YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 1:20-23

ရှင်မဿဲ 1:20-23 Judson Bible (JBMLE)

ထို​သို့ ကြံ​စည်၍ နေ​စဉ်​တွင် အိပ်​မက်​ကို​မြင်​ရ​သည်​မှာ၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ထင်​ရှား၍၊ ဒါ​ဝိဒ်​အ​မျိုး​ယော​သပ်၊ သင်၏​ခင်​ပွန်း​မာ​ရိ​ကို ထိန်း​သိမ်း​ရ​မည်​အ​ခွင့်​ကို မ​စိုး​ရိမ်​နှင့်။ ဤ​ပ​ဋိ​သ​န္ဓေ​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကြောင့်​ဖြစ်၏။- သား​ယောက်ျား​ကို ဖွား​မြင်​လိမ့်​မည်။ ထို​သား​သည် မိ​မိ​လူ​တို့​ကို​အ​ပြစ်​မှ ကယ်​ချွတ်​မည်​သူ ဖြစ်​သော​ကြောင့်၊ ယေ​ရှု​ဟူ​သော​အ​မည်​ဖြင့် မှည့်​ရ​မည်​ဟု ကောင်း​ကင်​တ​မန်​ဆို၏။- ထို​အ​ကြောင်း​အ​ရာ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ပ​ရော​ဖက်​ဖြင့် ထား​တော်​မူ​သော ဗျာ​ဒိတ်​တော် ပြည့်​စုံ​မည် အ​ကြောင်း​အ​တည်း။- ဗျာ​ဒိတ်​တော်​အ​ချက်​ဟူ​မူ​ကား ကြည့်​ရှု​လော့။ သ​တို့​သ​မီး​က​ညာ​သည် ပ​ဋိ​သ​န္ဓေ​စွဲ​ယူ၍ သား​ယောက်ျား​ကို ဖွား​မြင်​လ​တ္တံ့။ ထို​သား​ကို ဧ​မာ​နွေ​လ​အ​မည်​ဖြင့် မှည့်​ရ​ကြ​လ​တ္တံ့​ဟု လာ​သ​တည်း။ ဧ​မာ​နွေ​လ​အ​နက်​ကား ငါ​တို့​နှင့်​အ​တူ ရှိ​တော်​မူ​သော​ဘု​ရား​သ​ခင်​ဟု ဆို​လို​သ​တည်း။

ရှင်မဿဲ 1:20-23 Common Language Bible (BCL)

ဤ​သို့​အ​ကြံ​ရှိ​နေ​စဉ်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ကောင်း​ကင်​တ​မန်​တစ်​ပါး​ကို​အိပ်​မက်​မြင်​မက်​၏။ ထို​ကောင်း​ကင်​တမန်​က ``ဒါ​ဝိဒ်​၏​သား​မြေး​ယော​သပ်၊ သင်​သည်​မာ​ရိ​အား​ဇ​နီး​အ​ဖြစ်​သိမ်း​ပိုက်​ရ​မည်​ကို မ​ကြောက်​နှင့်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​၏​ဝမ်း​တွင် ရှိ​သော​ပ​ဋိ​သေနန္ဓ​ကား​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ၏​တန်​ခိုး​တော်​အား​ဖြင့်​ရ​သော​ပ​ဋိ​သေနန္ဓ​ဖြစ်​၏။- သူ​သည်​သား​ယောက်ျား​ကို​ဖွား​မြင်​လိမ့်​မည်။ ထို သား​သည်​မိ​မိ​လူ​မျိုး​အား​အ​ပြစ်​မှ​ကယ်​တင် မည့်​အ​ရှင်​ဖြစ်​သော​ကြောင့်​သူ့​ကို​ယေ​ရှု​ဟု နာ​မည်​မှည့်​ရ​မည်'' ဟု​ဆို​၏။ ဤ​အ​မှု​အ​ရာ​များ​မှာ​ပ​ရော​ဖက်​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​ခဲ့​သော​ဗျာ​ဒိတ် တော်​အ​တိုင်း​ဖြစ်​ပျက်​ခြင်း​ပင်​ဖြစ်​သ​တည်း။- ဗျာ​ဒိတ်​တော်​ကား ``အ​ပျို​က​ညာ​သည်​ကိုယ်​ဝန် ဆောင်​၍​သား​ယောက်ျား​ကို​ဖွား​မြင်​လိမ့်​မည်။ ထို သား​ကို​ဧ​မာ​နွေလ ဟု​ခေါ်​ဝေါ်​သ​မုတ်​ကြ​လိမ့်​မည်'' ဟူ​၍​ဖြစ်​သ​တည်း။

ရှင်မဿဲ 1:20-23 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့သော် ဤ​အကြောင်း​ကို စဉ်းစား​ဆင်ခြင်​နေ​စဉ် ထာဝရ​ဘုရား​၏​ကောင်းကင်တမန်​သည် ယောသပ်​အား အိပ်မက်​ထဲတွင်​ထင်ရှား​၍ “ဒါဝိဒ်​၏​သား​ယောသပ်၊ မာရိ​အား သင်​၏​ဇနီး​အဖြစ်​ယူ​ရ​မည်​ကို မ​စိုးရိမ်​နှင့်။ အကြောင်းမူကား သူ​၌​တည်​နေ​သော​သန္ဓေ​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့်​ဖြစ်​၏။ သူ​သည် သား​ယောက်ျား​ကို ဖွားမြင်​လိမ့်မည်။ ထို​သား​သည် မိမိ​၏​လူမျိုး​တော်​ကို သူ​တို့​၏​အပြစ်​များ​မှ ကယ်တင်​မည်​ဖြစ်​သောကြောင့် သူ​၏​အမည်​ကို ယေရှု​ဟူ၍​မှည့်​ခေါ်​ရ​မည်”​ဟု မြွက်ဆို​လေ​၏။ ဤ​အရာ​အားလုံး​ဖြစ်ပျက်​သည်မှာ ထာဝရ​ဘုရား​က “ကြည့်ရှု​လော့။ အပျို​ကညာ​သည် သန္ဓေတည်​၍ သား​ယောက်ျား​ကို​ဖွားမြင်​လိမ့်မည်။ ထို​သား​၏​အမည်​ကို ဧမာနွေလ​ဟု ခေါ်​ကြ​လိမ့်မည်”​ဟု ပရောဖက်​အားဖြင့် မိန့်​တော်မူ​သည့်​အရာ ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း။ (ဧမာနွေလ​၏​အဓိပ္ပာယ်​မှာ “ငါ​တို့​နှင့်အတူ​ရှိ​တော်မူ​သော​ဘုရားသခင်”​ဟူ၍ ဖြစ်​၏။)

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။