YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 14:13-21

ရှင်မဿဲ 14:13-21 Judson Bible (JBMLE)

ယေ​ရှု​သည် ကြား​တော်​မူ​လျှင်၊ ထို​အ​ရပ်​မှ​ထွက်၍ လှေ​ကို​စီး​လျက် တော၌​ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ ကြွ​တော်​မူ၏။ လူ​အ​စု​အ​ဝေး​တို့​သည် ကြား​သိ​ရ​လျှင်၊ မြို့​ရွာ​မှ​ထွက်၍ ကုန်း​ကြောင်း​လိုက်​ကြ၏။- ယေ​ရှု​သည် ထွက်​ကြွ၍ လူ​များ​အ​ပေါင်း​တို့​ကို တွေ့​မြင်​တော်​မူ​လျှင်၊ သ​နား​ခြင်း​စိတ်​တော်​ရှိ၍ လူ​နာ​ရှိ​သ​မျှ​တို့​ကို ချမ်း​သာ​ပေး​တော်​မူ၏။ ညဉ့်​ဦး​ယံ၌ တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍၊ ဤ​အ​ရပ်​သည် တော​အ​ရပ်​ဖြစ်​ပါ၏။ မိုး​လည်း ချုပ်​ပါ​ပြီ။ လူ​အ​စု​အ​ဝေး​တို့​သည် မြို့​ရွာ​သို့​သွား၍ စား​စ​ရာ​ကို​ဝယ်​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​တော်​မူ​ပါ​ဟု လျှောက်​ကြ​လျှင်၊- ယေ​ရှု​က၊ သွား​ရ​သော​အ​ကြောင်း​မ​ရှိ။ သူ​တို့​စား​စ​ရာ​ဖို့ သင်​တို့​ပေး​ကြ​လော့​ဟု မိန့်​တော်​မူ၏။- တ​ပည့်​တော်​တို့​က​လည်း၊ မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​မှ​တစ်​ပါး အ​ဘယ်​စား​စ​ရာ​မျှ အ​ကျွန်ုပ်​တို့၌​မ​ရှိ​ပါ​ဟု လျှောက်​ပြန်​လျှင်၊ ထို​မုန့်​နှင့် ငါး​ကို ယူ​ခဲ့​ကြ​ဟု မိန့်​တော်​မူ၏။- ထို​အ​ခါ လူ​အ​စု​အ​ဝေး​တို့​ကို မြက်​ပင်​ပေါ်​မှာ လျောင်း​ကြ​စေ​ဟု အ​မိန့်​တော်​ရှိ၏။- မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​ကို​လည်း​ယူ၍ ကောင်း​ကင်​သို့ ကြည့်​မျှော်​လျက်၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​နှင့် ငါး​ကို​ဖဲ့၍ တ​ပည့်​တော်​တို့​အား ပေး​တော်​မူ၏။- တ​ပည့်​တော်​တို့​သည်​လည်း လူ​အ​ပေါင်း​တို့​အား ပေး​ကြ၏။ လူ​အ​ပေါင်း​တို့​သည် စား၍ ဝ​ကြ​ပြီး​မှ ကြွင်း​ရစ်​သော​အ​ကျိုး​အ​ပဲ့​ကို ကောက်​သိမ်း၍ တစ်​ဆယ်​နှစ်​တောင်း အ​ပြည့်​ရ​ကြ၏။- စား​သော​သူ အ​ရေ​အ​တွက်​ကား၊ မိန်း​မ​နှင့် သူ​ငယ်​ကို မ​ဆို​ဘဲ၊ ယောက်ျား​ငါး​ထောင်​မျှ​လောက် ရှိ​သ​တည်း။

ရှင်မဿဲ 14:13-21 Common Language Bible (BCL)

