YouVersion လိုဂို
ရှာရန် အိုင်ကွန်

မာလခိ 2:1-17

မာလခိ 2:1-17 Judson Bible (JBMLE)

အို ယဇ်​ပု​ရော​ဟိတ်​တို့၊ ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား မိန့်​တော်​မူ​သော ပ​ညတ်​စ​ကား​ဟူ​မူ​ကား၊ ငါ၏​နာ​မ​တော်​ကို ချီး​မွမ်း​လို​သော​ငှာ သင်​တို့​သည် နား​မ​ထောင်၊ နှ​လုံး​မ​သွင်း​ဘဲ​နေ​လျှင်၊ ကျိန်​ခြင်း​ဘေး​ကို သင်​တို့​အ​ပေါ်​သို့ ငါ​လွှတ်​လိုက်​မည်။ သင်​တို့၏​မင်္ဂ​လာ​ကို အ​မင်္ဂ​လာ​ဖြစ်​စေ​မည်။ ထို​မျှ​မ​က၊ နှ​လုံး​မ​သွင်း​ဘဲ​နေ​သော​ကြောင့် ယ​ခု​ပင် အ​မင်္ဂ​လာ​ဖြစ်​စေ​ပြီ။ သင်​တို့​မျိုး​စေ့​ကို ငါ​ဖျက်​မည်။ တိ​ရ​စ္ဆာန်​ချေး​တည်း​ဟူ​သော သင်​တို့​ဓ​မ္မ​ပွဲ၏​တိ​ရ​စ္ဆာန်​ချေး​ကို သင်​တို့ မျက်​နှာ​ပေါ်၌ ငါ​ကြဲ​မည်။ သူ​တစ်​ပါး​တို့​သည် သင်​တို့​ကို ထို​တိ​ရ​စ္ဆာန်​ချေး​နှင့်​အ​တူ ယူ​သွား​ကြ​လိမ့်​မည်။ ငါ၏​ပ​ဋိ​ညာဉ်​ကို လေ​ဝိ​အ​မျိုး၌​တည်​စေ​ခြင်း​ငှာ၊ ဤ​ပ​ညတ်​စ​ကား​ကို သင်​တို့​ဆီ​သို့ ငါ​ပေး​လိုက်​ကြောင်း​ကို သင်​တို့ သိ​ရ​ကြ​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ ငါ​ဖွဲ့​သော​အ​သက်​ပ​ဋိ​ညာဉ်၊ ငြိမ်​ဝပ်​ခြင်း​ပ​ဋိ​ညာဉ်​သည် ထို​အ​မျိုး၌ ရှိ၏။ ငါ့​ကို​ကြောက်​ရွံ့၍ ငါ၏​နာ​မ​တော်​ရှေ့၌ ထိတ်​လန့်​သော​ကြောင့် ငါ​ဖွဲ့၍​ပေး၏။ ထို​အ​မျိုး​သည် သ​စ္စာ​တ​ရား​စ​ကား​ကို ပြော​တတ်၏။ သူ့​နှုတ်၌ အ​ပြစ်​ကို ရှာ၍​မ​တွေ့။ ငြိမ်​ဝပ်​ခြင်း​တ​ရား၊ ဖြောင့်​မတ်​ခြင်း​တ​ရား အ​တိုင်း ငါ​နှင့်​အ​တူ​သွား​လာ၍၊ များ​စွာ​သော သူ​တို့​ကို ဒု​စ​ရိုက်​အ​ပြစ်​မှ​လွှဲ​ရှောင်​စေ​တတ်၏။ ယဇ်​ပု​ရော​ဟိတ်၏​နှုတ်​ခမ်း​သည် ပ​ညာ​ကို​စောင့်​ရ​မည်။ သူ၏​နှုတ်၌ လူ​တို့​သည် တ​ရား​တော်​ကို​ရှာ​ရ​ကြ​မည်။ အ​ကြောင်း​မူ​ကား၊ သူ​သည် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ်​တော်​မူ​သော တ​မန်​ဖြစ်၏။ သင်​တို့​မူ​ကား၊ လမ်း​လွှဲ​ကြ​ပြီ။ လူ​များ​တို့​သည် တ​ရား​တော်​ကို​ထိ​မိ၍ လဲ​စေ​ခြင်း​ငှာ ပြု​ကြ​ပြီ။ လေ​ဝိ​အ​မျိုး​နှင့်​ဖွဲ့​သော ပ​ဋိ​ညာဉ်​ကို ဖျက်​ကြ​ပြီ​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ သို့​ဖြစ်၍၊ သင်​တို့​သည် ငါ့​လမ်း​တို့​ကို မ​လိုက်၊ တ​ရား​အ​မှု​တွင် လူ​မျက်​နှာ​ကို​ထောက်​သော​ကြောင့်၊ လူ​ခပ်​သိမ်း​တို့​သည် သင်​တို့​ကို မ​ထီ​မဲ့​မြင်​ပြု၍ ရှုတ်​ချ​စေ​ခြင်း​ငှာ ငါ​စီ​ရင်​မည်။ ခပ်​သိမ်း​သော​ငါ​တို့၌ တစ်​ပါး​တည်း​သော​အ​ဘ ရှိ​သည်​မ​ဟုတ်​လော။ တစ်​ပါး​တည်း​သော ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ဖန်​ဆင်း​တော်​မူ​သည် မ​ဟုတ်​လော။ ဘိုး​ဘေး​တို့​နှင့် ဖွဲ့​တော်​မူ​သော ပ​ဋိ​ညာဉ်​ကို​ရှုတ်​ချ၍၊ ငါ​တို့​သည် အ​ဘယ်​ကြောင့် တစ်​ယောက်​ကို​တစ်​ယောက် သ​စ္စာ​ဖျက်​ကြ​သ​နည်း။ ယု​ဒ​အ​မျိုး​သည် သ​စ္စာ​ပျက်၏။ ဣ​သ​ရေ​လ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် ရွံ့​ရှာ​ဖွယ်​သော​အ​မှု​ကို ပြု​ကြ၏။ ယု​ဒ​အ​မျိုး​သည် ထာ​ဝ​ရ​ဘု​ရား​ချစ်​တော်​မူ​သော သန့်​ရှင်း​ခြင်း​တ​ရား​တော်​ကို ရှုတ်​ချ၍၊ တစ်​ပါး​အ​မျိုး​ဘု​ရား၏​သ​မီး​နှင့် လက်​ထပ်​ပါ​သည်​တ​ကား။ ထို​သို့​ပြု​သော ဆ​ရာ​နှင့် တ​ပည့်​ကို​လည်း​ကောင်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပူ​ဇော်​သ​ကာ​ကို ဆောင်​ခဲ့​သော​သူ​ကို​လည်း​ကောင်း၊ ယာ​ကုပ်​တဲ​တို့​မှ ပယ်​ဖြတ်​တော်​မူ​မည်။ တစ်​ဖန် သင်​တို့​ပြု​သော အ​မှု​ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​ယဇ်​ပ​လ္လင်​ကို မျက်​ရည်​ကျ​ခြင်း၊ ငို​ကြွေး​မြည်​တမ်း​ခြင်း​နှင့် ဖုံး​အုပ်​ကြ​ပြီ။ ထို​ကြောင့်၊ ပူ​ဇော်​သ​ကာ​ကို​မှတ်​တော်​မ​မူ။ သင်​တို့​လက်​မှ နှစ်​သက်​သော​စိတ်​နှင့် ခံ​တော်​မ​မူ။ အ​ဘယ်​ကြောင့်​နည်း​ဟု သင်​တို့​မေး​လျှင်၊ သင့်​အ​သက်​ပျို​စဉ်​အ​ခါ လက်​ထပ်၍ နောက်​တစ်​ဖန် သ​စ္စာ​မ​စောင့်၊ ပြစ်​မှား​သော မ​ယား​တစ်​ဖက်​နှင့် သင့်​တစ်​ဖက်၌ ထာ​ဝ​ရ​ဘု​ရား​သည် သက်​သေ​ဖြစ်​တော်​မူ၏။ ထို​မ​ယား​သည် သင်၏​အ​ဆွေ​ခင်​ပွန်း၊ သင်​ဖွဲ့​သော ပ​ဋိ​ညာဉ်​နှင့် ဆိုင်​သော​မ​ယား​ဖြစ်​သ​တည်း။ တစ်​ဦး​တည်း​ကို​သာ ဖန်​ဆင်း​တော်​မူ​ပြီ​မ​ဟုတ်​လော။ သို့​သော်​လည်း၊ ကိုယ်​တော်၌ ဝိ​ညာဉ်​တော် အ​ကျန်​အ​ကြွင်း​ရှိ၏။ အ​ဘယ်​ကြောင့် တစ်​ဦး​တည်း​ကို​သာ ဖန်​ဆင်း​တော်​မူ​သ​နည်း​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​နှင့် ထိုက်​တန်​သော​အ​မျိုး​ကို​ရှာ၍ ထို​သို့ ဖန်​ဆင်း​တော်​မူ၏။ သို့​ဖြစ်၍၊ ကိုယ်​စိတ်​သ​ဘော​ကို ချုပ်​တည်း​ကြ​လော့။ အ​သက်​ပျို​စဉ်​အ​ခါ လက်​ထပ်​သော​မ​ယား​ကို သ​စ္စာ​ဖျက်၍ မ​ပြစ်​မှား​ကြ​နှင့်။ မ​ယား​ကို​စွန့်​ခြင်း​အ​မှု၊ မိ​မိ​ခင်​ပွန်း၌ ပြစ်​မှား​သော​အ​ပြစ်​ကို ဖုံး​အုပ်​ခြင်း​အ​မှု​ကို ငါ​မုန်း​သည်​ဟု၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ ထို​ကြောင့်၊ ကိုယ်​စိတ်​သ​ဘော​ကို ချုပ်​တည်း​ကြ​လော့။ သ​စ္စာ​ကို မ​ဖျက်​ကြ​နှင့်။ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​နား​တော်​ငြီး​သည်​တိုင်​အောင် စ​ကား​များ​ကြ၏။ နား​တော်​ငြီး​သည်​တိုင်​အောင် အ​ဘယ်​သို့ ပြု​မိ​သ​နည်း​ဟု မေး​သော်၊ ဒု​စ​ရိုက်​ကို​ပြု​သော​သူ​တိုင်း ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကောင်း၏။ ထို​သို့​သော​သူ​တို့​ကို နှစ်​သက်​တော်​မူ၏ ဟူ၍​လည်း​ကောင်း၊ စစ်​ကြော​စီ​ရင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကား၊ အ​ဘယ်​မှာ​ရှိ​သ​နည်း ဟူ၍​လည်း​ကောင်း ဆို​တတ်​ကြ​သည်​တ​ကား။

မာလခိ 2:1-17 Common Language Bible (BCL)

အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က ယဇ် ပု​ရော​ဟိတ်​တို့​အား``ဤ​ပ​ညတ်​သည်​သင်​တို့ အ​တွက်​ဖြစ်​၏။ သင်​တို့​သည်​အ​ကျင့်​အ​ကြံ အ​ပြု​အ​မူ​အား​ဖြင့် ငါ​၏​ဂုဏ်​တော်​ကို​ချီး ကူး​ရ​ကြ​မည်။ အ​ကယ်​၍​ငါ့​စ​ကား​ကို သင်​တို့​နား​မ​ထောင်​ပါ​မူ ငါ​သည်​သင်​တို့ အား​ကျိန်​စာ​သင့်​စေ​မည်။ သင်​တို့​မှီ​ခို အား​ထား​ရာ​များ​ကို​လည်း​ကျိန်​စာ​သင့် စေ​မည်။ အ​မှန်​စင်​စစ်​ထို​အ​ရာ​တို့​သည် ယ​ခု​ပင်​ကျိန်​စာ​သင့်​ကြ​လေ​ပြီ။ အ​ဘယ် ကြောင့်​ဆို​သော်​သင်​တို့​သည်​ငါ​၏​ပ​ညတ် ကို​လေး​လေး​စား​စား​မ​ခံ​မ​ယူ​ကြ​သည့် အ​တွက်​ဖြစ်​၏။- ငါ​သည်​သင်​တို့​၏​သား​မြေး​များ​အား အ​ပြစ်​ဒဏ်​ခတ်​မည်။ သင်​တို့​၏​မျက်​နှာ​ကို သင်​တို့​ပူ​ဇော်​သည့်​တိ​ရစ္ဆာန်​ချေး​ဖြင့်​သုတ် လိမ်း​၍ သင်​တို့​အား​ထို​ယဇ်​ကောင်​များ​နှင့် အ​တူ​ပစ်​ထုတ်​လိုက်​မည်။- ထို​အ​ခါ​ငါ​သည်​လေ​ဝိ​အ​နွယ်​ဝင်​တို့​နှင့် ပြု​ခဲ့​သည့်​ပ​ဋိ​ညာဉ်​တော်​ကို​တည်​မြဲ​စေ လို​သ​ဖြင့် ဤ​ပ​ညတ်​ကို​သင်​တို့​အား​ပေး တော်​မူ​ခြင်း​ဖြစ်​ကြောင်း​သင်​တို့​သိ​ရှိ​ကြ လိမ့်​မည်။'' ငါ​၏​ပ​ဋိ​ညာဉ်​တော်​တွင်​သူ​တို့​အား အ​သက်​ရှင်​မှု​နှင့် ချမ်း​မြေ့​သာ​ယာ​မှု​ကို က​တိ​ထား​ခဲ့​သည်​ဖြစ်​၍ ငါ​သည်​မိ​မိ အား​သူ​တို့​ရို​သေ​လေး​စား​စိမ့်​သော​ငှာ ထို​အ​ရာ​များ​ကို​ပေး​အပ်​ခဲ့​ပေ​သည်။ ထို နေ့​ရက်​ကာ​လ​များ​က​သူ​တို့​သည်​အ​ကယ် ပင်​ငါ့​အား​ကြောက်​ရွံ့​ရို​သေ​ရ​ကြ​၏။- သူ​တို့​သည်​အ​မှန်​တ​ရား​ကို​ဟော​ပြော သွန်​သင်​ကြ​၏။ အ​မှား​ကို​မ​သွန်​သင်​ကြ။ သူ​တို့​သည်​ငါ​နှင့်​သ​ဟ​ဇာ​တ​ဖြစ်​အောင် နေ​ထိုင်​ကြ​လျက် မိ​မိ​တို့​ကိုယ်​တိုင်​သာ လျှင်​မှန်​ရာ​ကို​ပြု​ကျင့်​ကြ​သည်​မ​ဟုတ်။ သူ​တစ်​ပါး​တို့​အား​လည်း​မ​ကောင်း​မှု​ကို ရှောင်​ကြဉ်​ရန်​အ​ထောက်​အ​ကူ​ပေး​ကြ ပေ​သည်။- ဘု​ရား​သ​ခင်​အ​ကြောင်း​တော်​ကို​မှန်​ကန် စွာ​သိ​ရှိ​နား​လည်​နိုင်​ရန်​ဟော​ပြော​သွန် သင်​မှု​မှာ ယဇ်​ပု​ရော​ဟိတ်​များ​၏​တာ​ဝန် ဖြစ်​ပေ​သည်။ သူ​တို့​သည်​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​၏ တ​မန်​တော်​များ​ဖြစ် သ​ဖြင့် လူ​တို့​သည်​ငါ​၏​အ​လို​တော်​ကို သိ​ရှိ​နိုင်​ရန်​သူ​တို့​ထံ​သို့​သွား​ရ​ကြ​၏။ ``သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​အ​သင်​ပု​ရော​ဟိတ် တို့​သည်​လမ်း​မှန်​မှ​လွဲ​ဖယ်​၍​သွား​ကြ​လေ​ပြီ။ သင်​တို့​၏​ဟော​ပြော​သွန်​သင်​မှု​ကြောင့်​လူ​အ​များ ပင်​အ​မှား​ကို​ပြု​ကျင့်​လျက်​နေ​လေ​ပြီ။ သင်​တို့ သည်​ငါ​နှင့်​ချုပ်​ဆို​ထား​သည့်​ပ​ဋိ​ညာဉ်​တော် ကို​ချိုး​ဖောက်​ကြ​လေ​ပြီ။- သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော်​အား​ပ​ညတ် တော်​များ​ကို သွန်​သင်​ရာ​၌​မျက်​နှာ​ကြီး​ငယ် လိုက်​ကြ​သ​ဖြင့် ငါ​သည်​လည်း​သင်​တို့​အား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​စက်​ဆုတ်​ရွံ​ရှာ အောင်​ပြု​မည်။ ငါ​တို့​အား​လုံး​၌​ဖ​ခင်​တစ်​ဦး​တည်​ရှိ​သည် မ​ဟုတ်​ပါ​လော။ ဤ​ဘု​ရား​သ​ခင်​တစ်​ပါး​တည်း ပင်​လျှင် ငါ​တို့​အား​ဖန်​ဆင်း​တော်​မူ​သည်​မ ဟုတ်​ပါ​လော။ သို့​ဖြစ်​ပါ​မူ​ငါ​တို့​သည်​အ​ဘယ် ကြောင့် မိ​မိ​တို့​အ​ချင်း​ချင်း​ထား​ရှိ​သည့်​သစ္စာ က​တိ​ကို​ဖျက်​ကြ​ပါ​သ​နည်း။ အ​ဘယ်​ကြောင့် ငါ​တို့​ဘိုး​ဘေး​များ​နှင့်​ဘု​ရား​သ​ခင်​ပြု