YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 14:22-33

ရှင်မဿဲ 14:22-33 Judson Bible (JBMLE)

ယေ​ရှု​သည် စည်း​ဝေး​သော​သူ​တို့​ကို လွှတ်​တော်​မူ​စဉ်​တွင်၊ တ​ပည့်​တော်​တို့​ကို လှေ​စီး​စေ၍ ကမ်း​တစ်​ဖက်​သို့ အ​ရင် ကူး​စေ​တော်​မူ၏။- စည်း​ဝေး​သော​သူ​တို့​ကို လွှတ်​ပြီး​မှ ဆု​တောင်း​ပ​တ္ထ​နာ ပြု​အံ့​သော​ငှာ တောင်​ပေါ်၌ ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ တက်​ကြွ​သ​ဖြင့်၊ ည​အ​ချိန် ရောက်​သော​အ​ခါ၊ တစ်​ယောက်​တည်း ရှိ​နေ​တော်​မူ၏။- လှေ​မူ​ကား အိုင်​အ​လယ်၌​ရှိ၍ လေ​မ​သင့်​သော​ကြောင့် လှိုင်း​တံ​ပိုး​လှုပ်​ရှား​ခြင်း​ကို ပြင်း​စွာ​ခံ​ရ၏။- ည​သုံး​ချက်​တီး​ကျော်​အ​ချိန်၌ ယေ​ရှု​သည် အိုင်​ပေါ်​မှာ စက်​တော်​ဖြန့်​လျက် တ​ပည့်​တော်​တို့​ရှိ​ရာ​သို့ ကြွ​တော်​မူ၏။- ထို​သို့ အိုင်​ပေါ်​မှာ​စက်​တော်​ဖြန့်၍ ကြွ​တော်​မူ​သည်​ကို သူ​တို့​သည်​မြင်​လျှင် ထိတ်​လန့်၍၊ ဖုတ်​တ​စ္ဆေ​ဖြစ်​သည်​ဟု ကြောက်​သော​စိတ်​နှင့် အော်​ဟစ်​ကြ၏။- ယေ​ရှု​သည် ချက်​ချင်း​နှုတ်​ဆက်၍ တည်​ကြည်​သော​စိတ် ရှိ​ကြ​လော့။ ငါ​ပင်​ဖြစ်​သည်။ မ​ကြောက်​လန့်​ကြ​နှင့်​ဟု မိန့်​တော်​မူ၏။- ပေ​တ​ရု​က​လည်း၊ သ​ခင် ကိုယ်​တော်​မှန်​လျှင် အ​ကျွန်ုပ်​သည် ကိုယ်​တော်​ထံ​သို့ ရေ​ပေါ်​မှာ လာ​ရ​မည်​အ​ကြောင်း မိန့်​တော်​မူ​ပါ​ဟု လျှောက်​လျှင်၊- လာ​ခဲ့​လော့​ဟု မိန့်​တော်​မူ၏။ ပေ​တ​ရု​သည် လှေ​ပေါ်​က​ဆင်း၍ ယေ​ရှု​ထံ​သို့​ရောက်​အံ့​သော​ငှာ ရေ​ပေါ်​မှာ လှမ်း​သွား၏။- လေ​ပြင်း​သည်​ကို​မြင်​လျှင် ကြောက်​လန့်၍ နစ်​မွန်း​လု​သည်​ရှိ​သော်၊ ကယ်​မ​တော်​မူ​ပါ​သ​ခင်​ဟု ဟစ်​ကြော်​လေ၏။- ယေ​ရှု​သည် လက်​တော်​ကို ချက်​ချင်း​ဆန့်၍ ပေ​တ​ရု​ကို ကိုင်​တော်​မူ​လျက်၊ ယုံ​ကြည်​အား​နည်း​သော​သူ၊ အ​ဘယ်​ကြောင့် ယုံ​မှား​သော​စိတ် ဝင်​သ​နည်း​ဟု မေး​တော်​မူ၏။- လှေ​ပေါ်​သို့​ရောက်​ကြ​လျှင် လေ​သည် ငြိမ်း​လေ၏။- လှေ​သား​တို့​သည် ချဉ်း​ကပ်၍၊ စင်​စစ်​ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏​သား​တော် မှန်​ပါ​သည်​ဟု ညွတ်​ပြပ်၍ လျှောက်​ကြ၏။

ရှင်မဿဲ 14:22-33 Common Language Bible (BCL)