ဤ​သ​တင်း​ကို​သ​ခင်​ယေ​ရှု​ကြား​တော်​မူ​လျှင် ထို​အ​ရပ်​မှ​တစ်​ကိုယ်​တည်း​ဆိတ်​ကွယ်​ရာ​အ​ရပ် သို့​လှေ​ဖြင့်​ကြွ​တော်​မူ​၏။ အ​မြို့​မြို့​မှ​လူ​ပ​ရိ သတ်​တို့​သည်​လည်း​ကိုယ်​တော်​ထွက်​ကြွ​တော်​မူ ကြောင်း​ကြား​ကြ​လျှင်​နောက်​တော်​သို့​ကုန်း​ကြောင်း ဖြင့်​လိုက်​ကြ​၏။- ကိုယ်​တော်​သည်​လှေ​ပေါ်​မှ​တက်​တော်​မူ​သော​အ​ခါ လူ​ထု​ကြီး​ကို​မြင်​တော်​မူ​လျှင်​သူ​တို့​ကို​သ​နား တော်​မူ​သ​ဖြင့်​ဖျား​နာ​သူ​များ​ကို​ကျန်း​မာ​စေ တော်​မူ​၏။ ည​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ​တ​ပည့်​တော်​တို့ သည်​အ​ထံ​တော်​သို့​လာ​၍ ``ဤ​အ​ရပ်​သည်​လူ​သူ မ​ရှိ​သည့်​အ​ရပ်​ဖြစ်​ပါ​၏။ နေ့​အ​ချိန်​လည်း​ကုန်​ပါ ပြီ။ လူ​တို့​အား​ကျေး​ရွာ​များ​သို့​သွား​၍​အ​စား အ​စာ​ဝယ်​ယူ​နိုင်​ရန်​စေ​လွှတ်​တော်​မူ​ပါ'' ဟု လျှောက်​ထား​ကြ​၏။ သ​ခင်​ယေ​ရှု​က ``ထို​သူ​တို့​သွား​ကြ​ရန်​မ​လို​ပါ။ သင်​တို့​ပင်​လျှင်​သူ​တို့​အား​စား​စ​ရာ​ပေး​ကြ လော့'' ဟု​မိန်​တော်​မူ​၏။ တ​ပည့်​တော်​တို့​က ``အ​ကျွန်ုပ်​တို့​မှာ​မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​သာ​ရှိ​ပါ​သည်'' ဟု​လျှောက်​ထား​ကြ လျှင်၊ ကိုယ်​တော်​က ``ထို​မုန့်​နှင့်​ငါး​ကို​ငါ့​ထံ​သို့​ယူ​ခဲ့​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။- ကိုယ်​တော်​သည်​လူ​ပ​ရိ​သတ်​တို့​ကို​မြက်​ခင်း​ပေါ် တွင်​ထိုင်​စေ​တော်​မူ​၏။ ထို​နောက်​မုန့်​ငါး​လုံး​နှင့်​ငါး နှစ်​ကောင်​ကို​ယူ​၍​ကောင်း​ကင်​သို့​မျှော်​ကြည့်​လျက် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​တော်​မူ ပြီး​လျှင် မုန့်​များ​ကို​ဖဲ့​၍​တ​ပည့်​တော်​တို့​အား​ပေး တော်​မူ​၏။ တ​ပည့်​တော်​တို့​သည်​လည်း​လူ​တို့​အား ဝေ​ပေး​ကြ​၏။- လူ​အ​ပေါင်း​တို့​သည်​အ​ဝ​စား​ရ​ကြ​သည်​သာ​မ​က မုန့်​နှင့်​ငါး​အ​ကြွင်း​အ​ကျန်​များ​ကို​ပင်​တစ်​ဆယ့် နှစ်​တောင်း​အ​ပြည့်​ကောက်​သိမ်း​ရ​သေး​၏။- အ​မျိုး​သမီး​နှင့်​က​လေး​များ​မှ​အ​ပ​မုန့်​စား​သူ ယောကျာ်း​ဦး​ရေ​မှာ​ငါး​ထောင်​မျှ​ရှိ​သ​တည်း။

ရှင်မဿဲ 14:13-21 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယေရှု​သည် ထို​သတင်း​ကို​ကြား​သောအခါ ထို​အရပ်​မှ လူသူ​ကင်းဝေး​ရာ​အရပ်​သို့ လှေ​ဖြင့် တစ်ကိုယ်တည်း​ကြွ​တော်မူ​၏။ သို့သော် လူထု​ပရိသတ်​များ​သည် ကြားသိ​လျှင် မြို့​ရွာ​များ​မှ​ထွက်​၍ နောက်​တော်​သို့ ကုန်းကြောင်း​ဖြင့်​လိုက်​ကြ​၏။ ကိုယ်တော်​သည် လှေ​မှ​ဆင်း​သောအခါ များစွာ​သော​လူထု​ပရိသတ်​ကို​မြင်​လျှင် သူ​တို့​အပေါ်​ကြင်နာ​စိတ်​ရှိ​တော်မူ​၍ မ​ကျန်းမာ​သော​သူ​တို့​ကို ကျန်းမာ​စေ​တော်မူ​၏။ ညနေချမ်း​အချိန်​ရောက်​သောအခါ တပည့်​တော်​တို့​သည် အထံ​တော်​သို့​ချဉ်းကပ်​၍ “ဤ​နေရာ​သည် လူသူ​ကင်းဝေး​ရာ​အရပ်​ဖြစ်​ပြီး အချိန်​လည်း လွန်​နေ​ပါ​ပြီ။ လူထု​ပရိသတ်​တို့​သည် ကျေးရွာ​များ​သို့​သွား​၍ မိမိ​တို့​အတွက် စားစရာ​များ​ဝယ်ယူ​နိုင်​ရန် သူ​တို့​ကို ပြန်လွှတ်​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။ သို့သော် ယေရှု​က“သူ​တို့​သွား​ရန်​မ​လို။ သင်​တို့​ကိုယ်တိုင် သူ​တို့​အား စား​စရာ​ပေး​ကြ​လော့”​ဟု တပည့်​တော်​တို့​အား မိန့်​တော်မူ​၏။ တပည့်​တော်​တို့​က​လည်း “အကျွန်ုပ်​တို့​တွင် ဤ​နေရာ​၌ မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​မှတစ်ပါး မည်သည့်​အရာ​မျှ​မ​ရှိ​ပါ”​ဟု ကိုယ်တော်​အား​လျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“၎င်း​တို့​ကို ငါ့​ထံ ဤ​နေရာ​သို့​ယူ​ခဲ့​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ ထို့နောက် လူထု​ပရိသတ်​တို့​ကို မြက်​ခင်း​ပေါ်​ထိုင်​ကြ​ရန် အမိန့်​ပေး​တော်မူ​၍ မုန့်​ငါး​လုံး​နှင့် ငါး​နှစ်​ကောင်​ကို​ယူ​လျက် မိုး​ကောင်းကင်​သို့​မျှော်ကြည့်​ကာ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် မုန့်​ကို​ဖဲ့​၍ တပည့်​တော်​တို့​အား ပေး​တော်မူ​၏။ တပည့်​တော်​တို့​သည်​လည်း လူထု​ပရိသတ်​တို့​အား ဝေပေး​ကြ​၏။ လူ​အပေါင်း​တို့​သည် စား​၍​ဝ​ကြ​၏။ ထို့နောက် ကြွင်းကျန်​သော​မုန့်​အကျိုးအပဲ့​များ​ကို​ကောက်သိမ်း​ကြ​ရာ တစ်ဆယ့်နှစ်​တောင်း​အပြည့်​ရ​ကြ​၏။ စား​သော​သူ​တို့​မှာ အမျိုးသမီး​များ​နှင့်​ကလေး​သူငယ်​များ​မ​ပါ​ဘဲ ယောက်ျား​ငါးထောင်​ခန့်​ရှိ​၏။