့​ကို​မျှ​မ​ပြော​ရန် တပည့်​တော်​တို့​အား မိန့်မှာ​တော်မူ​၏။ ထို​အချိန်​မှစ၍ ယေရှု​က မိမိ​သည် ဂျေရုဆလင်​မြို့​သို့​သွား​၍ သက်ကြီးဝါကြီး​များ၊ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ကျမ်းပြု​ဆရာ​များ​၏​လက်​၌ ဒုက္ခ​ဝေဒနာ​များစွာ​ခံစား​ရ​ပြီး အသေ​သတ်​ခြင်း​ခံရ​ကာ သုံး​ရက်​မြောက်​သော​နေ့​၌ ထမြောက်​ရ​မည်​ဖြစ်ကြောင်း​ကို တပည့်​တော်​တို့​အား စတင်​ဖော်ပြ​တော်မူ​၏။ ထိုအခါ ပေတရု​သည် ကိုယ်တော်​ကို ဘေးဘက်​သို့​ခေါ်​၍ ပြစ်တင်​ပြောဆို​ကာ “သခင်​ဘုရား၊ ဤ​အမှု​သည် ကိုယ်တော်​နှင့်​လွဲ​ပါစေ၊ ဖယ်​ပါစေ။ ကိုယ်တော်​၌ မည်သည့်​အခါ​မျှ ဤသို့​ဖြစ်​မည်​မ​ဟုတ်”​ဟု လျှောက်​လေ​၏။ သို့သော် ကိုယ်တော်​သည်​လှည့်​၍ ပေတရု​အား“အချင်း​စာတန်၊ ငါ့​နောက်​သို့​ဆုတ်​လော့။ သင်​သည် ငါ့​အတွက် မှားယွင်း​စရာ​အကြောင်း​ဖြစ်​၏။ အကြောင်းမူကား သင်​သည် ဘုရားသခင်​နှင့်ဆိုင်သော​အရာ​များ​ကို မ​စွဲလမ်း​ဘဲ လူ​တို့​နှင့်ဆိုင်သော​အရာ​များ​ကို​သာ စွဲလမ်း​၏”​ဟု မိန့်​တော်မူ​၏။ ထို့နောက် ယေရှု​က တပည့်​တော်​တို့​အား“မည်သူမဆို ငါ့​နောက်​သို့​လိုက်​လို​လျှင် မိမိကိုယ်ကို​ငြင်းပယ်​ပြီး မိမိ​၏​လက်ဝါးကပ်တိုင်​ကို​ထမ်း​လျက် ငါ့​နောက်​သို့​လိုက်​ရ​မည်။ အကြောင်းမှာ မိမိ​အသက်​ကို​ကယ်တင်​လို​သော​သူ​သည် အသက်​ကို​ဆုံးရှုံး​ရ​လိမ့်မည်။ ငါ့​အတွက် မိမိ​အသက်​ကို​ဆုံးရှုံး​ရ​သော​သူ​မူကား အသက်​ကို​တွေ့ရှိ​လိမ့်မည်။ လူ​သည် ကမ္ဘာ​လောက​တစ်ခုလုံး​ကို​ရရှိ​သော်လည်း မိမိ​အသက်​ဝိညာဉ်​ဆုံးရှုံး​လျှင် မည်သည့်​အကျိုး​ရှိ​မည်နည်း။ တစ်နည်း​အားဖြင့် လူ​သည် မည်သည့်​အရာ​ကို​ပေး​၍ မိမိ​အသက်​ဝိညာဉ်​ကို ပြန်ရွေး​နိုင်​မည်နည်း။ အကြောင်းမူကား လူ့သား​သည် မိမိ​၏​ကောင်းကင်တမန်​များ​နှင့်အတူ မိမိ​ခမည်းတော်​၏​ဘုန်း​အသရေ​ကို​ဆောင်​လျက် ကြွလာ​လိမ့်မည်။ ထိုအခါ လူ​အသီးသီး​တို့​အား သူ​တို့​၏​လုပ်ဆောင်မှု​နှင့်အညီ အကျိုး​အပြစ်​ကို​ပေး​တော်မူ​လိမ့်မည်။ သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ဤ​နေရာ​၌​ရပ်​နေ​သော​သူ​တို့​တွင် လူ့သား​သည် မိမိ​၏​နိုင်ငံ​တော်​နှင့်​ကြွလာ​သည်​ကို​မ​မြင်​မီ သေ​ခြင်း​ကို မ​မြည်းစမ်း​ရ​သော​သူ​အချို့​ရှိ​၏”​ဟု မိန့်​တော်မူ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။