ထို​နောက်​ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​အား အိမ်​သို့​ပြန်​စေ​တော်​မူ​၏။ တစ်​ချိန်​တည်း​ပင် တပည့်​တော်​တို့​အား​လှေ​ပေါ်​သို့​တက်​စေ​၍ အိုင်​တစ်​ဖက်​သို့​ကူး​စေ​တော်​မူ​၏။- လူ​အ​ပေါင်း​တို့​အား​အိမ်​သို့​ပြန်​စေ​ပြီး​နောက် ကိုယ်​တော်​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရန်​တောင်​ပေါ် ကို​တက်​တော်​မူ​၏။ ည​ချမ်း​အ​ချိန်​ရောက်​သော် ထို​အ​ရပ်​တွင်​တစ်​ကိုယ်​တည်း​ရှိ​နေ​တော်​မူ​သ​တည်း။- တ​ပည့်​တော်​တို့​၏​လှေ​သည်​ကား​ကမ်း​နှင့်​များ​စွာ ဝေး​ကွာ​သွား​လေ​ပြီ။ လေ​ဆန်​ဖြစ်​သ​ဖြင့်​ထို​လှေ ကို​လှိုင်း​တံ​ပိုး​များ​ရိုက်​ခတ်​လျက်​ရှိ​၏။ မိုး​သောက်​ယံ​အ​ချိန်​ခန့်​တွင်​ကိုယ်​တော်​သည်​ရေ​ပေါ် မှာ​စက်​တော်​ဖြန့်​၍​တ​ပည့်​တော်​တို့​ထံ​သို့​ကြွ​လာ တော်​မူ​၏။- ဤ​သို့​ရေ​ပေါ်​မှာ​ကိုယ်​တော်​စက်​တော်​ဖြန့်​၍​ကြွ လာ​သည်​ကို​မြင်​လျှင်​တ​ပည့်​တော်​တို့​သည်​ထိတ် လန့်​ကာ ``တစ္ဆေ'' ဟု​အ​လန့်​တ​ကြား​ဟစ်​အော်​ကြ​၏။ ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``အား​မ​ငယ်​ကြ​နှင့်။ ငါ ပင်​ဖြစ်​သည်။ မ​ကြောက်​ကြ​နှင့်'' ဟု​မိန့်​တော်​မူ​၏။ ပေ​တ​ရု​က ``သ​ခင်​ဘု​ရား၊ ကိုယ်​တော်​ရှင်​ဖြစ်​ပါ​မူ၊ အ​ကျွန်ုပ်​သည်​ရေ​ပေါ်​မှာ​လျှောက်​၍​အ​ထံ​တော်​သို့ လာ​နိုင်​ရန်​အ​မိန့်​ရှိ​တော်​မူ​ပါ'' ဟု​လျှောက်​၏။ ကိုယ်​တော်​က ``လာ​ခဲ့​လော့'' ဟု​မိန့်​တော်​မူ​လျှင် ပေ​တ​ရု​သည်​လှေ​ပေါ်​က​ဆင်း​၍​ရေ​ပေါ်​တွင် လျှောက်​ကာ​သ​ခင်​ယေ​ရှု​ထံ​သို့​သွား​လေ​၏။- သို့​ရာ​တွင်​သူ​သည်​လေ​အ​ဟုန်​ပြင်း​သည်​ကို မြင်​သော​အ​ခါ​ကြောက်​လန့်​၍​လာ​သ​ဖြင့်​ရေ နစ်​စ​ပြု​သည်​နှင့် ``သ​ခင်​ဘု​ရား၊ အ​ကျွန်ုပ် အား​ကယ်​တော်​မူ​ပါ'' ဟု​ဟစ်​အော်​လေ​၏။ ထို​အ​ခါ​သ​ခင်​ယေ​ရှု​သည်​လက်​တော်​ကို​ဆန့်​၍ ပေ​တ​ရု​ကို​ဆွဲ​ကိုင်​တော်​မူ​ပြီး​လျှင် ``ယုံ​ကြည်​ခြင်း နည်း​လှ​ပါ​တ​ကား။ အ​ဘယ်​ကြောင့်​ယုံ​မှား​သနည်း'' ဟု​မိန့်​တော်​မူ​၏။ ကိုယ်​တော်​နှင့်​ပေ​တ​ရု​တို့​လှေ​ပေါ်​သို့​ရောက် ကြ​သော​အ​ခါ​လေ​သည်​ငြိမ်​သွား​လေ​၏။- လှေ​ထဲ​ရှိ​တပည့်​တော်​တို့​သည်​ကိုယ်​တော်​အား ဦး​ညွှတ်​ရှိ​ခိုး​လျက် ``အ​ရှင်​ကား​အ​ကယ်​ပင် ထာ​ဝ​ရ​ဘု​ရား​၏​သား​တော်​ဖြစ်​ပါ​၏'' ဟု လျှောက်​ထား​ကြ​၏။

ရှင်မဿဲ 14:22-33 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ကိုယ်တော်​သည် ချက်ချင်း​ပင် တပည့်​တော်​တို့​ကို လှေ​ပေါ်သို့​တက်​စေ​၍ တစ်ဖက်ကမ်း​သို့ မိမိ​ရှေ့​မှ​ကူး​နှင့်​စေ​တော်မူ​ပြီး တစ်ချိန်တည်းမှာပင် လူထု​ပရိသတ်​များ​ကို ပြန်လွှတ်​တော်မူ​၏။ လူထု​ပရိသတ်​များ​ကို ပြန်လွှတ်​ပြီးနောက် ကိုယ်တော်​သည် ဆုတောင်း​ရန် တောင်​ပေါ်သို့ တစ်ကိုယ်တည်း​တက်​တော်မူ​၏။ ညနေချမ်း​အချိန်​ရောက်​သောအခါ ထို​နေရာ​၌ ကိုယ်တော်​တစ်ပါးတည်း​ရှိ​တော်မူ​၏။ ထိုစဉ် လှေ​သည် ကမ်း​မှ​အတော်​ဝေးကွာ​နေ​ပြီး လေ​ဆန်​ဖြစ်​သောကြောင့် လှိုင်း​များ​၏​ရိုက်ခတ်​ခြင်း​ကို​ခံ​နေ​ရ​၏။ မိုးသောက်ယံ​အချိန်​၌ ကိုယ်တော်​သည် ပင်လယ်​ပေါ်တွင် လမ်းလျှောက်​လျက် သူ​တို့​ထံသို့ ကြွ​တော်မူ​၏။ တပည့်​တော်​တို့​သည် ပင်လယ်​ပေါ်တွင် ကိုယ်တော်​လမ်းလျှောက်​နေ​သည်​ကို​မြင်​လျှင် တုန်လှုပ်​ချောက်ချား​၍ “တစ္ဆေ”​ဟု အလန့်တကြား​အော်ဟစ်​ကြ​၏။ သို့သော် ယေရှု​က“မစိုးရိမ်​ကြ​နှင့်။ ငါ​ပင်​ဖြစ်​၏။ မ​ကြောက်​ကြ​နှင့်”​ဟု သူ​တို့​အား ချက်ချင်း​မိန့်​တော်မူ​၏။ ထိုအခါ ပေတရု​က “သခင်​ဘုရား၊ ကိုယ်တော်​ဖြစ်​သည်​မှန်​လျှင် ကိုယ်တော်​ထံသို့ ရေ​ပေါ်မှာ​လျှောက်လာ​ရ​မည့်​အကြောင်း အကျွန်ုပ်​ကို အမိန့်​ပေး​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။ ကိုယ်တော်​က​လည်း“လာ​ခဲ့​လော့”​ဟု မိန့်​တော်မူ​ရာ ပေတရု​သည် လှေ​မှ​ဆင်း​၍ ရေ​ပေါ်​လမ်းလျှောက်​လျက် ယေရှု​ထံသို့​သွား​လေ​၏။ သို့သော် ပြင်းထန်​သော​လေ​ကို​မြင်​လျှင် ကြောက်​၍ ရေနစ်​စ​ပြု​သည်​နှင့် “သခင်​ဘုရား၊ အကျွန်ုပ်​ကို​ကယ်​တော်မူ​ပါ”​ဟု အော်ဟစ်​လေ​၏။ ထိုအခါ ယေရှု​သည် ချက်ချင်း​လက်​တော်​ကို​ဆန့်​၍ သူ့​ကို​ကိုင်ဆွဲ​ကာ“ယုံကြည်​ခြင်း​အားနည်း​သော​သူ၊ အဘယ်ကြောင့် သံသယ​ဖြစ်​သနည်း”​ဟု မိန့်​တော်မူ​၏။ ထို့နောက် သူ​တို့​သည် လှေ​ပေါ်သို့​တက်​ကြ​ရာ လေ​သည် ငြိမ်​သွား​လေ​၏။ ထိုအခါ လှေ​ပေါ်၌​ရှိ​သော​သူ​တို့​သည် ကိုယ်တော်​ကို​ရှိခိုး​လျက် “ကိုယ်တော်​သည် အမှန်ပင် ဘုရားသခင်​၏​သား​တော်​ဖြစ်​ပါ​၏”​ဟု လျှောက်​ကြ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။