ရှင်မဿဲ 14:13-14
ရှင်မဿဲ 14:13-14 Judson Bible (JBMLE)
ယေရှုသည် ကြားတော်မူလျှင်၊ ထိုအရပ်မှထွက်၍ လှေကိုစီးလျက် တော၌ဆိတ်ကွယ်ရာအရပ်သို့ ကြွတော်မူ၏။ လူအစုအဝေးတို့သည် ကြားသိရလျှင်၊ မြို့ရွာမှထွက်၍ ကုန်းကြောင်းလိုက်ကြ၏။- ယေရှုသည် ထွက်ကြွ၍ လူများအပေါင်းတို့ကို တွေ့မြင်တော်မူလျှင်၊ သနားခြင်းစိတ်တော်ရှိ၍ လူနာရှိသမျှတို့ကို ချမ်းသာပေးတော်မူ၏။
ရှင်မဿဲ 14:13-14 Common Language Bible (BCL)
ဤသတင်းကိုသခင်ယေရှုကြားတော်မူလျှင် ထိုအရပ်မှတစ်ကိုယ်တည်းဆိတ်ကွယ်ရာအရပ် သို့လှေဖြင့်ကြွတော်မူ၏။ အမြို့မြို့မှလူပရိ သတ်တို့သည်လည်းကိုယ်တော်ထွက်ကြွတော်မူ ကြောင်းကြားကြလျှင်နောက်တော်သို့ကုန်းကြောင်း ဖြင့်လိုက်ကြ၏။- ကိုယ်တော်သည်လှေပေါ်မှတက်တော်မူသောအခါ လူထုကြီးကိုမြင်တော်မူလျှင်သူတို့ကိုသနား တော်မူသဖြင့်ဖျားနာသူများကိုကျန်းမာစေ တော်မူ၏။
ရှင်မဿဲ 14:13-14 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ယေရှုသည် ထိုသတင်းကိုကြားသောအခါ ထိုအရပ်မှ လူသူကင်းဝေးရာအရပ်သို့ လှေဖြင့် တစ်ကိုယ်တည်းကြွတော်မူ၏။ သို့သော် လူထုပရိသတ်များသည် ကြားသိလျှင် မြို့ရွာများမှထွက်၍ နောက်တော်သို့ ကုန်းကြောင်းဖြင့်လိုက်ကြ၏။ ကိုယ်တော်သည် လှေမှဆင်းသောအခါ များစွာသောလူထုပရိသတ်ကိုမြင်လျှင် သူတို့အပေါ်ကြင်နာစိတ်ရှိတော်မူ၍ မကျန်းမာသောသူတို့ကို ကျန်းမာစေတော်မူ၏။