တော်​မူ​ခဲ့​သည့်​ပ​ဋိ​ညာဉ်​တော်​ကို​မ​ထီ​မဲ့ မြင်​ပြု​ကြ​ပါ​သ​နည်း။- ယု​ဒ​ပြည်​သူ​တို့​သည်​ဘု​ရား​သ​ခင်​နှင့် မိ​မိ​တို့​ထား​ရှိ​သည့်​သစ္စာ​က​တိ​ကို​ဖျက် လျက် ယေ​ရု​ရှ​လင်​မြို့​နှင့်​ယု​ဒ​ပြည်​တစ် ခု​လုံး​၌​စက်​ဆုတ်​ဖွယ်​ကောင်း​သည့်​အ​မှု ကို​ပြု​ကြ​လေ​ပြီ။ သူ​တို့​သည်​ထာ​ဝ​ရ ဘု​ရား​မြတ်​နိုး​တော်​မူ​သည့်​ဗိ​မာန်​တော် ကို​ညစ်​ညမ်း​စေ​ကြ​လေ​ပြီ။ အ​မျိုး​သား တို့​သည်​လည်း​လူ​မျိုး​ခြား​ဘု​ရား​များ ကို​ကိုး​ကွယ်​သူ​အ​မျိုး​သ​မီး​များ​နှင့် စုံ​ဖက်​ကြ​လေ​ပြီ။- ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​သို့​ပြု​ကျင့်​သူ​မှန် သ​မျှ​အား​သုတ်​သင်​ဖျက်​ဆီး​တော်​မူ​ပါ​စေ သော။ သူ​တို့​အား​အ​ဘယ်​အ​ခါ​၌​မျှ​ငါ​တို့ ၏​အ​မျိုး​သား​ဖြစ်​ပိုင်​ခွင့်​ကို​လည်း​ကောင်း၊ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော် သ​ကာ​များ​ဆက်​သ​သည့်​လူ​မျိုး​တော်​ဖြစ် ပိုင်​ခွင့်​ကို​လည်​ကောင်း​မ​ပေး​ဘဲ​နေ​တော်​မူ ပါ​စေ​သော။ သင်​တို့​ပြု​သော​အ​ခြား​အ​မှု​တစ်​ခု​ရှိ သေး​၏။ သင်​တို့​သည်​မိ​မိ​တို့​ယူ​ဆောင်​လာ သည့်​ပူ​ဇော်​သကာ​များ​ကို​ထာ​ဝ​ရ​ဘု​ရား လက်​ခံ​တော်​မ​မူ​သ​ဖြင့်​ငို​ကြွေး​မြည် တမ်း​လျက်​ကိုယ်​တော်​၏​ယဇ်​ပလ္လင်​တော်​ကို မျက်​ရည်​တွင်​နစ်​မြုပ်​စေ​ကြ​၏။- ထို​နောက်​သင်​တို့​က​အ​ဘယ်​ကြောင့်​ဤ​သို့ ကိုယ်​တော်​လက်​မ​ခံ​တော့​ဘဲ​နေ​တော်​မူ​ပါ သ​နည်း​ဟု​မေး​ကြ​၏။ ကိုယ်​တော်​လက်​မ​ခံ တော့​သည့်​အ​ကြောင်း​မှာ​သင်​တို့​သည်​ငယ်​စဉ် အ​ခါ​က လက်​ထပ်​ထိမ်း​မြား​ခဲ့​သူ​ဇ​နီး အား​ပေး​အပ်​ခဲ့​သည့်​က​တိ​သစ္စာ​ကို​ချိုး ဖောက်​လိုက်​ကြ​ကြောင်း​ကိုယ်​တော်​သိ​မြင် တော်​မူ​သော​ကြောင့်​ဖြစ်​ပေ​သည်။ ထို​ဇ​နီး သည်​သင်​၏​အ​ဆွေ​ခင်​ပွန်း​ဖြစ်​ပါ​၏။ သင် သည်​သူ​၏​အ​ပေါ်​တွင်​သစ္စာ​စောင့်​ပါ​မည် ဟု​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌​က​တိ ပြု​ခဲ့​ပါ​သော်​လည်း​ထို​က​တိ​သစ္စာ​ကို ချိုး​ဖောက်​ခဲ့​လေ​ပြီ။- ဘု​ရား​သ​ခင်​သည်​သင်​တို့​နှစ်​ဦး​အား​တစ် ကိုယ်​တည်း​တစ်​စိတ်​တည်း​ဖြစ်​စေ​တော်​မူ​သည် မ​ဟုတ်​ပါ​လော။ ယင်း​သို့​ဖြစ်​စေ​တော်​မူ​ရာ ၌​အ​ဘယ်​ရည်​ရွယ်​ချက်​ဖြစ်​ပါ​သ​နည်း။ သင် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​စု​အ​စစ်​အ​မှန် များ​ကို​မွေး​ထုတ်​ပေး​ရန်​ဖြစ်​ပေ​သည်။ သို့​ဖြစ် ၍​သင်​တို့​တွင်​အ​ဘယ်​သူ​မျှ​မိ​မိ​၏​ဇ​နီး နှင့်​ပြု​ထား​သည့် က​တိ​သစ္စာ​ကို​မ​ချိုး​မ ဖောက်​မိ​စေ​ရန်​အ​ထူး​သ​တိ​ပြု​ရ​ပေ​မည်။- ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​လင်​မ​ယား​ကွာ ရှင်း​မှု​ကို​မုန်း​၏။ ဇ​နီး​ဖြစ်​သူ​ကို​သင်​တို့​ဤ သို့​ရက်​စက်​စွာ​ပြု​ကျင့်​မှု​ကို​ငါ​မုန်း​၏။ သင် တို့​၏​ဇ​နီး​များ​အား​သစ္စာ​စောင့်​ရန်​ပေး​အပ် ခဲ့​သည့်​က​တိ​ကို​မ​ချိုး​မ​ဖောက်​မိ​စေ​ရန် အ​ထူး​သ​တိ​ပြု​ကြ​လော့'' ဟု​မိန့်​တော်​မူ ပါ​၏။ သင်​တို့​သည်​စ​ကား​များ​လွန်း​သ​ဖြင့်​ထာ​ဝ​ရ ဘု​ရား​နား​ငြီး​တော်​မူ​လေ​ပြီ။ သို့​ရာ​တွင်​သင် တို့​က``ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင် နား​ငြီး​စေ​ရန်​အ​ဘယ်​သို့​ပြု​မိ​ကြ​ပါ သ​နည်း'' ဟု​ဆို​ကြ​၏။ ``ထာ​ဝ​ရ​ဘုရား​သည် ဒု​စ​ရိုက်​သ​မား​မှန်​သ​မျှ​ကို​လူ​ကောင်း​သူ ကောင်း​ဟု​ထင်​မှတ်​တော်​မူ​၏'' ဟူ​၍​ပြော ဆို​ခြင်း​အား​ဖြင့်​သော်​လည်း​ကောင်း``တ​ရား မျှ​တ​သည်​ဟု​ထင်​မြင်​ယူ​ဆ​မှု​ကို​ခံ​ရ သော​ဘု​ရား​သ​ခင်​သည်​အ​ဘယ်​မှာ​ရှိ သ​နည်း'' ဟု​ပြော​ဆို​ခြင်း​အား​ဖြင့်​သော် လည်း​ကောင်း​သင်​တို့​သည်​ကိုယ်​တော်​အား နား​ငြီး​စေ​ကြ​၏။

မာလခိ 2:1-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

“အို ယဇ်ပုရောဟိတ်​တို့​၊ ယခုမှာ ဤ​ပညတ်ချက်​သည် သင်​တို့​အဖို့ ဖြစ်​၏​။ သင်​တို့​သည် ငါ့​စကား​ကို နား​မ​ထောင်​၊ ငါ့​နာမ​ကို မ​ချီးမွမ်း​၊ နှလုံး​မ​သွင်း​ဘဲ​နေ​လျှင် သင်​တို့​အပေါ်​သို့ ကျိန်​ခြင်း​ကို ငါ​သက်ရောက်​စေ​မည်​။ သင်​တို့​၏​ကောင်းချီးမင်္ဂလာ​ကို အမင်္ဂလာ ဖြစ်စေ​မည်​။ အကယ်စင်စစ် သင်​တို့​နှလုံး​မ​သွင်း​သောကြောင့် သင်​တို့​ကို ငါ​ကျိန်ဆဲ​ပြီ​”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင် ထာဝရဘုရား မိန့်​တော်မူ​၏​။ “​သင့်​သားစဉ်မြေးဆက်​တို့​ကို​လည်း ငါ​ဆုံးမ​မည်​။ သင်​တို့​၏​မျက်နှာ​ကို မစင်​နှင့် ပက်​မည်​။ ယဇ်ပူဇော်ပွဲ​မှ​တိရစ္ဆာန်​တို့​၏​မစင်​နှင့် ပက်​မည်​။ သင်​တို့​သည် ထို​မစင်​နှင့်အတူ လွှင့်ပစ်​ခြင်း​ကို ခံရ​မည်​။ ထိုအခါ လေဝိ​အမျိုး​နှင့်​ဖွဲ့​ခဲ့​သော​ပဋိညာဉ် တည်​စေရန် ဤ​ပညတ်ချက်​တို့​ကို သင်​တို့​အား ငါ​ပေး​ခဲ့​ကြောင်း​ကို သင်​တို့ သိ​ရ​ကြ​လိမ့်မည်”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။ “လေဝိ​အမျိုး​နှင့် ငါ​ဖွဲ့​ခဲ့​သော​ပဋိညာဉ်​သည် အသက်ရှင်​ခြင်း​အကြောင်း​၊ ငြိမ်သက်​ခြင်း​အကြောင်း​ကို ဖြစ်​စေ​၏​။ ငါ့​ကို​ကြောက်ရွံ့ရိုသေ​မည့်​အကြောင်း ထို​ပဋိညာဉ်​ကို သူ့​အား ငါ​ပေး​ခဲ့​၏​။ သူ​သည်​လည်း ငါ့​ကို ကြောက်ရွံ့ရိုသေ​၍ ငါ့​နာမ​ကို ရိုသေခန့်ညား​၏​။ သူ့​နှုတ်​၌ မှန်ကန်​သော​သွန်သင်ချက် ရှိ​၏​။ သူ့​နှုတ်ခမ်း​၌ မတရားမှု မ​ရှိ​။ သူ​သည် ငါ​နှင့်အတူ သင့်မြတ်​တည်ကြည်​စွာ သွားလာ​နေထိုင်​ပြီး လူ​အများ​ကို ဒုစရိုက်​လမ်း​မှ ပြန်လှည့်​လာ​စေ​၏​။ အကယ်စင်စစ် ယဇ်ပုရောဟိတ်​၏​နှုတ်ခမ်း​သည် အသိပညာ​ကို ထိန်းသိမ်း​ထား​ရ​မည်​။ သူ​သည် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​စေတမန်​ဖြစ်​သောကြောင့် သူ​၏​နှုတ်​မှ သွန်သင်ချက်​ကို လူ​တို့ ရှာဖွေ​ဆည်းပူး​ရ​မည်​။ သို့သော် သင်​တို့ လမ်း​လွဲ​လေ​ပြီ​။ သင်​တို့​၏​သွန်သင်ချက်​များ​ဖြင့် လူ​အများ​ကို ခလုတ်တိုက်​လဲကျ​စေ​ပြီ​။ လေဝိ​အမျိုး​နှင့်​ဖွဲ့​ခဲ့​သော​ပဋိညာဉ်​ကို သင်​တို့ ချိုးဖောက်​လေ​ပြီ”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။ “သင်​တို့​သည် ငါ့​တရားလမ်း​ကို​မ​လိုက်​၊ မျက်နှာရ​ဖို့​သာ​သွန်သင်​တတ်​ကြ​သောကြောင့် ငါ​သည် သင်​တို့​ကို လူ​အပေါင်း​တို့​ရှေ့​တွင် မထီမဲ့မြင်ပြုစရာ​၊ ရှုတ်ချစရာ​ဖြစ်စေ​မည်​။” ငါ​တို့​အားလုံး​၌ ဖခင်​တစ်ဦးတည်း ရှိ​သည်​မ​ဟုတ်​လော​။ ငါ​တို့​ကို ဖန်ဆင်း​တော်မူ​သော​ဘုရားသခင် တစ်ပါးတည်း ရှိ​သည်​မ​ဟုတ်​လော​။ ငါ​တို့​သည် အဘယ်ကြောင့် ငါ​တို့​ဘိုးဘေး​တို့​နှင့်​ဖွဲ့​တော်မူ​သော​ပဋိညာဉ်​ကို ချိုးဖောက်​ပြီး တစ်ယောက်​ကို​တစ်ယောက်​သစ္စာဖောက်​ကြ​မည်နည်း​။ ယုဒ​အမျိုး​သည် သစ္စာမရှိ​။ အစ္စရေး​ပြည်​တွင်​လည်းကောင်း​၊ ဂျေရုဆလင်​မြို့​တွင်​လည်းကောင်း စက်ဆုပ်ရွံရှာဖွယ်​အမှု​ကို​ပြု​ကြ​လေ​ပြီ​။ အကယ်စင်စစ် ယုဒ​အမျိုး​သည် တိုင်းတစ်ပါး​ဘုရား​ကို​ကိုးကွယ်​သော​သမီးပျို​တို့​နှင့် စုံဖက်​ခြင်း​ဖြင့် ထာဝရဘုရား​မြတ်နိုး​တော်မူ​သော​သန့်ရှင်းစင်ကြယ်​ခြင်း​ကို ညစ်ညူး​စေ​လေ​ပြီ​။ ထိုသို့​ပြု​သော​သူ မည်သူမဆို ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ထံ​တော်​သို့ ပူဇော်သက္ကာ​ကို​ယူဆောင်​လာ​လျှင် ထာဝရဘုရား​သည် ထို​သူ​၏​မျိုးနွယ်​ကို ယာကုပ်​၏​တဲ​မှ နှင်ထုတ်​တော်မူ​ပါစေသော​။ သင်​တို့​ပြု​သော​အပြစ်​နောက်တစ်ခု​မှာ ထာဝရဘုရား​သည် သင်​တို့​ပေးလှူ​သော​ပူဇော်သက္ကာ​ကို လက်​မ​ခံ​၊ အရေး​မ​စိုက်​သောကြောင့် သင်​တို့​သည် ငိုကြွေး​မြည်တမ်း​လျက် ထာဝရဘုရား​၏​ယဇ်ပလ္လင်​ကို မျက်ရည်​ဖြင့် လွှမ်းမိုး​စေ​ကြ​၏​။ သို့သော် သင်​တို့​က “အဘယ်ကြောင့်​နည်း”​ဟု မေး​လျှင် အကယ်စင်စစ် သင်​နှင့် သင်​ငယ်​စဉ်က ပေါင်းဖော်​ခဲ့​သော​သင့်​မယား​ကြား​တွင် ထာဝရဘုရား​သည် သက်သေ​ဖြစ်​တော်မူ​၏​။ သင်​သည် သင့်​ဘဝဖော်​၊ သင်​နှင့်​ကတိသစ္စာ​ပြု​ထား​သော​မယား​ကို သစ္စာဖောက်​သောကြောင့်​ဖြစ်​၏​။ သူ​တို့​၌ ဝိညာဉ်​တော်​တစ်စိတ်တစ်ပိုင်း​ပါ​လျက် တစ်သားတစ်ကိုယ်တည်း ဖြစ်စေ​တော်မူ​သည် မ​ဟုတ်​လော​။ ဘုရားသခင်​ကို ရိုသေကိုင်းရှိုင်း​သော​အမျိုးအနွယ်​ကို အလိုရှိ​သည်​ဖြစ်၍ တစ်သားတစ်ကိုယ်တည်း ဖြစ်စေ​တော်မူ​သည် မ​ဟုတ်​လော​။ ထို့ကြောင့် ကိုယ့်​စိတ်​ကို ထိန်း​၍ ငယ်စဉ်​က ပေါင်းဖော်​ခဲ့​သော​မယား​ကို သစ္စာ​မ​ဖောက်​နှင့်​။ “မိမိ​မယား​နှင့်​ကွာရှင်း​သော​သူ​၊ ရက်စက်ကြမ်းကြုတ်မှု​ကို ဝတ်လုံ​နှင့်​ဖုံးကွယ်​သော​သူ​အား အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား မုန်း​တော်မူ​၏​။ သို့ဖြစ်၍ ကိုယ့်​စိတ်​ကို ထိန်း​၍ သစ္စာ​မ​ဖောက်​ကြ​နှင့်​”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။ သင်​တို့​သည် သင်​တို့​၏​စကား​များ​ဖြင့် ထာဝရဘုရား​ကို ပင်ပန်း​စေ​ကြ​၏​။ သို့သော် သင်​တို့​က “ကိုယ်တော်​ကို အကျွန်ုပ်​တို့ မည်သို့​ပင်ပန်း​စေ​သနည်း​”​ဟု မေး​တတ်​ကြ​၏​။ “​မကောင်းမှု​ကို​ပြု​သော​သူ​အားလုံး ထာဝရဘုရား​ရှေ့​တော်​၌ လူ​ကောင်း​ဖြစ်​၏​။ ကိုယ်တော်​သည် ထိုသို့သော​သူ​တို့​ကို နှစ်သက်​တော်မူ​၏​”​ဟု သင်​တို့​ဆို​ရုံ​သာမက “တရားမျှတ​သော​ဘုရားသခင် အဘယ်မှာ​ရှိ​သနည်း”​ဟု သင်​တို့​ဆို​တတ်​ကြ​ပြီ​တကား​။