YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 8:22-25

ရှင်လုကာ 8:22-25 Judson Bible (JBMLE)

တစ်​နေ့​သ၌ ယေ​ရှု​သည် တ​ပည့်​တော်​တို့​နှင့်​အ​တူ လှေ​ထဲ​သို့​ဝင်၍၊ အိုင်​တစ်​ဖက်​သို့ ကူး​ကြ​ကုန်​အံ့​ဟု မိန့်​တော်​မူ​ပြီး​လျှင် လွှင့်​သွား​ကြ၏။- အိုင်​ကို​ကူး​သော​အ​ခါ ယေ​ရှု​သည် ကျိန်း​စက်​တော်​မူ၏။ အိုင်၌​မိုး​သက်​မုန်​တိုင်း​ဖြစ်၍၊ လှေ​သည် ရေ​နှင့် ပြည့်​သော​ကြောင့် ဘေး​ရောက်​လု၏။- တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍ ကိုယ်​တော်​ကို​နှိုး​ပြီး​လျှင်၊ သ​ခင်၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​ပါ၏​ဟု လျှောက်​ကြ​သော်၊ ကိုယ်​တော်​သည် ထ၍ လေ​နှင့် လှိုင်း​တံ​ပိုး​ကို ဆုံး​မ​တော်​မူ​သ​ဖြင့်၊ လေ​နှင့် လှိုင်း​တံ​ပိုး​သည် ငြိမ်း၍​သာ​ယာ​လေ၏။- ကိုယ်​တော်​က​လည်း၊ သင်​တို့ ယုံ​ကြည်​ခြင်း​စိတ်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ သူ​တို့​သည် ကြောက်​ရွံ့​အံ့​ဩ၍၊ ဤ​သူ​ကား အ​ဘယ်​သို့​သော​သူ​နည်း။ လေ​နှင့် ရေ​ကို​ပင် မှာ​ထား​တော်​မူ၍၊ သူ​တို့​သည် နား​ထောင်​ပါ​သည်​တ​ကား​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ၏။

ရှင်လုကာ 8:22-25 Common Language Bible (BCL)

တစ်​နေ့​သ​၌​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် လှေ​ပေါ်​ကို​တက်​ကြ​၏။ ထို​နောက်​ကိုယ်​တော်​က ``အိုင် တစ်​ဖက်​ကို​ကူး​ကြ​ကုန်​အံ့'' ဟု​မိန့်​တော်​မူ​သ​ဖြင့် တ​ပည့်​တော်​တို့​သည်​ရွက်​လွှင့်​ကြ​၏။- သို့​ရွက်​လွှင့်​ကြ​စဉ်​ကိုယ်​တော်​သည်​အိပ်​စက်​လျက် နေ​တော်​မူ​၏။ ထို​အ​ချိန်​၌​အိုင်​တွင်​လေ​မုန်​တိုင်း ကျ​သ​ဖြင့်​လှေ​သည်​ရေ​နှင့်​ပြည့်​လု​မ​တတ်​ရှိ လေ​၏။ တ​ပည့်​တော်​တို့​သည်​ရေ​နစ်​မည့်​ဘေး​နှင့် တွေ့​ကြုံ​ရ​ကြ​၏။- သူ​တို့​သည်​ကိုယ်​တော်​ကို​နှိုး​ပြီး​လျှင် ``အ​ရှင်၊ အ​ရှင်၊ အ​ကျွန်ုပ်​တို့​သေ​ကြ​ပါ​တော့​မည်'' ဟု ဆို​ကြ​၏။ ကိုယ်​တော်​သည်​အိပ်​စက်​ရာ​က​ထ​တော်​မူ​၍ လေ​နှင့်​လှိုင်း​များ​ကို​ဟန့်​တား​တော်​မူ​သ​ဖြင့် လေ​နှင့်​လှိုင်း​များ​သည်​ငြိမ်​သက်​သွား​လေ​၏။- ကိုယ်​တော်​က ``သင်​တို့​သည်​ယုံ​ကြည်​ခြင်း မ​ရှိ​ကြ​သ​လော'' ဟု​တ​ပည့်​တော်​တို့​အား မေး​တော်​မူ​၏။ တ​ပည့်​တော်​တို့​သည်​ကြောက်​ရွံ့​အံ့​သြ​လျက် ``ဤ သူ​ကား​အ​ဘယ်​သူ​နည်း။ လေ​နှင့်​လှိုင်း​များ​ကို ပင်​အ​မိန့်​ပေး​၍​သူ​တို့​သည်​လိုက်​နာ​ကြ​ပါ သည်​တ​ကား'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

ရှင်လုကာ 8:22-25 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တစ်​နေ့​သ၌ ကိုယ်တော်​သည် တပည့်​တော်​တို့​နှင့်အတူ လှေ​ပေါ်သို့​တက်​ပြီးလျှင်“အိုင်​တစ်ဖက်ကမ်း​သို့​ကူး​ကြ​စို့”​ဟု မိန့်​တော်မူ​သဖြင့် သူ​တို့​သည် ရွက်လွှင့်​သွား​ကြ​၏။ သူ​တို့​ရွက်လွှင့်​နေ​စဉ် ကိုယ်တော်​သည် အိပ်စက်​တော်မူ​၏။ ထိုအခါ အိုင်​ပေါ်တွင် လေ​မုန်တိုင်း​ကျ​လာ​သဖြင့် လှေ​သည် ရေ​နှင့်​ပြည့်​လုနီးပါး​ဖြစ်၍ သူ​တို့​သည် အန္တရာယ်​နှင့်​ရင်ဆိုင်​ကြ​ရ​၏။ တပည့်​တော်​တို့​သည်​ချဉ်းကပ်​၍ ကိုယ်တော်​ကို​နှိုး​လျက် “သခင်၊ သခင်၊ အကျွန်ုပ်​တို့​သေ​ရ​ပါ​တော့မည်”​ဟု လျှောက်​ကြ​၏။ ကိုယ်တော်​သည်​ထ​၍ လေ​နှင့်​လှိုင်းတံပိုး​တို့​ကို​ဆုံးမ​တော်မူ​ရာ ၎င်း​တို့​သည်​ရပ်တန့်​ကြ​ပြီး ငြိမ်သက်​သာယာ​သွား​လေ​၏။ ထို့နောက် ကိုယ်တော်​က“သင်​တို့​၏​ယုံကြည်​ခြင်း​အဘယ်မှာ​ရှိ​သနည်း”​ဟု မေး​တော်မူ​၏။ တပည့်​တော်​တို့​သည်​ကြောက်ရွံ့​အံ့သြ​လျက် “ဤ​သူ​ကား မည်သူ​ဖြစ်​သနည်း။ လေ​နှင့်​ရေ​တို့​ကို​ပင် အမိန့်​ပေး​သောအခါ ၎င်း​တို့​သည် သူ့​ကို​နာခံ​ကြ​ပါ​သည်​တကား”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။