YouVersion လိုဂို
ရှာရန် အိုင်ကွန်

မာလခိ 2:14-16

မာလခိ 2:14-16 Judson Bible (JBMLE)

အ​ဘယ်​ကြောင့်​နည်း​ဟု သင်​တို့​မေး​လျှင်၊ သင့်​အ​သက်​ပျို​စဉ်​အ​ခါ လက်​ထပ်၍ နောက်​တစ်​ဖန် သ​စ္စာ​မ​စောင့်၊ ပြစ်​မှား​သော မ​ယား​တစ်​ဖက်​နှင့် သင့်​တစ်​ဖက်၌ ထာ​ဝ​ရ​ဘု​ရား​သည် သက်​သေ​ဖြစ်​တော်​မူ၏။ ထို​မ​ယား​သည် သင်၏​အ​ဆွေ​ခင်​ပွန်း၊ သင်​ဖွဲ့​သော ပ​ဋိ​ညာဉ်​နှင့် ဆိုင်​သော​မ​ယား​ဖြစ်​သ​တည်း။ တစ်​ဦး​တည်း​ကို​သာ ဖန်​ဆင်း​တော်​မူ​ပြီ​မ​ဟုတ်​လော။ သို့​သော်​လည်း၊ ကိုယ်​တော်၌ ဝိ​ညာဉ်​တော် အ​ကျန်​အ​ကြွင်း​ရှိ၏။ အ​ဘယ်​ကြောင့် တစ်​ဦး​တည်း​ကို​သာ ဖန်​ဆင်း​တော်​မူ​သ​နည်း​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​နှင့် ထိုက်​တန်​သော​အ​မျိုး​ကို​ရှာ၍ ထို​သို့ ဖန်​ဆင်း​တော်​မူ၏။ သို့​ဖြစ်၍၊ ကိုယ်​စိတ်​သ​ဘော​ကို ချုပ်​တည်း​ကြ​လော့။ အ​သက်​ပျို​စဉ်​အ​ခါ လက်​ထပ်​သော​မ​ယား​ကို သ​စ္စာ​ဖျက်၍ မ​ပြစ်​မှား​ကြ​နှင့်။ မ​ယား​ကို​စွန့်​ခြင်း​အ​မှု၊ မိ​မိ​ခင်​ပွန်း၌ ပြစ်​မှား​သော​အ​ပြစ်​ကို ဖုံး​အုပ်​ခြင်း​အ​မှု​ကို ငါ​မုန်း​သည်​ဟု၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ ထို​ကြောင့်၊ ကိုယ်​စိတ်​သ​ဘော​ကို ချုပ်​တည်း​ကြ​လော့။ သ​စ္စာ​ကို မ​ဖျက်​ကြ​နှင့်။

မာလခိ 2:14-16 Common Language Bible (BCL)

