YouVersion လိုဂို
ရှာရန် အိုင်ကွန်

မာလခိ 4:1-6

မာလခိ 4:1-6 Judson Bible (JBMLE)

မီး​ဖို၌ မီး​လောင်​သ​ကဲ့​သို့ လောင်​သော​နေ့​ရက်​ကာ​လ​သည် ရောက်​လိမ့်​မည်။ မာ​န​ကြီး​သော​သူ​နှင့် ဒု​စ​ရိုက်​ကို​ပြု​သော​သူ အ​ပေါင်း​တို့​သည် အ​မှိုက်​ခြောက် ဖြစ်​ကြ​လိမ့်​မည်။ သူ​တို့​အ​ရင်း​အ​ဖျား​မျှ မ​ကျန်​ကြွင်း​စေ​ခြင်း​ငှာ ထို​နေ့​ရက်​သည် လောင်​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ ငါ၏​နာ​မ​တော်​ကို ကြောက်​ရွံ့​သော​သင်​တို့၌​ကား၊ တ​ရား​တော်​နေ​မင်း​သည် အ​နာ​ပျောက်​စေ​သော အ​တောင်​တို့​နှင့် ပေါ်​ထွန်း​တော်​မူ​မည်။ သင်​တို့​သည် ထွက်​သွား၍ တင်း​ကုပ်၌ နွား​သ​ငယ်​ကဲ့​သို့ ခုန်​ကြ​လိမ့်​မည်။ မ​တ​ရား​သော​သူ​တို့​ကို​လည်း နင်း​ကြ​လိမ့်​မည်။ ထို​သို့ ငါ​စီ​ရင်​သော နေ့​ရက်၌ သူ​တို့​သည် သင်​တို့ ခြေ​ဖ​ဝါး​အောက်၌ မြေ​မှုန့်​ကဲ့​သို့ ဖြစ်​ကြ​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အ​ဖို့ ဟော​ရပ်​အ​ရပ်၌​ငါ​မှာ​ထား​သော၊ ငါ့​ကျွန်​မော​ရှေ၏​တ​ရား​တည်း​ဟူ​သော စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက်​တို့​ကို အောက်​မေ့​ကြ​လော့။ ကြည့်​ရှု​လော့။ ထာ​ဝ​ရ​ဘု​ရား၏ ကြောက်​မက်​ဖွယ်​သော​နေ့​ရက်​ကြီး မ​ရောက်​မီ၊ ပ​ရော​ဖက်​ဧ​လိ​ယ​ကို သင်​တို့​ရှိ​ရာ​သို့ ငါ​စေ​လွှတ်​မည်။ ငါ​သည်​လာ၍ သင်​တို့၏​ပြည်​ကို ကျိန်​ခြင်း​ဘေး​နှင့် ဒဏ်​မ​ခတ်​မည်​အ​ကြောင်း၊ ထို​ပ​ရော​ဖက်​သည် သား​တို့​နှင့် အ​ဘ​တို့​ကို​လည်း​ကောင်း၊ အ​ဘ​တို့​နှင့် သား​တို့​ကို​လည်း​ကောင်း အ​သင့်​အ​တင့် ဖြစ်​စေ​မည်​ဟု မိန့်​တော်​မူ၏။ ဓ​မ္မ​ဟောင်း​ကျမ်း​တို့​တွင် နောက်​ဆုံး​ကျမ်း​တည်း​ဟူ​သော၊ ပ​ရော​ဖက်​မာ​လ​ခိ စီ​ရင်​ရေး​ထား​သော အ​နာ​ဂ​တ္တိ​ကျမ်း ပြီး၏။

မာလခိ 4:1-6 Common Language Bible (BCL)

