YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 9:18-22

ရှင်လုကာ 9:18-22 Judson Bible (JBMLE)

တ​ရံ​ရော​အ​ခါ၊ ယေ​ရှု​သည် တ​ပည့်​တော်​တို့​နှင့်​တ​ကွ ဆိတ်​ကွယ်​ရာ​အ​ရပ်၌ ဆု​တောင်း​တော်​မူ​စဉ်၊ လူ​များ​တို့​သည် ငါ့​ကို​အ​ဘယ်​သူ​ဖြစ်​သည်​ကို ဆို​ကြ​သ​နည်း​ဟု မေး​မြန်း​တော်​မူ​လျှင်၊- လူ​အ​ချို့​က၊ ကိုယ်​တော်​သည် ဗ​တ္တိ​ဇံ​ဆ​ရာ ယော​ဟန်​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​က၊ ဧ​လိ​ယ​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​က၊ ရှေး​ပ​ရော​ဖက် တစ်​ပါး​ပါး​ထ​ပြန်​သည် ဟူ၍​လည်း​ကောင်း ဆို​ကြ​ပါ၏​ဟု လျှောက်​ကြ​သော်၊- သင်​တို့​လည်း ငါ့​ကို အ​ဘယ်​သူ​ဖြစ်​သည် ဆို​ကြ​သ​နည်း​ဟု မေး​မြန်း​တော်​မူ​လျှင်၊ ပေ​တ​ရု​က၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏ ခ​ရစ်​တော်​ဖြစ်​တော်​မူ​သည်​ဟု လျှောက်​လေ၏။ ထို​အ​ကြောင်း​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​စိမ့်​သော​ငှာ တ​ပည့်​တော်​တို့​ကို ကြပ်​တည်း​စွာ ပ​ညတ်​တော်​မူ၏။- ထို​မှ​တစ်​ပါး၊ လူ​သား​သည် များ​စွာ​ခံ​ရ​မည်။ လူ​အ​ကြီး​အ​ကဲ၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့၏ ငြင်း​ပယ်​ခြင်း​ကို​လည်း​ကောင်း၊ အ​သေ​သတ်​ခြင်း​ကို​လည်း​ကောင်း ခံ​ရ​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟူ​သော အ​ကြောင်း​များ​တို့​ကို မိန့်​တော်​မူ၏။

ရှင်လုကာ 9:18-22 Common Language Bible (BCL)

အ​ခါ​တစ်​ပါး​၌​ကိုယ်​တော်​သည်​တစ်​ကိုယ်​တည်း ဆု​တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ​တော်​မူ​သော​အ​ခါ တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​၏​ထံ​တော်​သို့​လာ ကြ​၏။ ကိုယ်​တော်​က ``လူ​တို့​သည်​ငါ့​ကို​အ​ဘယ် သူ​ဟု​ဆို​ကြ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ တ​ပည့်​တော်​တို့​က ``ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ဟု အ​ချို့​ဆို​ကြ​ပါ​သည်။ အ​ချို့​က​ဧ​လိ​ယ​ဟူ​၍ လည်း​ကောင်း၊ အ​ချို့​က​မူ​ပြန်​လည်​အ​သက်​ရှင်​လာ သော​ရှေး​ပ​ရော​ဖက်​တစ်​ပါး​ဟူ​၍​လည်း​ကောင်း ပြော​ဆို​ကြ​ပါ​သည်'' ဟု​လျှောက်​ထား​ကြ​၏။ ထို​အ​ခါ​ကိုယ်​တော်​က ``သင်​တို့​က​မူ​ငါ့​ကို အ​ဘယ်​သူ​ဟု​ဆို​ကြ​သ​နည်း'' ဟု​မေး​တော် မူ​၏။ ပေ​တ​ရု​က ``အ​ရှင်​သည်​ဘု​ရား​သ​ခင်​စေ​လွှတ် တော်​မူ​သည့်​မေ​ရှိ​ယ​ဖြစ်​ပါ​သည်'' ဟု​ဖြေ​ဆို လျှောက်​ထား​၏။ ကိုယ်​တော်​က ``ဤ​အ​ကြောင်း​ကို​မည်​သူ​မျှ မ​သိ​စေ​နှင့်'' ဟု​ကြပ်​တည်း​စွာ​ပ​ညတ်​တော် မူ​၏။- ထို​နောက်​ဆက်​လက်​၍ ``လူ​သား​သည်​ဝေ​ဒ​နာ​များ စွာ​ခံ​တော်​မူ​ရ​မည်။ ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ၊ ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ များ​သည်​သူ့​ကို​ပစ်​ပယ်​ကြ​လိမ့်​မည်။ လူ​သား သည်​အ​သေ​ခံ​ရ​မည်။ သုံး​ရက်​မြောက်​သော​နေ့ ၌​ရှင်​ပြန်​ထ​မြောက်​လိမ့်​မည်'' ဟု​တ​ပည့်​တော် တို့​အား​မိန့်​တော်​မူ​၏။

ရှင်လုကာ 9:18-22 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တစ်နေ့သ၌ ကိုယ်တော်​သည် တစ်ပါးတည်း​ဆုတောင်း​လျက်​နေ​တော်မူ​စဉ် တပည့်​တော်​တို့​သည် ကိုယ်တော်​နှင့်အတူ​ရှိ​ကြ​၏။ ထိုအခါ ကိုယ်တော်​က“လူထု​ပရိသတ်​တို့​သည် ငါ့​ကို မည်သူ​ဖြစ်​သည်​ဟု​ဆို​ကြ​သနည်း”​ဟူ၍ သူ​တို့​အား မေး​တော်မူ​၏။ သူ​တို့​က​လည်း “ဗတ္တိဇံ​ဆရာ​ယောဟန်​ဟု ဆို​ကြ​ပါ​သည်။ သို့သော် အချို့​တို့​က ဧလိယ​ဟု ဆိုကြ​၍ အချို့​တို့​က​လည်း ရှေး​ပရောဖက်​တစ်ပါးပါး​ထမြောက်​လာ​သည်​ဟု ဆို​ကြ​ပါ​သည်”​ဟူ၍ ပြန်လျှောက်​ကြ​၏။ ယေရှု​က​လည်း“သင်​တို့​မူကား ငါ့​ကို မည်သူ​ဖြစ်​သည်​ဟု​ဆို​ကြ​သနည်း”​ဟူ၍ မေး​တော်မူ​လျှင် ပေတရု​က “ဘုရားသခင်​၏​ခရစ်တော်​ဖြစ်​ပါ​သည်”​ဟု ပြန်လျှောက်​လေ​၏။ ထိုအခါ ကိုယ်တော်​သည် သူ​တို့​အား သတိပေး​လျက် ဤ​အကြောင်း​ကို မည်သူ့​ကို​မျှ​မ​ပြော​ရန် အမိန့်​ပေး​တော်မူ​ပြီးလျှင် “လူ့သား​သည် ဒုက္ခ​ဝေဒနာ​များစွာ​ခံစား​ရ​လျက် သက်ကြီးဝါကြီး​များ၊ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ကျမ်းပြု​ဆရာ​များ​၏​ငြင်းပယ်​ခြင်း​ကို​ခံရ​၍ အသေ​သတ်​ခြင်း​ခံရ​ပြီး သုံး​ရက်​မြောက်​သော​နေ့​၌ ထမြောက်​ရ​မည်​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။