ထို​နောက်​သင်​တို့​က​အ​ဘယ်​ကြောင့်​ဤ​သို့ ကိုယ်​တော်​လက်​မ​ခံ​တော့​ဘဲ​နေ​တော်​မူ​ပါ သ​နည်း​ဟု​မေး​ကြ​၏။ ကိုယ်​တော်​လက်​မ​ခံ တော့​သည့်​အ​ကြောင်း​မှာ​သင်​တို့​သည်​ငယ်​စဉ် အ​ခါ​က လက်​ထပ်​ထိမ်း​မြား​ခဲ့​သူ​ဇ​နီး အား​ပေး​အပ်​ခဲ့​သည့်​က​တိ​သစ္စာ​ကို​ချိုး ဖောက်​လိုက်​ကြ​ကြောင်း​ကိုယ်​တော်​သိ​မြင် တော်​မူ​သော​ကြောင့်​ဖြစ်​ပေ​သည်။ ထို​ဇ​နီး သည်​သင်​၏​အ​ဆွေ​ခင်​ပွန်း​ဖြစ်​ပါ​၏။ သင် သည်​သူ​၏​အ​ပေါ်​တွင်​သစ္စာ​စောင့်​ပါ​မည် ဟု​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌​က​တိ ပြု​ခဲ့​ပါ​သော်​လည်း​ထို​က​တိ​သစ္စာ​ကို ချိုး​ဖောက်​ခဲ့​လေ​ပြီ။- ဘု​ရား​သ​ခင်​သည်​သင်​တို့​နှစ်​ဦး​အား​တစ် ကိုယ်​တည်း​တစ်​စိတ်​တည်း​ဖြစ်​စေ​တော်​မူ​သည် မ​ဟုတ်​ပါ​လော။ ယင်း​သို့​ဖြစ်​စေ​တော်​မူ​ရာ ၌​အ​ဘယ်​ရည်​ရွယ်​ချက်​ဖြစ်​ပါ​သ​နည်း။ သင် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​စု​အ​စစ်​အ​မှန် များ​ကို​မွေး​ထုတ်​ပေး​ရန်​ဖြစ်​ပေ​သည်။ သို့​ဖြစ် ၍​သင်​တို့​တွင်​အ​ဘယ်​သူ​မျှ​မိ​မိ​၏​ဇ​နီး နှင့်​ပြု​ထား​သည့် က​တိ​သစ္စာ​ကို​မ​ချိုး​မ ဖောက်​မိ​စေ​ရန်​အ​ထူး​သ​တိ​ပြု​ရ​ပေ​မည်။- ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​လင်​မ​ယား​ကွာ ရှင်း​မှု​ကို​မုန်း​၏။ ဇ​နီး​ဖြစ်​သူ​ကို​သင်​တို့​ဤ သို့​ရက်​စက်​စွာ​ပြု​ကျင့်​မှု​ကို​ငါ​မုန်း​၏။ သင် တို့​၏​ဇ​နီး​များ​အား​သစ္စာ​စောင့်​ရန်​ပေး​အပ် ခဲ့​သည့်​က​တိ​ကို​မ​ချိုး​မ​ဖောက်​မိ​စေ​ရန် အ​ထူး​သ​တိ​ပြု​ကြ​လော့'' ဟု​မိန့်​တော်​မူ ပါ​၏။

မာလခိ 2:14-16 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့သော် သင်​တို့​က “အဘယ်ကြောင့်​နည်း”​ဟု မေး​လျှင် အကယ်စင်စစ် သင်​နှင့် သင်​ငယ်​စဉ်က ပေါင်းဖော်​ခဲ့​သော​သင့်​မယား​ကြား​တွင် ထာဝရဘုရား​သည် သက်သေ​ဖြစ်​တော်မူ​၏​။ သင်​သည် သင့်​ဘဝဖော်​၊ သင်​နှင့်​ကတိသစ္စာ​ပြု​ထား​သော​မယား​ကို သစ္စာဖောက်​သောကြောင့်​ဖြစ်​၏​။ သူ​တို့​၌ ဝိညာဉ်​တော်​တစ်စိတ်တစ်ပိုင်း​ပါ​လျက် တစ်သားတစ်ကိုယ်တည်း ဖြစ်စေ​တော်မူ​သည် မ​ဟုတ်​လော​။ ဘုရားသခင်​ကို ရိုသေကိုင်းရှိုင်း​သော​အမျိုးအနွယ်​ကို အလိုရှိ​သည်​ဖြစ်၍ တစ်သားတစ်ကိုယ်တည်း ဖြစ်စေ​တော်မူ​သည် မ​ဟုတ်​လော​။ ထို့ကြောင့် ကိုယ့်​စိတ်​ကို ထိန်း​၍ ငယ်စဉ်​က ပေါင်းဖော်​ခဲ့​သော​မယား​ကို သစ္စာ​မ​ဖောက်​နှင့်​။ “မိမိ​မယား​နှင့်​ကွာရှင်း​သော​သူ​၊ ရက်စက်ကြမ်းကြုတ်မှု​ကို ဝတ်လုံ​နှင့်​ဖုံးကွယ်​သော​သူ​အား အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား မုန်း​တော်မူ​၏​။ သို့ဖြစ်၍ ကိုယ့်​စိတ်​ကို ထိန်း​၍ သစ္စာ​မ​ဖောက်​ကြ​နှင့်​”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။