အ​နန္တ​တန်​ခိုး​နှင့်​ထာ​ဝရ​ဘု​ရား​က``မာန် မာ​န​ထောင်​လွှား​သူ​နှင့်​ယုတ်​မာ​သူ​အ​ပေါင်း တို့​သည် ကောက်​ရိုး​သ​ဖွယ်​မီး​ကျွမ်း​လောင် ကြ​မည့်​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​လိမ့် မည်။ ထို​နေ့​ရက်​ကာ​လ​၌​သူ​တို့​သည်​မီး ကျွမ်း​လောင်​၍​သွား​ကာ အ​မြစ်​အ​ကိုင်း အ​စ​အ​န​မျှ​ပင်​ကျန်​ရှိ​ကြ​လိမ့်​မည် မ​ဟုတ်။- ငါ​၏​စ​ကား​တော်​ကို​ရို​သေ​သူ​သင်​တို့ အ​ဖို့​မှာ​မူ​ကား ငါ​၏​ကယ်​တင်​ခြင်း​တန် ခိုး​သည်​နေ​မင်း​သ​ဖွယ် သူ​တို့​အ​ပေါ်​၌ ထွန်း​လင်း​လျက်​နေ​ရောင်​ခြည်​သ​ဖွယ် သင် တို့​၏​အ​နာ​ရော​ဂါ​များ​ကို​ပျောက်​ကင်း စေ​လိမ့်​မည်။ သင်​တို့​သည်​တင်း​ကုပ်​မှ​လွှတ် ထုတ်​လိုက်​သည့်​နွား​ငယ်​များ​ကဲ့​သို့​လွတ် လပ်​ပျော်​ရွှင်​စွာ​ခုန်​ပေါက်​လျက်​နေ​လိမ့်​မည်။- ငါ​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ရက်​ကာ​လ ၌ သင်​တို့​သည်​သူ​ယုတ်​မာ​များ​ကို​အ​နိုင် ရ​ကြ​လိမ့်​မည်။ သူ​တို့​သည်​သင်​တို့​ခြေ ဖ​ဝါး​အောက်​မှ​မြေ​မှုန့်​သ​ဖွယ်​ဖြစ်​လိမ့်​မည်။'' ``ငါ​၏​အ​စေ​ခံ​မော​ရှေ​၏​ပ​ညတ်​တ​ရား များ​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​လိုက်​နာ​ကြ​ရန်​သိ​နာ​တောင်​ပေါ် တွင်​သူ့​အား​ငါ​ပေး​အပ်​ခဲ့​သည့်​နည်း​ဥ​ပ​ဒေ များ​နှင့်​ကျင့်​ထုံး​ကျင့်​နည်း​များ​ကို​လည်း ကောင်း​အောက်​မေ့​သ​တိ​ရ​ကြ​လော့။ ``သို့​ရာ​တွင်​ယင်း​သို့​ကြောက်​မက်​ဖွယ်​ရာ နေ့​ကြီး မ​ကျ​မ​ရောက်​မီ​ငါ​သည်​ပ​ရော ဖက်​ဧ​လိ​ယ​ကို​သင်​တို့​ထံ​သို့​စေ​လွှတ် မည်။- ငါ​လာ​၍​ထို​ဒေ​သ​အား​ကျိန်​စာ​မ​သင့် စေ​ရန် သူ​သည်​အ​ဖ​များ​နှင့်​သား​သ​မီး တို့​ကို​ပြန်​လည်​စည်း​ရုံး​၍​ပေး​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ဋ္ဌမ္မ​ဟောင်း​ကျမ်း​တို့​တွင်​နောက်​ဆုံး​ကျမ်း တည်း​ဟူ​သော၊ ပ​ရော​ဖက်​မာ​လ​ခိ​စီ​ရင်​ရေး ထား​သော​အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။

မာလခိ 4:1-6 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

“ကြည့်ရှု​လော့​။ မီးဖို​မှ​မီးတောက်လောင်​သကဲ့သို့ မီးတောက်လောင်​သော​နေ့ရက်​ရောက်လာ​၍ မာနထောင်လွှား​သော​သူ​အပေါင်း​တို့​နှင့် ဆိုးယုတ်​သော​သူ​အပေါင်း​တို့​သည် ရိုးပြတ်​ကဲ့သို့ လောင်ကျွမ်း​ခြင်း​ခံရ​မည်​။ ရောက်လာ​မည့်​ထို​နေ့ရက်​သည် သူ​တို့​ကို အကိုင်းအခက်​မှစ၍ အမြစ်​ပါ​မ​ကျန် လောင်ကျွမ်း​လိမ့်မည်”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။ “ငါ​၏​နာမ​တော်​ကို ကြောက်ရွံ့ရိုသေ​သော သင်​တို့​အဖို့ ဖြောင့်မတ်​ခြင်း​နေမင်း​သည် ကုသ​ခြင်း​တောင်ပံ​နှင့်တကွ ပေါ်ထွန်း​လာ​လိမ့်မည်​။ သင်​တို့​သည်​လည်း တင်းကုပ်​မှ နွားသငယ်​ကဲ့သို့ ခုန်ပေါက်​လျက် ထွက်လာ​မည်​။ သင်​တို့​သည် ဆိုးယုတ်​သော​သူ​တို့​ကို နင်းချေ​လိမ့်မည်​။ အကြောင်းမူကား ငါ​စီရင်​ရာ​နေ့ရက်​၌ သူ​တို့​သည် သင်​တို့​၏​ခြေဖဝါး​အောက်​သို့​ရောက်​သော ပြာမှုန့်​ဖြစ်​လိမ့်မည်”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။ အစ္စရေး​လူမျိုး​အပေါင်း​တို့​အဖို့ ဟောရပ်​အရပ်​၌ မောရှေ​အား ငါ​မိန့်မှာ​ခဲ့​သည့် ပြဋ္ဌာန်းချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​ပါ​သော ငါ့​အစေအပါး​မောရှေ​၏​ပညတ်တရား​ကို အောက်မေ့​ကြ​လော့​။ ကြည့်ရှု​လော့​။ ထာဝရဘုရား​၏​ကြောက်မက်ဖွယ်​သော​နေ့ရက်​ကြီး မ​ရောက်​မီ ပရောဖက်​ဧလိယ​ကို သင်​တို့​ထံသို့ ငါ​စေလွှတ်​မည်​။ သူ​သည် ဖခင်​တို့​၏​စိတ်နှလုံး​ကို သားသမီး​ထံသို့​လည်းကောင်း​၊ သားသမီး​တို့​၏​စိတ်နှလုံး​ကို ဖခင်​တို့​ထံသို့​လည်းကောင်း ပြန်လှည့်​လာ​စေ​လိမ့်မည်​။ သို့မဟုတ်လျှင် ငါ​သည် ကြွလာ​၍ ကမ္ဘာမြေ​ကို ကျိန်​ခြင်း​ဖြင့်​ဒဏ်ခတ်​ရ​လိမ့်မည်​။