YouVersion လိုဂို
ရှာရန် အိုင်ကွန်

မာလခိ 4:1-3

မာလခိ 4:1-3 Judson Bible (JBMLE)

မီး​ဖို၌ မီး​လောင်​သ​ကဲ့​သို့ လောင်​သော​နေ့​ရက်​ကာ​လ​သည် ရောက်​လိမ့်​မည်။ မာ​န​ကြီး​သော​သူ​နှင့် ဒု​စ​ရိုက်​ကို​ပြု​သော​သူ အ​ပေါင်း​တို့​သည် အ​မှိုက်​ခြောက် ဖြစ်​ကြ​လိမ့်​မည်။ သူ​တို့​အ​ရင်း​အ​ဖျား​မျှ မ​ကျန်​ကြွင်း​စေ​ခြင်း​ငှာ ထို​နေ့​ရက်​သည် လောင်​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ ငါ၏​နာ​မ​တော်​ကို ကြောက်​ရွံ့​သော​သင်​တို့၌​ကား၊ တ​ရား​တော်​နေ​မင်း​သည် အ​နာ​ပျောက်​စေ​သော အ​တောင်​တို့​နှင့် ပေါ်​ထွန်း​တော်​မူ​မည်။ သင်​တို့​သည် ထွက်​သွား၍ တင်း​ကုပ်၌ နွား​သ​ငယ်​ကဲ့​သို့ ခုန်​ကြ​လိမ့်​မည်။ မ​တ​ရား​သော​သူ​တို့​ကို​လည်း နင်း​ကြ​လိမ့်​မည်။ ထို​သို့ ငါ​စီ​ရင်​သော နေ့​ရက်၌ သူ​တို့​သည် သင်​တို့ ခြေ​ဖ​ဝါး​အောက်၌ မြေ​မှုန့်​ကဲ့​သို့ ဖြစ်​ကြ​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

မာလခိ 4:1-3 Common Language Bible (BCL)

အ​နန္တ​တန်​ခိုး​နှင့်​ထာ​ဝရ​ဘု​ရား​က``မာန် မာ​န​ထောင်​လွှား​သူ​နှင့်​ယုတ်​မာ​သူ​အ​ပေါင်း တို့​သည် ကောက်​ရိုး​သ​ဖွယ်​မီး​ကျွမ်း​လောင် ကြ​မည့်​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​လိမ့် မည်။ ထို​နေ့​ရက်​ကာ​လ​၌​သူ​တို့​သည်​မီး ကျွမ်း​လောင်​၍​သွား​ကာ အ​မြစ်​အ​ကိုင်း အ​စ​အ​န​မျှ​ပင်​ကျန်​ရှိ​ကြ​လိမ့်​မည် မ​ဟုတ်။- ငါ​၏​စ​ကား​တော်​ကို​ရို​သေ​သူ​သင်​တို့ အ​ဖို့​မှာ​မူ​ကား ငါ​၏​ကယ်​တင်​ခြင်း​တန် ခိုး​သည်​နေ​မင်း​သ​ဖွယ် သူ​တို့​အ​ပေါ်​၌ ထွန်း​လင်း​လျက်​နေ​ရောင်​ခြည်​သ​ဖွယ် သင် တို့​၏​အ​နာ​ရော​ဂါ​များ​ကို​ပျောက်​ကင်း စေ​လိမ့်​မည်။ သင်​တို့​သည်​တင်း​ကုပ်​မှ​လွှတ် ထုတ်​လိုက်​သည့်​နွား​ငယ်​များ​ကဲ့​သို့​လွတ် လပ်​ပျော်​ရွှင်​စွာ​ခုန်​ပေါက်​လျက်​နေ​လိမ့်​မည်။- ငါ​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ရက်​ကာ​လ ၌ သင်​တို့​သည်​သူ​ယုတ်​မာ​များ​ကို​အ​နိုင် ရ​ကြ​လိမ့်​မည်။ သူ​တို့​သည်​သင်​တို့​ခြေ ဖ​ဝါး​အောက်​မှ​မြေ​မှုန့်​သ​ဖွယ်​ဖြစ်​လိမ့်​မည်။''

မာလခိ 4:1-3 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

“ကြည့်ရှု​လော့​။ မီးဖို​မှ​မီးတောက်လောင်​သကဲ့သို့ မီးတောက်လောင်​သော​နေ့ရက်​ရောက်လာ​၍ မာနထောင်လွှား​သော​သူ​အပေါင်း​တို့​နှင့် ဆိုးယုတ်​သော​သူ​အပေါင်း​တို့​သည် ရိုးပြတ်​ကဲ့သို့ လောင်ကျွမ်း​ခြင်း​ခံရ​မည်​။ ရောက်လာ​မည့်​ထို​နေ့ရက်​သည် သူ​တို့​ကို အကိုင်းအခက်​မှစ၍ အမြစ်​ပါ​မ​ကျန် လောင်ကျွမ်း​လိမ့်မည်”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။ “ငါ​၏​နာမ​တော်​ကို ကြောက်ရွံ့ရိုသေ​သော သင်​တို့​အဖို့ ဖြောင့်မတ်​ခြင်း​နေမင်း​သည် ကုသ​ခြင်း​တောင်ပံ​နှင့်တကွ ပေါ်ထွန်း​လာ​လိမ့်မည်​။ သင်​တို့​သည်​လည်း တင်းကုပ်​မှ နွားသငယ်​ကဲ့သို့ ခုန်ပေါက်​လျက် ထွက်လာ​မည်​။ သင်​တို့​သည် ဆိုးယုတ်​သော​သူ​တို့​ကို နင်းချေ​လိမ့်မည်​။ အကြောင်းမူကား ငါ​စီရင်​ရာ​နေ့ရက်​၌ သူ​တို့​သည် သင်​တို့​၏​ခြေဖဝါး​အောက်​သို့​ရောက်​သော ပြာမှုန့်​ဖြစ်​လိမ့်မည်”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။